
ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်က အသုံးအများဆုံး ဘာသာစကား ၉ မျိုးအကြောင်းကို ဗဟုသုတ အဖြစ်မျှဝေလိုက်ပါတယ်။
၉။ Japanese (ဂျပန်ဘာသာစကား)
ဂျပန်ဘာသာစကားကို ကမ္ဘာပေါ်မှာ လူပေါင်း၁၂၈သန်းခန့် ပြောဆိုကြနေကြပါတယ်။ ဂျပန်နိုင်ငံနဲ့ အိုကီနာဝါကျွန်းစုနေသူများပြောတဲ့စကားဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ရုံးသုံးဘာသာစကားလည်းဖြစ်ပါတယ်။ မူလရင်းမြစ် အော်တာအစ်ဘာသာစကားဖြစ်ပြီး အစောဆုံးဂျပန်စကားလုံးများကို ၃ရာစုဝန်းကျင်က တရုတ်မှတ်တမ်းများမှာ တွေ့ရှိခဲ့ရပါတယ်။
ဂျပန်ဘာသာနဲ့ သမိုင်းမှတ်တမ်းတွေကိုတော့ ၅ရာစု ၆ရာစုဝန်းကျင်မှ စရေးခဲ့တယ်လို့ ဆိုပါတယ်။ ဂျပန်အခေါ် နိဟွန်း(တခါတရံ နိပွန်)သည် ဂျပန်နိုင်ငံဖြစ်ပြီး ဂျပန်ဘာသာစကားကို နိဟွန်ဂေါ့ လို့ခေါ်ပါတယ်။
၈။ Russia (ရုရှားဘာသာစကား)
ကမ္ဘာပေါ်မှာ လူပေါင်း ၁၅၄ သန်းထက်မနည်း ရုရှားစကားကိုပြောဆိုကြပြီး ရုရှား နိုင်ငံရဲ့ရုံးသုံးစကားဖြစ်ပါတယ်။
ရုရှားစကားကိုရုရှားနိုင်ငံတွင်သာမက ဘီလာရုစ်၊ ယူကရိန်း၊ ကာဂျစ်စတန် နဲ့ကာဇက်စတန်တို့မှာ လည်းကျယ်ပြန့်စွာပြောဆိုကြပါတယ်။
ရုရှားစာ အက္ခရာတွေကို Cyrillicလို့ခေါ်ဆိုကြောင်း မှတ်သားရပါတယ်။ ရုရှားဘာသာစကားဟာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ရဲ့တရားဝင်ရုံးသုံးဘာသာစကား ၆ မျိုးထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။
၇။ Portuguese (ပေါ်တူဂီဘာသာစကား)
ပေါ်တူဂီဘာသာစကားကို ကမ္ဘာ့ပေါ်မှာ လူသန်းပေါင်း ၂၂၁ သန်းကျော်က ပြောဆိုနေကြပြီး သန်း ၁၅၀ ကျော်သော လူတွေဟာ ဘရာဇီးလူမျိုး ပေါ်တူဂီတွေ ဖြစ်ပါတယ်။ ပေါ်တူဂီဘာသာစကားကို ပေါ်တူဂီ ၊ ဘရာဇီး ၊ အန်ဂိုလာ ၊ အရှေ့တီမော၊ ဂီနီယာဘစ်ဆု၊ မိုဇမ်ဘစ် အပါအဝင် နိုင်ငံအချို့မှာ အစိုးရ ရုံးသုံးဘာသာစကား အဖြစ် သတ်မှတ်ထားပါတယ်။
ပေါ်တူဂီဘာသာစကားဟာ လက်တင်ဘာသာစကားကနေ ဆင်းသက်လာတဲ့ ဘာသာစကား အများအပြားထဲမှ တစ်ခုဖြစ်ပါတယ်။
၆။ Bengali ( ဘင်္ဂလီဘာသာစကား)
ကမ္ဘာပေါ်မှာ ဘင်္ဂလီ စကားပြောဆိုသူပေါင်း ၂၂၈ သန်းခန့်ရှိပါတယ်။ ဘင်္ဂလီဘာသာစကားဟာ ဘင်္ဂလာေ့ဒရှ့်ရဲ့အဓိကဘာသာစကားဖြစ်ပြီး အိန္ဒိယနိုင်ငံမှာလည်း ဒုတိယ အသုံးအများဆုံး ဘာသာစကားဖြစ်ပါတယ်။ အိန္ဒိယရဲ့ အရှေ့ပိုင်းပြည်နယ်တွေဖြစ်တဲ့ အနောက်ဘန်ဂေါ၊ ထရိုပူရ၊ အာသံပြည်နယ် တို့မှာပိုမိုအသုံးပြုကြပါတယ်.။
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် တို့ရဲ့ အစိုးရရုံးသုံးဘာသာစကားအဖြစ်သတ်မှတ်ထားပါတယ်။ အင်ဒို- အာရီယန် ဘာသာစကား ကနေ ဆင်းသက်လာတဲ့ ဘာသာစဖြစ်ပြီး အမေရိကန်၊ ဆော်ဒီ အာရေးဗျ နဲ့ချို့နိုင်ငံတွေမှာလည်း အသုံးပြုသူအများအပြားရှိနေပါတယ်။
၅ ။ Arabic (အာရေဗျဘာသာစကား)
အာရေဗျဘာသာစကားကိုတော့ တစ်ကမ္ဘာလုံးမှာရှိတဲ ့် လူဦးရေရဲ့ ၃၁၉ သန်းကျော်က ပြောဆို သုံးစွဲကြပါတယ်။ အာရဗီဘာသာစကားကို အဓိကပြောဆို သုံးစွဲတဲ့ဒေသတွေကတော့ အာရှ အရှေ့အလယ်ပိုငးနဲ့အာဖရိက မြောက် ပိုင်းဒေသတွေ ဖြစပါတယ ်။ အာရဗီစကားဟာ နိုင်ငံပေါင်း ၂၆နိုင်ငံကျော်ရဲ့ရုံးသုံးဘာသာစကားလည်း ဖြစ်ပါတယ်။
၄ ။ Hindi/Urdu (ဟင်ဒီဘာသာစကား)
ဟင်ဒီ-အူရဒီဘာသာစကားဟာ အိန္ဒိယနိုင်ငံရဲ့ ဘာသာစကားတစ်မျိုးဖြစ်သလို ကမ္ဘာပေါ်မှာ လူပေါင် း ၃၄၁သန ် းထက်မနည်း ပြောဆိုနေကြတဲ့ ဘာသာစကားဖြစပါတယ ်။ ဘင်္ဂါလီစကားနဲ့ ခပ်ဆင်ဆင်တူတဲ့အင်ဒို-အာရီယ် ဘာသာစကားအမျ ိုးအစားမျ ားစွာကို ပေါင်းစ် ဖြစ် ပေါ်လာတာပဲ ဖြစ် ပါတယ်။ Hindi နှင့် Urdu ဆိုပြီး နှစမ်ျ ိုးရှိပြီး နှစ်မ်ျ ိုးစလုံးဟာ ရေးသားပုံချငးကတော့် ကွာခြားပါတယ်။
ဟင်ဒီ နဲ့အူရဒူစကားတို့ဟာ အလွန်ဆင်တူယိုးမှားဖြစ် တဲ့အပြင် ခွဲခြားဖို့ခက်ပါတယ်။ အိန္ဒိယမှာတော့ ဟငဒီဘာသာစကားကို အဓိကပြောပြီး ပါကစ္စတန်မှာတော့် အူရဒူကို အဓိကပြောလေ့ရှိပါတယ်။
၃။ English (အင်္ဂလိပ်ဘာသာစကား)
ကမ္ဘာပေါ်မှာ လူသိအမျ ားဆုံးဘာသာစကားဖြစတဲ့အင်္ဂလိပ်ဘာသာစကားကတော့ အမျ ားဆုံးသုံးစွဲမှုမှာတော့ တတိယအဆငမှာပဲ ရှိပါတယ်။
အင်္ဂလိပ်စကားကို ကမ္ဘာပေါ်မှာ လူပေါင် း ၃၇၉သန် းပြောဆိုကြပါတယ်။ ဗြိတိန်အား ပထမဆုံးကျ ုးကျေ ာ်သိမ်းပိုက်သူမျ ားမှာ အင်ဂဲလ်စ ၊ဂ ျ ု့စ် နှင့် ဆက်ဆွန်စသောလူမျိုးစု သုံးစုရဲ့ ကိုယ်ပိုင်ဘာသာစကားမျ ား ရောနှောပေါင်းစပ် သွားရာမှ အင် ဂလိုဆက်ဆွန်ဘာသာစကား ပေါ်ထွက် ်လာပါတယ်။ ၎င်းအင်ဂလိုဆက်ဆွန်ဘာသာစကားသည် ရှေးခေတ် အင်္ဂလိပ်ဘာသာ စကား ဖြစ် ပါတယ်။
အင်္ဂလိပ်စကားကို ရုံးသုံးစကားအဖြစ်သက်မှတ်ပြောဆိုကြတဲ့ နိုင်ငံပေါင ် း ၅၃နိုင်ငံခန့် ရှိပါတယ်။
၂ ။ Spanish(စပိန်ဘာသာစကား)
စပိန်စကားကတော့ကမ္ဘာပေါ်မှာ လူပေါင်း၄၆၀သန် းပြောဆိုကြတဲ့ စကားဖြစ်ပြီး ကမ္ဘာပေါ်မှာ ဒုတိယလူပြောအများဆုံးဘာသာစကားဖြစ်ပါတယ ်။
စပိန်ရဲ့အဓိကဘာသာစကားဖြစ်တဲ့ စပိန်စကားကို ဥရောပ နဲ့ အမေရိက နေရာအနှံ့မှာပြောဆိုနေကြပါတယ်။ လက်တင်အမေရိက နိုင် ငံအားလုံးနီးပါးဟာ စပိန် စကားကို ပြောဆိုကြပါတယ်။ စပိန်စကားကို ရုံးသုံး ဘာသာစကားအဖြစ် သက်မှတ်ပြောဆိုကြတဲ့ နိုင်ငံပေါင် း ၂၀ကျော်ရှိပါတယ်။
၁ ။ Mandarin(မန်ဒရင်း – တရုတ်ဘာသာစကား)
ကမ္ဘာပေါ်မှာ နံပါတ် ၁ သုံးစွဲသူအမျ ားဆုံး ဘာသာစကားကတော့ မနးဒရင်ဘာသာစကားဖြစ်ပါတယ ်။
တရုတ်ဘာသာစကားသုံးစွဲသူစုစုပေါင်းကတော့၁.၃ဘီလျ ံခန့်ရှိနေပြီး အဲဒီထဲကမှ မန်ဒရင်းဘာသာစကားကို လူပေါင် း ၉၁၈သနးခန့်က ပြောဆိုသုံးစွဲလှ ျ က်ရှိပါတယ်။ မန်ဒရင်းလို့ ဆိုလိုက်ရင် တရုတ်ဘာသာစကားလို့ အမျ ားစု သိကြပေမယ့် တကယ်တော့ မန်ဒရင် းဟာ တရုတ်ဘာသာစကားတွေအမျ ားကြီးထဲက လူသုံးအများဆုံးတစ်ခုသာဖြစ် ပါတယ်။
မန်ဒရင်းဘာသာစကားကို တရုတ် ၊ ထိုင်ဝမ် နဲ့ စင်ကာပူတို့မှာ တရားဝင် ရုံးသုံးဘာသာစကားအဖြစ် ပြဌာန် း ထားပါတယ်။
sayar.com.mm
Credit : Thutazone