ရိုက်ပြီးဆုံးမခြင်းက ကလေးရဲ့ စိတ်ကျန်းမာရေးကို ဘယ်လိုထိခိုက်စေသလဲ?
chitmaymay.com
|
2020-10-23



မိဘအများစုက ကလေးတွေကို ရိုက်နှက် အပြစ်ပေးပြီးရင် စိတ်မကောင်းတဲ့ ခံစားမှုကို ခံစားရပေမယ့် တစ်ချို့တွေက ဒီလိုရိုက်နှက်ဆုံးမတာက နည်းမှန်လမ်းမှန်လို့ ယုံကြည်တတ်ကြပါတယ်။ ကမ္ဘာ့အလွတ်လပ်ဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ အမေရိကန်တောင် သူတို့ရဲ့ သားသမီးတွေကို ဆုံးမဖို့ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှု လုပ်ရပ်တွေကို အသုံးပြုတဲ့ လူများစွာ ရှိပါတယ်။ အမေရိကန်လူမျိုး ၇၀ရာခိုင်နှုန်းကျော်က မိမိတို့ကလေးတွေကို ရိုက်နှက်ခြင်းက လက်ခံနိုင်ဖွယ်ကောင်းတဲ့ ပြစ်ဒဏ်ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။




ကလေးတစ်ယောက်ကို ရိုက်နှက်ပြီး ဆုံးမတာက လိမ္မာသွားလိမ့်မယ်လို့ မေမေတို့ထင်သလား? မိဘတိုင်းက သားသမီးကို တိုးတတ်အောင်မြင်စေချင်ကြပါတယ်။ ဒီလိုအောင်မြင်တဲ့ သားသမီးလေးတွေ ဖြစ်လာအောင်လည်း လိုအပ်သလို သင်ကြားပေးတာ ၊ လိုအပ်သလို စည်းကမ်းထိန်းသိမ်းတာတွေ ပြုလုပ်ကြပါတယ်။ ဒီလို သင်ကြားပေးတဲ့နေရာမှာ တစ်ခါတစ်ရံ ပြောရဆိုရ လက်ပေါက်ကတ်တဲ့ ကလေးမျိုးဆိုရင် ရိုက်နှက်ဆုံးမချင်စိတ်တွေ ပေါက်လာတတ်ပါတယ်။ ရိုက်လိုက်လို့ အရှိုးရာထင်သွားတာက အချိန်တန်လို့ ပျောက်သွားနိုင်ပေမယ့် ကလေးရဲ့စိတ်ထဲမှာ ထင်ကျန်နေတဲ့ အရှိုးရာကတော့ တသက်လုံးပျောက်ဖို့ မလွယ်ပါဘူး။ ကလေးကို ရိုက်နှက်ဆုံးမရင် ကောင်းကျိုးထက် ကလေးရဲ့နောက်ပိုင်းဘဝမှာ ဆိုးကျိုးသက်ရောက်မှုတွေသာ ရှိလာနိုင်တာကြောင့် မရိုက်သင့်ပါဘူး။

၁။ အကြမ်းဖက်မှုက ဘယ်တော့မှ အဆင်မပြေပါဘူး

တကယ်လို့ မေမေတို့ကလေးအတွက် ကိုယ်ထိလက်ရောက် ဆုံးမပဲ့ပြင်မှုနည်းကို သုံးပါက ဒါဟာ ဒေါသနဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းဖြစ်ကြောင်း သူတို့ကို သင်ကြားပေးစေပါတယ်။ ၎င်းက လူမှုရေးစံနှုန်းတွေနဲ့လည်း ဆန့်ကျင်ဘက် ဖြစ်နေပါတယ်၊ ကလေးကို အရှက်တရားရစေပါတယ်။

၂။ ကလေးတစ်ယောက်အပေါ် နာကျင်တဲ့ဒဏ်ပေးခြင်းက ပျက်စီးစေပါတယ်

ဘဝမှာ မှားယွင်းသော ရွေးချယ်မှုအတွက် ကလေးကို နာကျင်မှုခံစားရစေခြင်းက ရက်စက်ရာကျပါတယ်။ အချို့လူတွေက ကလေးရဲ့ ကောင်းကျိုးအတွက် လုပ်ဆောင်တာလို့ ယုံကြည်ကြသော်လည်း “နာကျင်မှုမရှိရင် တိုးတတ်မှုမရှိဘူး” ဆိုတဲ့ သီအိုရီက ဒီနေရာမှာ မသက်ရောက်ပါဘူး။




ကလေးပြုစုပျိုးထောင်ခြင်းက ချစ်ခြင်းမေတ္တာနဲ့ သက်ဆိုင်ပါတယ်၊ ထိခိုက်နစ်နာမှု မရှိစေဖို့ သူတို့ကို ချစ်မြတ်နိုးကြောင်းပြသတဲ့ ထိရောက်သော စည်းကမ်းထိန်းသိမ်းရေးနည်းစနစ်တွေသာ သင်ရှာဖို့ လိုအပ်ပါတယ်။

၃။ ရိုက်နှက်တာက သင့်ကိုလည်း ထိခိုက်စေပါတယ်

ရိုက်နှက်ခြင်းက ကလေးကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေရုံသာမက သင့်ကိုလည်း ထိခိုက်စေပါတယ်။ ကလေးကို ရိုက်ပြီးတာနဲ့ နောင်တရတဲ့ ခံစားမှုမျိုး ခံစားဖူးပါသလား? သင်ဟာ ကိုယ့်ရဲ့ မိဘအုပ်ထိန်းမှု စွမ်းရည်ကို သံသယဝင်နိုင်ပြီး သင့်လုပ်ရပ်တွေအတွက် အပြစ်ရှိသလို၊ နောင်တရသလို သံသယတွေ ခံစားရနိုင်ပါတယ်။ ဒါက မိဘတွေကို ဘဝမှာ လမ်းညွှန်မပေးခြင်းနှင့် အနိုင်ကျင့်ခြင်းကဲ့သို့ ခံစားရစေပါတယ်။

၄။ ကလေးတွေမှာ Esteem ပြဿနာတွေ ရင်ဆိုင်ရနိုင်ပါတယ်

ဘယ်ရိုက်နှက်မှုအမျိုးအစားမဆို ကလေးရဲ့ အတ္တကို ထိခိုက်စေနိုင်ပါတယ်။ သူတို့ကို ရိုက်လိုက်တဲ့အခါ သူတို့မှာ အမှားတစ်ခုခုရှိသလို ခံစားကြရပါတယ်။ မိဘတွေရဲ့ ရိုက်နှက်ခြင်းကနေ နာကျင်မှုကို ခံစားရတာကြောင့် သူတို့ရဲ့အပြုအမှုကို မေးခွန်းမထုတ်ကြတော့ပါဘူး။ ဒီလုပ်ရပ်က Body image ပြဿနာတွေအပြင် Self image ပြဿနာတွေကိုပါ ဖြစ်စေနိုင်တယ်ဆိုတာ မေမေတို့သိပါသလား?


the little girl is afraid

၅။ ဖြေရှင်းမှုစွမ်းရည် ညံ့ဖျင်းခြင်းကို ပြသရာရောက်ပါတယ်

မိဘတွေဟာ ကလေးတွေအတွက် လေးစားမှု၊ စံနှုန်းတွေ၊ တန်ဖိုးတွေကို သင်ကြားပေးဖို့ လိုပါတယ်။ ကလေးကို ရိုက်နှက်တဲ့အခါ မေမေတို့မှာ ဒေါသနဲ့ ကိုင်တွယ်ဖြေရှင်းမှု စွမ်းရည်ညံ့ဖျင်းခြင်းကို ပြသရာ ရောက်စေပါတယ်။

၆။ ရိုက်ခြင်းက ကလေးရဲ့ PERSONAL BOUNDARIES ကို ဖြတ်ကျော်ရာ ရောက်ပါတယ်

လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ အခြေအနေတွေက တကယ်ပဲပြောင်းလဲသွားပါတယ်။ ဒီမျိုးဆက်မှာ သူတို့ရဲ့ ခန္ဓာကိုယ်ကို ဘယ်လိုလေးစားရမယ်။ ဘယ်သူ့ကိုမှ ကိုယ့်ရဲ့ နယ်နိမိတ်ကို ဖြတ်ကျော်မသွားစေသင့်ဘူးလို့ သူတို့ကို သင်ပေးထားပါတယ်။ သို့သော် မိဘတစ်ဦးအနေနဲ့ ကလေးကို ရိုက်နှက်တဲ့အခါ ကလေးရဲ့ ပါစင်နယ်နယ်နိမိတ်ကို ဖြတ်ကျော်တာပဲဖြစ်ပါတယ်။ ကလေးတစ်ယောက်ကို ရိုက်နှက်ခြင်းက သူတို့ရဲ့ယုံကြည်မှုကို ချိုးဖျက်သကဲ့သို့ ကလေးရဲ့ လုံခြုံမှုကိုပါ ထိခိုက်စေပါလိမ့်မယ်။




၇။ ထုနှက်ခြင်းက ထိရောက်တဲ့ ပြောဆိုဆက်ဆံမှု မဟုတ်ပါဘူး

လုပ်ဆောင်မှုတိုင်းက တုံ့ပြန်မှုတစ်ခုဖြစ်စေပါတယ်။ ကလေးဟာ ပြဿနာလုပ်လို့ ရိုက်နှက်တဲ့အခါ ကလေးက မေမေတို့ကို စကားမပြောချင်တော့ပါဘူး။ ရိုက်နှက်ခြင်းက မကောင်းလာတဲ့အပြင် အပြုအမှုကို ပိုဆိုးစေပါတယ်။

၈။ ဒါက အလုပ်မဖြစ်ပါဘူး

ကလေးကို ရိုက်နှက်ခြင်းက ထိရောက်တဲ့ စည်းကမ်းချက်တစ်ခုအနေနဲ့ အလုပ်လုပ်ခြင်းမရှိပါဘူး၊ အပြုအမှုကို ခဏတာပဲရပ်တန့်စေနိုင်ပါတယ်။ သို့သော် ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုရဲ့ တန်ပြန်မှုကတော့ ရေရှည်ဖြစ်သွားပါတယ်။ နောက်ဆုံးမှာ အခြေအနေကို ပိုဆိုးရွားသွားစေနိုင်ပါတယ်။




ဒါက Child abuse လား?

ကျွမ်းကျင်သူအများစုက ကလေးကို ရိုက်နှက်ခြင်းက ကလေးသူငယ် မတရားညှင်းပန်းမှု ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ မှန်ပါတယ်။ အချို့မိဘတွေက ကလေးငယ်ရဲ့ လက်ကို ပုတ်ထုတ်လိုက်ခြင်းဖြင့် မီးပူနေတာကို သိဖို့နှင့် မီးကို မထိမိစေဖို့ ကူညီနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ အသက် ၁၂နှစ် -၁၅နှစ်အရွယ်ကလေးတစ်ယောက်ကို ရိုက်နှက်နေဆဲဆိုရင်တော့ အကြမ်းဖက်မှု ဖြစ်သွားနိုင်ပါတယ်။

ရိုက်နှက်ခြင်းမပါဘဲ ဘယ်လိုအပြစ်ပေးမလဲ?

အပြစ်ဒဏ်ပေးမှု ဘယ်မျိုးအစားမဆို လက်ခံနိုင်ဖွယ် မရှိကြောင်း မေမေတို့သိပြီးဖြစ်တာကြောင့် ကောင်းစွာ အလုပ်ဖြစ်စေမယ့်အရာကိုလည်း သိထားသင့်ပါတယ်။ ကလေးရဲ့ အသက်အရွယ်နဲ့ အခြေအနေတွေက မေမေတို့ရဲ့ တုံ့ပြန်မှုကို အဆုံးအဖြတ်ပေးတယ်ဆိုတာ သတိရပါ။


mother is scolding her child girl. family relationships
မျက်နှာထားတင်းတင်းနဲ့ ပြောပါ

သူတို့ရဲ့ အပြုအမှုတွေက ဘာ့ကြောင့်အဆင်မပြေတာလဲဆိုတာကို ကလေးအား ပြောပြပြီး သူတို့နားလည်အောင်လုပ်ပါ။ ကလေးက ကြီးလာလေလေ စကားပိုပြောရလေပါ။ အော်တာ၊ ဆဲတာ၊ ခြိမ်းခြောက်တာမျိုး မလုပ်ပါနဲ့။ သူတို့က ပိုပြီးလက်ခံလာမှာဖြစ်တာကြောင့် အေးဆေးတဲ့ လေသံနဲ့ ပြောပါ။
သီးသန့်ခွဲထားပါ

ကလေးတွေကို ပတ်ဝန်းကျင်ကနေ ဖယ်ထုတ်ခြင်းအားဖြင့် သူတို့ကို စဉ်းစားဖို့ အချိန်ပေးပါတယ်။ ဒါက time out ဖြစ်နိုင်သလို သူတို့အခန်းထဲကို ပို့ထားတာလည်းဖြစ်နိုင်ပါတယ်။ “naughty chair “က အလုပ်ဖြစ်ပါတယ်။ သီးသန့်ခွဲထားတဲ့အချိန်က အကြာကြီး မဖြစ်သင့်ပါဘူး။ သုံးနှစ်သားတစ်ယောက်ဆိုရင် သုံးမိနစ်ထိုင်သင့်ပါတယ်။
အခွင့်အရေးပြန်သိမ်းပါ

အခွင့်အရေးပြန်သိမ်းတယ်ဆိုတာက ကလေးဆီကနေ သူတို့နှစ်သက်တဲ့အရာ တစ်ခုခုယူဖို့ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ အချိန်၊ ဖုန်း၊ ကွန်ပျူတာ၊ ဗီဒီယိုဂိမ်း ကန့်သတ်တာမျိုး၊ ပြန်သိမ်းတာမျိုးနှင့် တခြားအခွင့်အရေးတွေကို ငြင်းပယ်တာမျိုး လုပ်နိုင်ပါတယ်။ ဒီအပြစ်ပေးမှုနည်းလမ်းက အရွယ်ကြီးတဲ့ ကလေးတွေဆိုရင် ကောင်းကောင်းအလုပ်လုပ်ပုံရပါတယ်။

မိဘဖြစ်ခြင်းက ခက်ခဲပြီး ဘယ်ကလေးကမှ လက်စွဲစာအုပ်နဲ့အတူ မလာပါဘူး။ တတ်နိုင်သလောက် အကောင်းဆုံးလုပ်ပြီး တစ်ဦးချင်းစီကို ကျန်းမာစွာ ပျိုးထောင်နိုင်ပါတယ်။ သို့သော် ဆုံးမပဲပြင်မှုနှင့် ပတ်သတ်လာတဲ့အခါ သင်အပြစ်ပေးခံခဲ့ရတဲ့ နည်းလမ်းကို အမြဲတမ်းပြန်ရောက်သွားတတ်ပါတယ်။ ရိုက်နှက်ခြင်းက စိတ်ပိုင်းဆိုင်ရာ ပျက်စီးခြင်းကို ပြသတဲ့ လေ့လာမှုများစွာရှိတာကြောင့် ကလေးကို ရန်သူလို သဘောမထားချင်ဘူးဆိုရင် တစ်ယောက်တည်းထားလိုက်ပါ။

Chit_MayMay
LM_Nandar


Source-powerofpositivity


#ကလေး
#မေမေ
#မိဘ
#စွမ်းရည်
#ခွဲထား

Some text some message..