
အရက်ကိုကြိုက်လို့ မသောက်ပါ ဆိုတဲ့လူကတော့ ခပ်ရှားရှားဖြစ်မှာပါ။ ပုံမှန်သောက်နေကျအရက်ထက် ဈေးအများကြီးကွာတဲ့ အရက်တွေကို သောက်ကြည့်ဖို့ ဆန္ဒရှိခဲ့ဖူးလား။ ကိုယ်သောက်ရမယ့်အရက်တွေက ဒီလောက်ဈေးတွေရှိမယ်ဆိုရင်တော့ မသောက်မိတာကမှ ပိုကောင်းမယ်လို့ စဉ်းစားမိမှာပါ။
ဒီအရက်တွေကို သောက်ရဖို့ တိုက်ခန်းတစ်ခန်းကို ရောင်းရင်တောင်မှ သောက်ရဖို့ မသေချာပါဘူး။ ရုပ်ရှင်တွေ သီချင်းတွေမှာဆိုရင်လည်း ဒီအရက်တွေကို တခမ်းတနားနဲ့ ရိုက်ပြကြတာ ဘာကြောင့်လဲဆိုတာ သဘောပေါက်လောက်မှာပါ။ ကဲ ပြောနေတာကြာမယ်..ကမ္ဘာ့ဈေးအကြီးဆုံး အရက်တွေကို ဖော်ပြပေးမှာမို့ အတူတူ အိပ်မက်မက်လိုက်ရအောင်နော်။
11. The Sapphire Revelation By Bombay - $200,000
လူတော်တော်များများသိကြတဲ့ Gin အရက်ဆိုရင်တော့ လန်ဒန်က နာမည်ကြီး Gin Company ဖြစ်တဲ့ Bombay ကို ပြောရမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် လူသိများတဲ့ ဒီ Gin ကို တစ်ဆင့်မြှင့်အောင် ဖန်တီးခဲ့ကြပါသေးတယ်။ ကျောက်မျက်ရတနာပုံစံ ပုလင်းနဲ့ ထုတ်လုပ်ထားပြီး Limited Edition နဲ့ရောင်းချတဲ့ Sapphire Revelation တွေပါ။ Gin တွေ သောက်လို့ကုန်သွားပြီးရင်လည်း ပုလင်းတွေကို ပြန်ပြီးရောင်းချလို့ ရနိုင်ပါသေးတယ်။
10. Dalmore 62 - $215,000
ဒီတစ်ခုကတော့ ပဟေဋိနည်းနည်းဆန်ပါတယ်။ နာမည်ဖြစ်လာပေါ်ကို သေချာမသိကြသလို ဈေးအရမ်းကြီးတဲ့ Single Malt ဖြစ်လာပုံကောပေါ့။ အလုံးရေ ၁၂ လုံးသာ ထုတ်လုပ်ထားတာဖြစ်ပြီး ဈေးကလည်း တော်တော်လေးများတယ်လို့ ပြောရမှာပါ။ စင်ကာပူလေဆိပ်မှာ ရောင်းတာတော့ တွေ့ဖူးကြတယ်လို့ ဆိုပါတယ်။
9. Armand de Brignac Midas - $265,000
Rapper တွေ၊ အားကစားသမားတွေကြောင့် နာမည်တော်တော်ကြီးသွားတဲ့ Champagne လို့ပြောလို့ရပါတယ်။ နှစ် သုံးဆယ် သက်တမ်းရှိပြီး ထူးခြားတဲ့ အရသာအတွက် အကောင်းဆုံး စပျစ်တွေကို အသုံးပြုထားတာဖြစ်ပါတယ်။ ရွှေရောင်သုတ်လိမ်းထားတဲ့ ပုလင်းတွေကြောင့်လည်း နာမည်ကြီးလာတယ်လို့ ဆိုလို့ရပါတယ်။
8. 1945 Romanee-Conti Wine - $558,000
Romanee Conti က ဝိုင်တွေစုတဲ့နေရာမှာ ဘုရင်ပါပဲ။ 1945 ကတော့ ရှေးအကျဆုံး Vintage Wine ဆုကိုရရှိထားတာဖြစ်ပြီး အလုံး ၆၀၀သာ ထုတ်လုပ်ထားခဲ့တာဖြစ်ပါတယ်။
7. Macallan 64 Year Old In Lalique - $625,000
Macallan က ကွာလတီကောင်းကောင်း Whiskey တွေထုတ်တဲ့နေရာမှာ နာမည်ကြီးပါတယ်။ ဒီတစ်ခုကိုထုတ်ဖို့အတွက်ကိုလည်း တော်တော်လေး အားစိုက်ထုတ်ခဲ့တယ်လို့ သိရပါတယ်။ ပုလင်း လေးလုံးသာထုတ်လုပ်ပြီး ပုလင်းတိုင်းကို လက်မှုပညာအသေးစိတ်နဲ့ ဖန်တီးထားတာဖြစ်ပါတယ်။ လက်လုပ် Crystal ကျောက်တွေနဲ့ ပုလင်းကို ပြုလုပ်ထားတာဖြစ်ပြီး အထဲက Whisky မပါပဲ ပုလင်းအခွံကြီးပဲ အလေးချိန်က ၂၅ ပေါင်ရှိပါတယ်။
6. Mendis Coconut Brandy - $1 Million
အုန်းရည်က ဘယ် Drink နဲ့ပဲစပ်ဖော် တော်တော်လေး လိုက်ဖက်တယ်လို့ ပြောရမှာပါ။ တော်တော်လေး လိုက်ဖက်တယ်လို့ ပြောရမှာပါ။ ဒါပေမယ့် အုန်းသီးနဲ့ လုပ်ထားတဲ့အရက်ကိုတော့ ဒေါ်လာ ၁သန်းပေးပြီး သောက်ဖို့တော့ စဉ်းစားမိမှာမဟုတ်ပါဘူး။ Mendis က အုန်းသီးတစ်မျိူးတည်းနဲ့သာ ဖော်စပ်ပြုလုပ်ထားတဲ့ ကမ္ဘာ့အကောင်းဆုံး Brandy တစ်မျိူးကို ထုတ်လုပ်လိုက်ပါတယ်။ ပုလင်းတိုင်းကို နံပါတ်စဉ်တပ်ထားပြီး Mendis Founder ဖြစ်တဲ့ W.M Mendis ရဲ့ Sign တစ်ခုစီ ပါဝင်တာဖြစ်ပါတယ်။
5. Diva Vodka - $1 Million
ဈေးအကြီးဆုံးစာရင်းထဲမှာ ပါသလို နည်းနည်းလည်း ဟိတ်ဟန်များတဲ့အရက်လို့ ပြောရမှာပါ။ ဒီ Vodka ကို ပုံမှန်ထက် ထူးခြားအောင် တန်ဖိုးကြီးတဲ့ Gem လေးနဲ့ Filter လုပ်ထားတာဖြစ်ပါတယ်။ အရက်ကိုလောင်းချလိုက်တဲ့အချိန်မှာ အလယ်က အလှဆင်ထားတဲ့ Swarovski Crystal က ဟိုရွေ့၊ ဒီရွေ့လေးဖြစ်နေမှာပါ။ ပုံမှန် Vodka နဲ့ မကွာခြားတဲ့ ဒီ ဒေါ်လာ ၁သန်းကို ဝယ်ရမှာက နည်းနည်းတော့ လက်တွန့်စရာပါ။ ဒါပေမယ့် ဝယ်နိုင်တဲ့သူတွေကတော့ ဝယ်ပေါ့..ဘယ်သူ့ကို ဂရုစိုက်ရမှာ။
4. Russo - Baltique Vodka - $1.35 Million
ဒီ Russia Vodka ကတော့ Luxury Automobile ဖြစ်တဲ့ Dartz က ထုတ်တာဖြစ်ပါတယ်။ ဘူပုံစံကို ရှေးခေတ် Luxury Automobile ပုံစံပြုလုပ်ထားပြီး ဘူးအဖုံးတွေကို ရွှေသားကွပ်ပြီး စိန်တွေ ထည့်ထားတာဖြစ်ပါတယ်။ ဒီ Vodka ကို မဝယ်နိုင်လို့ အားမငယ်ပါနဲ့။ Russian Billionaires တွေနဲ့ တော်ဝင်မိသားစုတွေကိုသာ Target ထားပြီးရောင်းချတာပါ။ ပုံစံကြည့်တာနဲ့ သိနိုင်တယ်နော်။
3. Henri IV Dudognon Heritage Cognac Grande Champagne - $2 Million
ဒီအရက်ကတော့ ပေးရတဲ့ဈေးနဲ့ တန်နိုင်ပါတယ်။ အရက်ရဲ့ သက်တမ်းက နှစ် ၁၀၀ရှိပြီဖြစ်ပြီး ပုလင်းကို ၂၄ ကာရက်ရွှေနဲ့ ကွပ်ထားတာပါ။ ။ ပုလင်းကို Platinum နဲ့ ပြုလုပ်ထားပြီး စိန်ပွင့်တွေအပြည့် အလှဆင်ထားတာပါ။ ခက်ခက်ခဲခဲတိုက်ရတဲ့ စစ်ပွဲကိုအနိုင်ရပြီးနောက် သောက်သင့်တဲ့ အရက်မျိုးလို့ မစဉ်းစားမိဘူးလား။
2. Tequila Ley .925 - $3.5 Million
ဒေါ်လာ ၃.၅ သန်းနဲ့ ကမ္ဘာ့ဈေးအကြီးဆုံးဒုတိယအရက် အဖြစ် Mexican Made Tequila လေးရှိနေပါတယ်။ အရသာပိုပြီးပေါ်လွင်စေဖို့ စိန်ပွင့်ပေါင်း ၆၄၀၀နဲ့ အလှဆင်ထားပေမယ့် ခုထက်ထိ မရောင်းရသေးတဲ့ ပုလင်းတွေ အများကြီး ရှိနေပါသေးတယ်။ ဘယ်သိနိုင်မလဲနော် ရောင်းမရတဲ့နောက်ဆုံး လျော့ဈေးနဲ့ သောက်ရရင်သောက်ရနိုင်တာပေါ့။
1. Billionaire Vodka - $3.7 Million
စာသားကိုက "Its good to be the king" ပါနော်။ ရုရှားက ကမ္ဘာ့ထိပ်တန်း Secret Recipe နဲ့ လက်လုပ် အရက်ဖြစ်ပါတယ်။ ဘူးကို စိန်ပွင့်ပေါင်း ၃ထောင်နဲ့ စီထားပြီး Swarovski Crystal နဲ့ အလှဆင်ထားတာဖြစ်ပါတယ်။ ဒီဇိုင်းကိုတော့ နာမည်ကြီး Luxury Designer Leon Verre က လုပ်ပေးထားပြီး ကမ္ဘာ့ဈေးအကြီးဆုံးအရက်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။