ကမ္ဘာ့အကောင်းဆုံး Sneaker အမှတ်တံဆိပ် (၄) မျိုး
mystylemyanmar.com
|
2020-09-11

Sneaker လို့ ပြောရင် လူငယ်ဆန်တယ် ပေါ့ပါးပြီး ခေတ်မီတဲ့ ဖိနပ်လို့ မြင်ကြမှာပါ။ ၁၈၉၂ ခုနှစ်က US Rubber Company ဟာ သက်တောင့်သက်သာ ရှိတဲ့ Sneaker တွေကို စတင်မိတ်ဆက်ခဲ့ပါတယ်။ ၁၉၁၇ ခုနှစ်မှာ Sneaker တွေ အကြီးအကျယ် ထုတ်လုပ်လာပြီး ၁၉၂၄ ခုနှစ် မှာ နိုင်ငံတကာ ဈေးကွက်ထဲ ပေါက်သွားခဲ့တာပါ။ အခုချိန်မှာ Sneaker အမှတ်တံဆိပ် အမျိုးမျိုး ထွက်ပေါ်လာခဲ့ပြီး ဖက်ရှင်တစ်ခုအနေနဲ့လည်း လူငယ်ထုအကြားမှာ လူကြိုက်များသထက် များလာပါတယ်။

Sneakers အမှတ်တံဆိပ် အမျိုးမျိုးထဲကမှ နာမည်အကြီးဆုံးနဲ့ ဝတ်ဆင်သူများအကြား ဩဇာအကြီးမားဆုံး Brands တွေ ရှိပါတယ်။ အခုပြောမှာကတော့ ဒီထဲက အကောင်းဆုံး Sneaker အမှတ်တံဆိပ် ၄ မျိုးအကြောင်းပဲ ဖြစ်ပါတယ်။

(၁) Nike




Photo : Luxe Luce

Nike ဟာ Sports စီးပွားရေးရေးလုပ်ငန်းတွေထဲမှာ တန်ဖိုးအကြီးဆုံး အမှတ်တံဆိပ်အဖြစ် ရပ်တည်လာခဲ့တာ ကြာပြီ ဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ Nike ဟာ မူလက Blue Ribbon Sports နာမည်နဲ့ တည်ထောင်ခဲ့တဲ့ လုပ်ငန်းဖြစ်ပါတယ်။ တည်ထောင်ခဲ့သူတွေကလည်း အော်ရီဂွန်တက္ကသိုလ်က တာဝေးပြေး ကစားသမား ဖီးလ်နိုက်နဲ့ သူ့နည်းပြဖြစ်သူ ဘီလ်ဘိုဝါမင်းတို့က တည်ထောင်ခဲ့တာပါ။

၂၀၁၈ ခုနှစ်က အမေရိကန်ရဲ့ အကြီးဆုံး ကော်ပိုရေးရှင်းတွေအကြောင်း ထုတ်ပြန်တဲ့ Fortune 500 List မှာ Nike ဟာ အဆင့် ၈၉ မှာ ရှိနေခဲ့ပါတယ်။ အဲဒီနှစ်က Nike ရဲ့ ဝင်ငွေဟာ ဒေါ်လာ ၃၆.၃၉ ဘီလျံအထိ ရှိခဲ့တာပါ။ ကမ္ဘာကျော် ဘတ်စကတ်ဘောသမား မိုက်ကယ်ဂျော်ဒန်နဲ့ စာချုပ်ချုပ်ပြီး ထုတ်ခဲ့တဲ့ Nike Air Jordans ဖိနပ်တွေဟာဆိုရင်လည်း ၁၉၈၄ ခုနှစ်က စပြီး နာမည်ကျော် လူကြိုက်များလာခဲ့တာ ဒီနေ့အထိပဲ ဖြစ်ပါတယ်။

(၂) Adidas




Photo : www.corumeo.org

Nike ပြီးရင် ကမ္ဘာ့ဒုတိယအကြီးဆုံး Sportswear ကုမ္ပဏီပါ။ ၂၀၁၈ ခုနှစ်မှာ Adidas ဝင်ငွေဟာ ယူရို ၂၁.၉၁၅ ဘီလျံ ရှိခဲ့ပါတယ်။ ဒီလောက် ကြီးမားတဲ့ ကုမ္ပဏီကို အက်ဒီဒက်ဆ်လာက သူ့အမေရဲ့အိမ်မှာ နေရင်း တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ Adidas ဆိုတာကလည်း သူ့နာမည် Adi Dassler ရဲ့ အစကနေ ယူထားတာပါ။

အမှတ်တရဖြစ်ရပ်က ၁၉၃၆ ခုနှစ် အိုလံပစ်ရွှေတံဆိပ် ၄ ဆုရှင် ကမ္ဘာကျော် အမေရိကန်အပြေးသမား ဂျက်ဆီအိုဝင်ဟာ Adidas ဖိနပ်စီးပြီး ပြိုင်ခဲ့တာပါ။ အက်ဒီရဲ့ ရူဒီကလည်း Puma နာမည်နဲ့ ကမ္ဘာကျော် Sports Shoe ကုမ္ပဏီ ထောင်ခဲ့ပါတယ်။

(၃) Converse




Photo : Converse


Sneaker တွေထဲမှာ သက်တမ်းအရင့်ဆုံး brand လို့ ပြောရင် မှားမှာ မဟုတ်ပါဘူး။ ၁၉၀၈ ခုနှစ်ဆိုတာ Sneaker တွေ စပြီး ပေါ်ခါစလို့ပဲ ပြောရမှာပါ။ အခုဆို Converse အမှတ်တံဆိပ်တွေပေါ်လာတာ နှစ် ၁၀၀ ကျော်လာပြီ ဖြစ်ပါတယ်။
ထူးခြားတာက ၁၉၁၇ က စလို့ ထွက်ခဲ့တဲ့ All Star ဖိနပ်တွေရဲ့ ၉၉.၉% က ဒီနေ့အထိ မပြောင်းလဲခဲ့သလို ယူကေနဲ့ အမေရိကန်တွေမှာလည်း အရောင်းသွက်ဆုံး Sneaker အမှတ်တံဆိပ်အဖြစ် ရှိနေခဲ့တာပါ။

အင်ဒီယန်းဘက်စကတ်ဘောကစားသမားနဲ့ အရောင်းသမား ချက်တေလာနဲ့ ပေါင်းပြီး ထုတ်ခဲ့တဲ့ Chuck Taylor All Stars နာမည်နဲ့ ထွက်တဲ့ ဘက်စကတ်ဘောကစားတဲ့ ဖိနပ်တွေဟာခေတ်အဆက်ဆက် ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့ပါတယ်။

(၄) Common Projects




Photo : Your Average Guy

အမေရိကန်-အီတလီကုမ္ပဏီထုတ် Common Projects ဖိနပ်တွေကို Luxury ဖိနပ်တွေလို့ လူသိများပါတယ်။ အမေရိကန် Art Director ပရာသန် ပူးပက်နဲ့ အီတလီရဲ့ ဖန်တီးမှုပိုင်း အတိုင်ပင်ခံ ဖလာဗီယို ဂျီယိုလာမီတို့က တည်ထောင်ခဲ့တာပါ။ ၂၀၀၄ ခုနှစ်က ထောင်ခဲ့တာ ဖြစ်ပြီး ပထမဆုံး မိတ်ဆက်ခဲ့တာက Achilles Low မော်ဒယ် ဖြစ်ပါတယ်။

ရိုးရှင်းသလောက် ဆန်းပြားသားနားတဲ့ Sneaker တွေဟာ အီတလီလယ်သာသားနဲ့ လုပ်ပြီး လက်ချုပ်ချုပ်ထားတာပါ။ ဒီဖိနပ်တွေဟာ ဒေါ်လာ ၄၀၀ ဈေးကနေ စတင်ရောင်းချနေတာ ဖြစ်လို့ တော်ရုံဝယ်စီးဖို့ မလွယ်ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။


The post

ကမ္ဘာ့အကောင်းဆုံး Sneaker အမှတ်တံဆိပ် (၄) မျိုး appeared first on

MyStyle Myanmar .


#အမှတ်တံဆိပ်
#ဖိနပ်
#Photo
#နာမည်
#ခုနှစ်

Some text some message..