ကမ္ဘာကျော်သူများအကြောင်း (၃)
ကွန်ဖြူးရှပ်
Confucius
မွေးဖွါး -ဘီစီ -၅၅၁ -ရှန်တုန်ပြည်နယ်
ကွယ်လွန် -ဘီစီ -၄၇၉
နိုင်ငံသား -တရုတ်နိုင်ငံ
အလုပ်အကိုင် - တွေးခေါ်ပညာရှင်
တရုတ်တွေးခေါ်ပညာရှင် ကွန်ဖြူးရှပ်(Confucius)(ဘီစီ ၅၅၁-၄၇၉)ကို ယနေ့တရုတ်နိုင်ငံ အရှေ့မြောက်ဖက်ရှိ ရှန်တုန်နယ်(Shantaung)ရှိ လု(Lu')နိုင်ငံငယ်လေးတွင် ဘီစီ-၅၅၁ခုက ဖွားမြင်သည်။
ငယ်စဉ်ကပင် ဖခင်ဆုံးပါးသဖြင့် မိခင်မုဆိုးမက ကျွေးမွေးစောင့်ရှောက်လာခဲ့သည်။ လူငယ်ဘဝက အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းခဲ့ဖူးပြီး ဝန်ထမ်းသက်အတော်ကြာမှ အလုပ်ထွက်ကာ အတွေးအမြင်များကို စတင်ဟောပြောပို့ချသည်။ နောက်ပါတပည့်များပြားလာပြီး အသက်ငါးဆယ်အရွယ်တွင် လုအစိုးရက ရာထူးကြီးပေးကာ တာဝန်ထမ်းဆောင်ရန်ကမ်းလှမ်းသောကြောင့် မင်းမှုထမ်းဖြစ်ပြန်သည်။
လေးနှစ်သာခံပြီး ကုန်းတိုက်သူတို့ကြောင့် ပြည်နှင်ဒဏ်ဖြင့် ၁၃ နှစ်တိုင်နေရရှာသည်။ ထို ၁၃ နှစ်တွင် တရုတ်ပြည် ပဒေသရာဇ်နိုင်ငံငယ်လေးများတွင် နယ်လှည့် ဟောပြောပို့ချသူအဖြစ် နေထိုင်ရှင်သန်ခဲ့သည်။ နာမည်ကျော်ဘဝဖြင့် ဇာတိသို့ပြန်ရောက်ပြီး ၅ နှစ်အကြာ(အသက် ၇၂နှစ်) တွင် ကွယ်လွန်သည်။ကွန်ဖြူးရှပ် ဆိုသည့်အခေါ်မှာ ကန်တုံ တရုတ်သံမှ ဖလှယ်ထားခြင်းဖြစ်ပြီး မန်ဒရင်းသံဖြင့်ဆိုလျှင် ခုန်ဖူဇီ(Koung Fu Zi)ဟုအနီးစပ်ဆုံး အသံဖလှယ်နိုင်သည်။
ခုန်/ကွန် မှာမျိုးရိုးနာမည် ဖြစ်ပြီး၊ ဖူ/ဖြူး နှင့် ဇီ/ရှပ် မှာ အသက်အရွယ်ကြီးရင့်သူ၊ ပညာကြွယ်ဝသူကို လေးစားသမှုဖြင့် ခေါ်ဝေါ်သည့် အသုံးအနှုံးဖြစ်သည်။ထို့ကြောင့် ခုန်ပညာရှိလူကြီးမင်း ဟုအဓိပ္ပါယ်ရသည်။
ကွန်ဖြူးရှပ်ကို အတွေးအခေါ်ပညာရှင်သာမက ဘာသာရေးရှေ့ဆောင်အဖြစ်လည်း သတ်မှတ်ကြသည်။ ကိုးရီးယားကျွန်းဆွယ်တွင် ဘာသာရေးအသွင်ဖြင့် ကိုးကွယ်သေးသည်။ တရုတ်လူမျိုးတို့အတွက်မူ ဘဝလမ်းပြဒဿန ဆရာကြီးအဖြစ် ကြည်ညိုပြီး ၎င်း၏လမ်းစဉ်များကို လိုက်နာကြပါသည်။
ကွန်ဖြူးရှပ်၏ အတွေးအခေါ်တို့မှာ အသစ်အဆန်း များများစားစား ပါလှသည်မဟုတ်ပေ။ အဟောင်းကိုသာ ကောင်းအောင်ပြင်ပြီး လူတို့မမေ့အပ်ကြောင်းကို အဓိကထားပြီး ဆိုဆုံးမခြင်းသာ ဖြစ်သည်။ သို့သော် ထိုဆုံးမစာများမှာ အစိုးရအုပ်ချုပ်ရေးကို ပဲ့ကိုင်သည့် လမ်းညွှန်ပြဌာန်းချက်လည်း ဖြစ်လာသည်။
တရုတ်နိုင်ငံမင်းဆက် အဆက်ဆက်၊ ခေတ်အဆက်ဆက်တွင် သုံးနှစ်တစ်ကြိမ်ကျ ဘုရင်က ကြီးမှုးကျင်းပသည့် နိုင်ငံလုံးဆိုင်ရာ ဘုရင့်စာမေးပွဲ တွင် ဖြေဆိုရန် ပြဌာန်းထားသည့် ကျမ်းမှာ ထိုကွန်ဖြူးရှပ်၏ ၄အုပ်၊၅ကျမ်း ခေါ်သည့် (စာအုပ်အားဖြင့် ၄အုပ်၊ ကျမ်းစာအားဖြင့် ၅ ကျမ်း) သာဖြစ်သဖြင့် တရုတ်တို့ အတွက် မရှိမဖြစ် ကျင့်ဝတ်ကျမ်း၊ အုပ်ချုပ်မှုရေးရာ စံကျမ်း၊လူမှုရေးကျမ်း များလည်းဖြစ်တော့သည်။ သမိုင်းတွင် ကွန်ဖြူးရှပ်ဝါဒီနှင့် ကွန်ဖြူးရှပ်ဂိုဏ်းသားများသည် တရုတ်နိုင်ငံကို ပထမဆုံးစုစည်း အုပ်ချုပ်သည့် ချင်မင်းဆက်(Ch'in)လက်ထက် ပထမဆုံးဧကရာဇ်ဘွဲ့ခံ ရှီဟွမ်တီ(ချင်ရှိဟွမ်)(Shih Huang Ti)လက်ထက် ဘီစီ-၂၂၁ခုတွင် ပြင်းထန်စွာနှိပ်ကွပ်မှုကို ခံခဲ့ရသည်။
၎င်း၏ကျမ်းစာများကို အဆိပ်အတောက်ဟု သတ်မှတ်ပြီး မီးပုံရှို့ရန် အမိန့်ပေးသည်သာမက ကျမ်းဆောင် အကျော်အမော်တို့ကိုပါ မြေမြုပ်သတ်ဖြတ်သဖြင့် ကွန်ဖြူးရှပ်ဝါဒီတို့ ကပ်ဘေးသင့်သည့် ကာလဟုဆိုနိုင်သည်။ သို့သော် ချင်မင်းဆက် အချိန်တိုအတွင်းပျက်သုဉ်းပြီး နောက်တက်သည့် ဟန်(Han)မင်းဆက် လက်ထက်တွင် အကြီးအကျယ်မြှောက်စားသဖြင့် ကွန်ဖြူးရှပ်ဝါဒီ တို့ပြန်လည် ခေါင်းမော့နိုင်တော့သည်။နောက်တစ်ကြိမ်အနေဖြင့် မော်စီတုန်းဦးဆောင်မှုဖြင့် တရုတ်နိုင်ငံတွင် ယဉ်ကျေးမှုတော်လှန်ရေး ကြီးဆင်နွှဲစဉ်တွင်လည်း တစ်ကြိမ် ပြန်လည်နှိပ်ကွပ်ခြင်း ခံခဲ့ရပြန်သည်။ ကွန်ဖြူးရှပ်အထိမ်းအမှတ် ရုပ်တုများကို ဖျက်ဆီးပစ်ခဲ့သည်။
သို့သော်လည်း သမိုင်းတစ်လျှောက် အခိုင်အမာနေရာယူပြီး ဖြစ်သည့် ကွန်ဖြူးရှပ်ဝါဒမှာ ပျက်စီးခြင်းသို့ မကျရောက်တော့ပေ။အထက်ပါ နှစ်ကြိမ်မှလွဲလျှင် တရုတ်ပြည်ကို အုပ်ချုပ်သည့် ကျန်မင်းဆက်များအားလုံးနီးပါးက ကွန်ဖြူးရှပ်ဒဿနကို နိုင်ငံတော် ဒဿနသဖွယ် လိုက်နာပြီး၊၎င်း၏ လမ်းညွှန်ဆုံးမမှုတို့ကို ထိန်းသိမ်းလိုက်နာပြီး အုပ်ချုပ်ရေးကို ဖေါ်ဆောင်သဖြင့် တရုတ်ပြည်သူတို့သည် ကမ္ဘာ့သမိုင်းတစ်လျှောက် အကောင်းဆုံးဟု ဆိုနိုင်သည့် အုပ်ချုပ်မှုစံနှုံးဖြင့်အုပ်ချုပ်ခြင်းကို ခံခဲ့ရသည်ဟု ဆိုနိုင်ပေသည်။
ကိုးကား
ကျော်စွာ(၁၀၀)-ဒေါက်တာသန်းထွန်
ကမ္ဘာကျော်သူများအကြောင်း (၃)
ကွန်ဖြူးရှပ်
Confucius
မွေးဖွါး -ဘီစီ -၅၅၁ -ရှန်တုန်ပြည်နယ်
ကွယ်လွန် -ဘီစီ -၄၇၉
နိုင်ငံသား -တရုတ်နိုင်ငံ
အလုပ်အကိုင်- တွေးခေါ်ပညာရှင်