ထင်ရှားကျော်ကြားတဲ့ တာယာကုမ္ပဏီများ အကြောင်း
automobiledirectory.com.mm
|
2020-08-26

ယာဉ်အန္တရာယ်ကင်းရှင်းရေးသည် သင်အသုံးပြုနေသော တာယာအရည်အသွေး အပေါ် ၌လည်း အဓိကမူတည်သည်။

တာယာကုမ္ပဏီ အမြောက်အမြားရှိပြီး ထိပ်တန်းတာယာထုတ်လုပ်သူ များသည် အထူးသဖြင့် အန္တရာယ်ရှိသော အခြေအနေများနှင့် ကြုံသောအခါတွင် အရည်အသွေးကို တစ်လျှောက်လုံးထိန်းသိမ်းနိုင်အောင် စီမံပေးထားသည်။ သင်၏ ကားကို ကြမ်းတမ်းသော လမ်းအနေအထားသို့မဟုတ် ရာသီဥတုဆိုးရွာနေချိန် မောင်းနှင်ခြင်းသည် စိန်ခေါ်ချက်ဖြစ်နိုင်ပြီး၊ တာယာများ အရည်အသွေး မလုံလောက်ပါက တာယာကွဲထွက်သွားနိုင်သည်။

အကယ်၍ သင်သည် အကောင်းဆုံးတာယာကုမ္ပဏီများ သိရှိရန် ကြိုးစားနေပါက အဆင်ပြေစေရန် ထင်ရှားသောတာယာထုတ်လုပ်သူအချို့ကို တင်ပြပေးလိုပါသည်။ အကောင်းဆုံး ကားတာယာများ ထုတ်လုပ်ရောင်းချသော တာယာကုမ္ပဏီကြီးများစွာ ရှိသော်လည်း အချို့သောသူများသည် အရည်အသွေးနိမ့်၊ ထိခိုက်ပျက်စီးလွယ်သောတာယာများဖြင့် အမြတ်ရရန်ကြိုးစားနေကြသည်။ ထို့ကြောင့်တာယာများကို ဝယ်ယူသောအခါ ဂုဏ်သိက္ခာရှိသည့်ကုမ္ပဏီတစ်ခုမှ ဝယ်ယူသင့်ပါသည်။ နာမည်ကောင်းရထားသည် တာယာကုမ္ပဏီများထဲမှ အချို့တို့ကို လက်လှမ်းမီသရွေ့ တင်ပြထားပါသည်။



၁။ Michelin



Michelin သည်ကျော်ကြားသောပြင်သစ်တာယာအမှတ်တံဆိပ်ဖြစ်သည်။ ၎င်းကို Michelin ညီအစ်ကိုတို့က တည်ထောင်ခဲ့သည်။ ပြီးတော့ဒါဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးတာယာကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည် ။ Michelin တာယာများသည် အရည်အသွေးမြင့် ရော်ဘာနှင့် ပြူလုပ်ထားပါသည်။ ကားအပြင် မော်တော်ဆိုင်ကယ်များ၊ စကူတာများ အပါအဝင် တခြား သောယာဉ်များသည်လည်း Michelin တာယာများ ထုတ်လုပ်သည်။ Michelin တာယာများသည် သူတို့၏ ကြာရှည်ခံမှု၊ အရည်အသွေးနှင့်စွမ်းဆောင်ရည် များကြောင့်ကျော်ကြားလာခဲ့ပြီး အကောင်းဆုံးတာယာကုမ္ပဏီများထဲမှ တစ်ခုဖြစ်လာသည်။


၂။ Pirelli (ပီရယ်လ်လီ)

Pirelli သည်လည်း အကောင်းဆုံးတာယာကုမ္ပဏီများ စာရင်းတွင် ရပ်တည်နေပါသည်။ Pirelli ကို ၁၈၇၂ တွင် Giovanni Battista Pirelli က တည်ထောင်ခဲ့သည်။ Pirelli ၏ထုတ်ကုန်များသည် စူပါကားများအတွက် အဓိကထုတ်လုပ်နိုင်သော စွမ်းဆောင်ရည်ကြောင့်နာမည်ကောင်းရှိသည်။ ထို့အပြင် Pirelli တာယာများတွင်အလွန်ကောင်းမွန်သော အာမခံသက်တမ်းရှိသည်။



၃။ Cooper

Cooper သည် အမေရိကန်မှ တာယာကုမ္ပဏီတစ်ခုဖြစ်ပါသည်။ မော်တော်ကားနှင့်ထရပ်ကားများအတွက်အဓိကထုတ်လုပ်သော တာယာကုမ္ပဏီဖြစ်ပါသည်။ Cooper Tire နှင့် Rubber Company တို့တွင် အဆင့်မြင့်သောကုန်ပစ္စည်းအမှတ်တံဆိပ်များရှိပြီး ယနေ့ခေတ်တွင် ယာဉ်မောင်း များ၏လိုအပ်ချက်ကိုဖြည့်ဆည်းရန်အဓိကထုတ်လုပ်ထားပြီး အလွန်ကောင်းမွန်သော အရည်အသွေးဖြင့် ထုတ်လုပ်ထားပါသည်။ Cooper အမှတ်တံဆိပ်အပြင် Global Cooper ၊ Dick Cepek၊ စသည့်အခြားတာယာတံဆိပ်များကိုဒီဇိုင်း ပုံစံအမျိုးမျိုးဖြင့်ထုတ်လုပ်ထားပါသည်။


၄။ GOODYEAR



Goodyear သည် ၁၈၉၈ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အမေရိကန်တာယာများထုတ်လုပ်သည့် ကုမ္ပဏီများအကြား နာမည်ကြီးတာယာကုမ္မဏီတစ်ခု ဖြစ်သည်။ Goodyear သည်တာယာအမျိုးမျိုးရှိသောကြောင့် စက်ဘီးစီးရန် တာယာများ၊ လယ်ယာသုံးစက်ကိရိယာများ၊ အပေါ့စားကုန်တင်ကားများ၊ ကူးသန်းရောင်းဝယ်ရေး ထရပ်ကားများ၊ မော်တော်ကားများ၊ ပြိုင်ကားများ၊ မြေကြီးစက်ယန္တရားများ နှင့်လေယာဉ်ပျံများ အတွက် တာယာများ ကိုလည်း ထုတ်လုပ်ပါသည်။


၅။ Continental



Continental သည် ဂျာမန်နီနိုင်ငံမှ ထုတ်လုပ်သောထိပ်တန်းတာယာ ထုတ်လုပ်သည့်ကုမ္ပဏီဖြစ်သည်။ Continental သည် အရည်အသွေကောင်းသောတာယာဖြစ်သောကြောင့် လုံခြုံစိတ်ချမှု၊ သဘာဝပတ်ဝန်းကျင် ကိုက်ညီမှုတို့ကို အလေးထားပါသည်။ တာယာများအပြင် ကုမ္ပဏီသည် ယာဉ်သုံး အီလက်ထရွန်းနစ်ပစ္စည်းများ၊ မော်တော်ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ဘရိတ်စနစ်များနှင့်အခြားမော်တော်ယာဉ်အစိတ်အပိုင်းများကိုလည်း ထုတ်လုပ်သောကုမ္မဏီတစ်ခုဖြစ်သည်။




၆။ Dunlop

Dunlop ကိုတော့ ၁၈ ရာစုနှောင်းပိုင်းတွင် John Boyd Dunlop က တီထွင်ပြီး ကျော်ကြားသော တာယာအမှတ်တံဆိပ်တစ်ခုဖြစ်ပါသည်။ နှစ်ပေါင်း ၁၂၀ ကျော် ကြာအောင် ဆက်လက်တည်တံ့ကာ ထုတ်လုပ်နိုင်သောကြောင့် Dunlop ၏တီထွင်မှုများသည် ထူးခြားသောအောင်မြင်မှုနှင့်အတူနေရာတိုင်းလိုလိုတွင် ကားမောင်းသူနှင့်ကားအကြောင်း ဝါသနာပါသူတို့အတွက် စိတ်ဝင်စားဖွယ်တစ်ရပ်ဖြစ်သည်။ Dunlop သည် တာယာလုပ်ငန်းနယ်ပယ်တွင်နည်းပညာအသစ်များကိုတီထွင်ခြင်းနှင့်အသုံးချခြင်းများကြောင့် အောင်မြင်ကျော်ကြားကာ ထိပ်တန်းနေရာတွင် ရပ်တည်နေပါသည်။



၇။ BFGOODRICH

BFGoodrich တာယာသည် ကားပြိုင်ပွဲများတွင်အသုံးပြုလေ့ရှိသော တာယာတစ်မျိုးဖြစ်ပါသည်။ ပြီးတော့ BFGoodrichသည် အနောက်တိုင်းနိုင်ငံများ တွင်အောင်မြင်ကျော်ကြားသော တာယာထုတ်လုပ်ရေး ကုမ္မဏီတစ်ခုဖြစ်ပါသည်။




၈။ Bridgestone

Bridgestone တာယာသည် ဂျန်ပန်နည်းပညာကိုအခြေခံပြီးထုပ်လုပ်သော တာယာတစ်မျိုးဖြစ်သည်။ ဤတာယာကို ၁၉၃၁ တွင် Shojiro Ishibashi မှ တည်ထောင်ခဲ့ပြီး မော်တော်ကားနှင့်ထရပ်ကားအစိတ်အပိုင်းများကိုလည်းထုတ်လုပ်သောကုမ္မဏီတစ်ခုဖြစ်သည်။၂၀၀၅ ခုနှစ်တွင်ကုမ္ပဏီသည်နိုင်ငံပေါင်း ၂၄ နိုင်ငံတွင်ထုတ်လုပ်မှုစက်ရုံ ၁၄၁ ခုရှိခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ဤကုမ္ပဏီသည်ကမ္ဘာပေါ်တွင်ထိပ်တန်း တာယာအမှတ်တံဆိပ်များ စာရင်းအရ ထိပ်ဆုံးတွင် ရပ်တည်နေပါသည်။


၉။ YOKOHAMA

ယိုကိုဟာမာသည် ၁၉၁၇ ခုနှစ်တွင်တည်ထောင်ခဲ့သော ကျော်ကြားသော ဂျပန်တာယာအမှတ်တံဆိပ်ဖြစ်သည်။ ၂၀၁၅-၁၆ တွင် အောင်မြင်ကျော်ကြာပြီး ကမ္ဘာ့ချန်ပီယံနှင့် ဂျပန်နိုင်ငံ၏ Super Formula တရားဝင် စာရင်းသွင်းခဲ့သည်။




၁၀။ Hankook


Hankook သည် ၁၉၄၁ တွင် Chosun Tire ကုမ္ပဏီအဖြစ်တည်ထောင်ခဲ့ပြီး ကိုရီးယားတွင် အကောင်းဆုံးတာယာကုမ္ပဏီတစ်ခု ဖြစ်သည်။ Hankook တာယာကို အသုံးပြုနိုင်သောကားများမှာ ပြိုင်ကားများ၊ ခရီးသည်တင်ယာဉ်များ၊ ထရပ်ကားများနှင့် ဘတ်စ်ကားများ ၊ ကုန်ပစ္စည်းတင်ယာဉ်များ အစရှိသဖြင့် အသုံးပြုနိုင်ပါသည်။ နှစ်စဉ်ထုတ်လုပ်နိုင်သည့် အရေအတွက်သည် တာယာသန်း ၅၀ ဖြစ်ပြီး ဘက်ထရီလုပ်ငန်း၊ အလွိုင်းဘီးနှင့်ဘရိတ်များကိုလည်း ထုတ်လုပ်သည်။
Hankook တာယာများကို နိုင်ငံပေါင်း ၁၈၀ ကျော်တွင် ရောင်းချလျက် ရှိသည်။




By Myanmar Automobile Guide


Ref:

CarFromJapan

#တာယာ
#ကုမ္ပဏီ
#အမှတ်တံဆိပ်
#အရည်အသွေး
#ထိပ်တန်း

Some text some message..