သမ္မတအဖြစ် ရွေးချယ်ခံရတော့မည်ဖြစ်ကြောင်း ဂျိုးဘိုင်ဒင် ပြော
mmtimes.com
|
2020-11-07



ဝီလ်မင်တန်တွင် မိန့်ခွန်းပြောရန်အတွက် ရောက်ရှိလာသော ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒင်ကို နိုဝင်ဘာ ၆ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-အေပီ

သမ္မတအဖြစ် ရွေးချယ်ခံရတော့မည်ဖြစ်ကြောင်း ဂျိုးဘိုင်ဒင် ပြော


ဝါရှင်တန် နိုဝင်ဘာ ၇ -ရုပ်သံလိုင်းများမှ ထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း သက်ဆိုင်ရာမဲဆန္ဒနယ်များတွင် ပြိုင်ဘက်ဖြစ်သူ သမ္မတဒေါ်နယ်ထရမ့်အပေါ် ဦးဆောင်နေခြင်းကြောင့် အမေရိကန်သမ္မတရွေးကောက်ပွဲကို အနိုင်ရတော့မည်ဖြစ်ကြောင်း ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒင်က နိုဝင်ဘာ ၆ ရက်၌ ပြောကြားခဲ့သည်။

‘‘ကိန်းဂဏန်းတွေက စကားပြောနေတာပဲလေ။ ဒါက ရှင်းရှင်းလင်းလင်းဖြစ်နေပြီး လက်ခံရမယ့်အကြောင်းတရားဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ကျွန်တော်တို့ အနိုင်ရတော့မှာပါ’’ ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

ဘိုင်ဒင်သည် ရွေးကောက်ပွဲမဲရလဒ်နှင့်ပတ်သက်ပြီး တရားဝင်ဖြစ်မှသာထုတ်ပြောရန် စီစဉ်ထားခဲ့သူဖြစ်သော်လည်း ရုပ်သံလိုင်းများနှင့် အခြားသော ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက် ပြန်ကြားရေးဌာနများက တရားဝင်အချက်အလက်များကို ထုတ်ပြန်ရာတွင် အားနည်းခြင်းကြောင့် ယခုလိုပြောင်းလဲကာ ကြိုတင်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၆ ရက် နှောင်းပိုင်းအချိန်အထိ ဆန္ဒမဲလက်မှတ် ရေတွက်မှုများကို ဆောင်ရွက်နေဆဲဖြစ်ပြီး သမ္မတရာထူးအတွက် အဖြေထုတ်ပေးမည့် အဓိကကျသော ပြည်နယ်များဖြစ်သည့် ပင်ဆီဗေးနီးယား၊ ဂျော်ဂျီယာ၊ အရီဇိုးနားနှင့် နီဗားဒါးတို့၌ မဲများရေတွက်နေဆဲဖြစ်သည်။

၎င်းသာ အမေရိကန်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရပါက အမေရိကန်အား အဓိကထိုးနှက်နေသော COVID-19 ကပ်ရောဂါအပေါ် ပထမဆုံးသေချာစွာ ထိန်းချုပ်ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ဘိုင်ဒင်က မဲဆွယ်စည်းရုံးထားခဲ့သည်။

အောင်စိုးသူ ဘာသာပြန်သည်။


#သမ္မတလောင်း
#သမ္မတ
#နိုဝင်ဘာ
#ရွေးကောက်ပွဲ
#ဂျော်ဂျီယာ

Some text some message..