မြဝတီမြို့၌ ထိုင်းထီဈေးကွက် ကျယ်ပြန့်လျက်ရှိ
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့၌ မြန်မာအောင်ဘာလေထီနှင့်အတူ ထိုင်း ထီရောင်းချသည့် ဈေးကွက်လည်း ကျယ်ပြန့်လျက် ရှိသည်။
''ထိုင်းထီက မြန်မာထီလိုရှေ့မှာ အက္ခရာမပါဘဲ ဂဏန်းခြောက်လုံးပဲ ပါတယ်။ ထိုင်းထီကလဆန်း ၁ ရက်နဲ့ လကုန်ရက်ဆိုပြီး တစ်လမှာတရားဝင် နှစ်ကြိမ်ထွက်ပါတယ်။ ထိုင်းထီအမြင့် ဆုံးဆုက ဘတ်သိန်း ၆ဝ ပေါ့။ ဒါပေမဲ့ ဘတ်သိန်း ၆ဝ ဆုက စုစုပေါင်းဆု ၁ဝဝ ရှိတယ်။ ပေါက်တဲ့သူက တစ်စောင်တည်းထိုးလို့ ပေါက်နိုင်သလို နှစ်စောင်၊ ၅ စောင်တွဲ၊ ၁ဝ စောင်တွဲလည်းပေါက် နိုင်တယ်။ ဒုတိယအမြင့်ဆုံးဆုက ဘတ် ၂ဝဝဝဝဝ ဆုပါ။ သူလည်း စုစုပေါင်း အစောင် ၁ဝဝ ရှိတယ်။ တတိယကတော့ ဘတ် ၈ဝဝဝဝပေါ့။ နောက်ပြီးထိုင်း ထီဘတ်သိန်း ၆ဝ ပေါက်ဂဏန်းမှာ ရှေ့ သုံးလုံးတူရင် ဘတ် ၄ဝဝဝ ဆုရသလို နောက်သုံးလုံးတူရင်လည်း ဘတ် ၄ဝဝဝ ရတယ်။ ပြီးတော့အပေါ်တိုက်၊ အောက် တိုက်ဆု(ပေါက်ဂဏန်းရဲ့အပေါ်တစ် စောင် အောက်တစ်စောင်ပေါ့။ သူက ဘတ် ၁ဝဝ,ဝဝဝ ရပါတယ်။ နောက်ပြီး နှစ်လုံးတိုက်ဆိုပြီး ဘတ် ၂ဝဝဝ ဆုလည်း ပါတယ်။ ဆုတွေကတော့ အများကြီးပေါ့။ ဒါကြောင့်ထိုင်းထီထိုးကြသူတွေဟာ မြဝတီမြို့မှာ တင်မကတော့ဘဲ မော်လ မြိုင်၊ ဘားအံမြို့တွေအထိ မှာယူနေ သူတွေရှိနေပါတယ်''ဟု မြဝတီ မြို့ပေါ်မှ ထီဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
ထိုင်းထီအမြင့်ဆုံး တစ်စောင်ချင်း ဆုများကို မြန်မာနိုင်ငံမှ MoU ဖြင့်အ လုပ်လုပ်နေကြသည့် မြန်မာအလုပ် သမားလေးဦးအထိ ဆွတ်ခူးရရှိထား ကြောင်း သိရပြီး ထိုင်းထီပေါက်ပါက AAC အလုပ်သမားအရေးဆောင်ရွက် ပေးနေသည့် ကိုရဲမင်းနှင့်အဖွဲ့က ထိုင်း ဘဏ်များမှတစ်ဆင့် ထုတ်ပေးနေ ကြောင်းလည်း သိရသည်။ ထိုင်းထီမှာ တရားဝင်ရောင်းချခွင့်ပြုထားခြင်း မရှိ သော်လည်း ထိုင်းနယ်စပ်တွင် တစ်စောင် လျှင် ဘတ် ၈ဝ မြန်မာ ငွေကျပ် ၄,ဝဝဝ ခန့်ဖြစ်ကြောင်း သိရသည်။