PUBG MOBILE မှ PUBG MOBILE GLOBAL CHAMPIONSHIP ဖွင့်ပွဲနှင့်အတူ ၂၀၂၁ ခုနှစ်အတွက် ဒေါ်လာ ၁၄ သန်းတန် အွန်လိုင်းဂိမ်းအစီအစဉ်
ictdirectory.com.mm
|
2020-11-28

Mobile Esports သမိုင်းတွင် အမြင့်ဆုံးဆုကြေးငွေ ပေးအပ်သည့် ကစားပွဲများကို PUBG MOBILE မှ ကျင်းပပေးခဲ့ရာ ယခု ၂၀၂၁ တွင် ပြုလုပ်မည့် အစီအစဉ်သည်

ကမ္ဘာပေါ်ရှိ အကြီးဆုံး Esports Ecosystem ကို ပိုမိုကျယ်ပြန့်စွာ ချဲ့ထွင်လိုက်ခြင်း ဖြစ်ပြီး နိုင်ငံအဝန်းမှ အပျာ်တမ်း ကစားသမားများကို ပညာရှင်အဖြစ် ရပ်တည်နိုင်ရန် လမ်းစဖွင့်ပေးလိုက်ခြင်းဖြစ်သည်၊၊

အဆိုပါ သတင်းအကြောင်းအရာကို နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့သော အအောင်မြင်ဆုံးပြိုင်ပွဲဖြစ်သည့် 2020 Esports အစီအစဉ် PUBG MOBILE Global Championship (PMGC) ဖွင့်ပွဲတွင် ကြေညာခဲ့ပြီး Qualcomm ၊ Mountain Dew နှင့် OnePlus တို့မှ ပံ့ပိုးထားသည်။

Reveal ဗီဒီယိုကို ဤနေရာတွင် ကြည့်နိုင်ပါသည်

PUBG MOBILE သည် PMGC ဖွင့်ပွဲအခမ်းအနားတွင် 2021 Esports အစီအစဉ်ကို စတင်မိတ်ဆက်ပေးခဲ့ပြီး မိုဘိုင်း Esports သမိုင်းတစ်လျှောက်တွင် မယုံနိုင်လောက်အောင် အမြင့်ဆုံး ဆုကြေးငွေဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၄ သန်း ကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်၊၊ ယခုနှစ်သည် PUBG MOBILE Esports အတွက် ကြည့်ရှုသူ မှတ်တမ်းအားလုံးကို ချိုးဖောက်နိုင်ခဲ့သည့်အပြင် ယှဉ်ပြိုင်လိုသည့် အသင်းသစ်များ ထပ်မံမှတ်ပုံတင်ခြင်းကို မြင်တွေ့ရသည့် ထူးခြားသည့် နှစ်ဖြစ်ခဲ့သည်။ လာမည့်နှစ် 2021 Esports အစီအစဉ်သည် Esports Stardom များ မဖြစ်သေး သည့် ကစားသမားများအတွက် အခွင့်အလမ်း ပိုမိုရရှိမည်ဖြစ်သည်။ ယခု ၂၀၂၁ အစီအစဉ်သည် PMPL ပြိုင်ပွဲများ ကျင်းပပြီး ဖြစ်သည့် တောင်အာရှနှင့် အရှေ့တောင်အာရှတို့အပြင် PUBG MOBILE Pro League (PMPL) ဒေသသစ် (၇) နေရာ ဖြစ်သည့် CIS နိုင်ငံများ၊ တူရကီ၊ အနောက်ဥရောပ၊ အာရေဗျ၊ မြောက်အမေရိကား၊ လက်တင်အမေရိကားနှင့် ဘရာဇီး တို့တွင်လည်း မိတ်ဆက်ပေးသွားမည်ဖြစ်သည်။

ယခုနှစ်ကဲ့သို့ပင် အသစ်မိတ်ဆက်လိုက်သော ၂၀၂၁ အစီအစဉ်သည် PMCO နှင့် PMPL များကို နှစ်ရာသီခွဲ၍ ကျင်းပ ပေးသွားမည်ဖြစ်ပြီး PUBG MOBILE Global Championship (PMGC) ကို နှစ်ကုန်ပိုင်းတွင် ပြုလုပ်ပေးသွားမည် ဖြစ်သည်။ PMCO နွေဦးရာသီအတွက် မှတ်ပုံတင်ခြင်းများကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်လက်ခံမည်ဖြစ်ပြီး ဇန်နဝါရီ ၂၄ ရက်တွင် စာရင်းပိတ်မည်ဖြစ်သည်။ PMPL နှင့် PMCO ဒေသအသစ်များနှင့်အတူ တိုးချဲ့ထားသော အစီအစဉ်တို့အပြင် ကမ္ဘာတစ်ဝန်းရှိ ထိပ်တန်း ကျွမ်းကျင်ကစားသမားအသင်းများမှ နွေဦးရာသီတွင် အိမ်ရှင်အဖြစ် ကျင်းပမည့် စိတ်လှုပ်ရှားဖွယ် (PUBG MOBILE Invitationals) ဖိတ်ခေါ်ပြိုင်ပွဲများကိုလည်း မိတ်ဆက်သွားမည်ဖြစ်သည်။ ပထမအဆင့် Mobile Esports ဖြစ်လာရမည်ဆိုသော ရည်မှန်းချက်နှင့်အညီ ယခု မိတ်ဆက်လိုက်သည့် ၂၀၂၁ အစီအစဉ်တွင် PUBG MOBILE သည် ကမ္ဘာတဝန်းရှိ နိုင်ငံများတွင် စတူဒီယိုများ ပိုမို တည်ဆောက်မည်ဖြစ်ပြီး ယခုနှစ်အတွင်း ESL နှင့်အတူ ပူးပေါင်း၍ ပိုလန်နိုင်ငံရှိ Katowice တွင် ကျင်းပခဲ့သည့်ပွဲမှာမူ ပထမဆုံးခြေလှမ်းဖြစ်သည်၊၊

ယခု ၂၀၂၁ အစီအစဉ်သစ်ကို Mobile Esports Calendar ၏ အအောင်မြင်ဆုံးပွဲစဉ်ဖြစ်သော ၂၀၂၀ ရာသီ၏ နောက်ဆုံးပွဲစဉ် ဖြစ်သည့် PMGC ဖွင့်ပွဲအခမ်းအနားတွင် ထုတ်ဖော်ပြသခဲ့သည်။ အဆိုပါ နောက်ဆုံးပွဲစဉ်တွင် ပရိသတ်များကို PUBG MOBILE အမြင့်ဆုံးပြိုင်ပွဲ၏ စိတ်လှုပ်ရှားစရာကောင်းသော ခံစားချက်ကို ပေးနိုင်ရန် ကမ္ဘာတစ်ဝန်းမှ အကောင်းဆုံး ကျွမ်းကျင် ကစားသမား အသင်း ၂၄ သင်းမှ လေးပတ်အတွင်းတွင် ထိပ်တိုက် လိဂ်အသင်းများဖြင့် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ ကစားသမားများသည် PUBG MOBILE Single Tournament တွင် မယုံနိုင်လောက်အောင် ပေးအပ်ချီးမြှင့်မည့် အကြီးမားဆုံးသော ဆုတစ်ခုဖြစ်သည့် ဒေါ်လာ ၂ မီလီယံဒေါ်လာအတွက် ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။ PMGC လိဂ်ကို ဒီဇင်ဘာ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး PMGC Finals ကို ၂၀၂၁ ခုနှစ် အစောပိုင်းတွင် ပြုလုပ်မည်။

PMGC ပြိုင်ပွဲ၏ အဓိကပံ့ပိုးသူမှာ Qualcomm Technologies ဖြစ်ပြီး Qualcomm® Snapdragon Elite Gaming™ နှင့်အတူ အကောင်းဆုံး ဂိမ်းအတွေ့အကြုံများကို ပေးသည့် နည်းပညာကုမ္ပဏီဖြစ်သည်။ ၎င်းသည် Qualcomm® Snapdragon™ 5G စွမ်းအားရှိသော ထိပ်တန်းစမတ်ဖုန်းများတွင် အပြည့်အဝ ပေါင်းစည်းနိုင်သည့် Hardware နှင့် Software Features များဖြစ် သည်။ ကမ္ဘာလုံးဆိုင်ရာ ထိပ်တန်း မိုဘိုင်းနည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သည့် OnePlus ၏ OnePlus 8T 5G သည် PMGC ၏ တရားဝင် စမတ်ဖုန်းမိတ်ဖက်ဖြစ်ပြီး ၎င်းစမတ်ဖုန်းကိုလည်း Snapdragon 865 5G Processor ဖြင့် တပ်ဆင်ထားခြင်း ဖြစ်သည်၊၊ Mountain Dew သည် နောက်မျိုးဆက်သစ်များ၏ ဂိမ်းစွမ်းရည်တိုးတက်လာစေရန် PMGC ၏ အဖျော်ယမကာ မိတ်ဖက်အဖြစ် တာဝန်ယူကာ ပူးပေါင်းပါဝင်ထားခြင်းဖြစ်သည်၊၊

PUBG MOBILE Esports Ecosystem သည် ၂၀၁၈ နှစ်လောက်တွင် ကမ္ဘာတစ်ဝန်းတွင် အောက်ခြေပြိုင်ပွဲ အများအပြားဖြင့် စတင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် PMPL ကို မိတ်ဆက်ခြင်းဖြင့် Amateur To Pro Circuit ပွဲစဉ်များကို အဆုံးသတ်ခဲ့ပြီး PMCO ကဲ့သို့သော အကြီးစားပြိုင်ပွဲများ ပြုလုပ်ခြင်းဖြင့် ချဲ့ထွင်မှုများပြုလုပ်ခဲ့သည်။ ယခုအခါ PUBG MOBILE Esports သည် နိုင်ငံ အများအပြားနှင့် ဒေသအစုံမှ Amateur၊ Semi-pro နှင့် Pro စသည့် Level အစုံမှ ကစားသမားများ ပါဝင်နိုင်ရန် ထောက်ပံ့ ပေးထားပြီး အရည်အချင်းရှိသော ကစားသမားများ တိုးတက်စေနိုင်ရန်အတွက် လမ်းဖွင့်ပေးလျက်ရှိသည်။ PUBG MOBILE Esports ကို 2020 လက်ရှိအချိန်အထိ ကြည့်ရှုချိန် နာရီသည် သန်း ၁၀၀ ရှိပြီး လက်ရှိ Viewer တစ်သန်းကျော်သည် PUBG MOBILE World League (PMWL) ကို ကြည့်ရှုနေကာ အသင်း ၁၂၀,၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ရန် စာရင်းပေးထားသည်။ ယခုနှစ် အစီအစဉ်တွင် အသင်းများသည် ဆုကြေး အမေရိကန်ဒေါ်လာ ၅ မီလီယံ အတွက် ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။

"၂၀၂၀ ပြည့်နှစ်က ကျွန်တော်တို့အတွက်တော့ နယ်ပယ်အစုံကို ချဲ့ထွင်နိုင်ခဲ့ပြီး Amateur To Pro Ecosystem ကို ပြုလုပ် နိုင်ခဲ့တဲ့အတွက် မယုံနိုင်လောက်အောင် ထူးခြားတဲ့နှစ်ပါ။ ဒါပေမဲ့ ဒါက အခုမှ အစပဲရှိပါသေးတယ်။ Mobile Esports လောက ထဲမှာ နယ်ပယ်တွေ ချဲ့ထွင်နေရုံသာမကဘဲ ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့အကောင်းဆုံး Esport ထဲမှ တစ်ခု ဖြစ်လာဖို့နဲ့ အခြား ကမ္ဘာ့အကြီးမားဆုံး Games တွေနဲ့ ပခုံးချင်း ယှဉ်ရပ်တည်နိုင်ဖို့ ရဉ်မှန်းချက်ကြီး ရှိပါတယ်" ဟု PUBG MOBILE Global Esports ၏ ဒါရိုက်တာ James Yang က ပြောကြားခဲ့သည်။ "ဆုကြေးတွေ များပြားလာတာဟာ ကျွန်တော်တို့ ခန့်မှန်းထားတဲ့ ၂၀၂၁ နှစ်မှာ ဖွံဖြိုးလာမှုရဲ့ အရိပ်အမြွတ်ပဲဖြစ်ပါတယ်။ အထူးသဖြင့် အနောက်ပိုင်းဒေသတွေမှာ ချဲ့ထွင်ဖို့များစွာ ရှိနေပါတယ်။ PUBG MOBILE ရဲ့ အနာဂတ်အတွက် သိပ်ကို ရင်ခုန်မိပါတယ်" ဟုလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။


နေက်ထပ် PUBG MOBILE Esports သတင်းများကို

Facebook ,

Instagram နှင့်

Youtube  တို့တွင် စောင့်ကြည့်နိုင်သည်။

PUBG MOBILE Esports YouTube channel (November 24 - December 20th) တွင် PMGC League ကို ကြည့်ရှုနိုင်သည်။

အင်္ဂါနေ့ နှင့် ဗုဒ္ဓဟူးနေ့တိုင်း (11 AM UTC မှစတင်၍) - ပွဲစဉ်နေ့တိုင်း အကောင်းဆုံးကစားပွဲ ၆ ပွဲအပါအဝင် အသင်း ၂၄ သင်း League Points များအတွက် ယှဉ်ပြိုင်သည်ကို စောင့်ကြည့်နိုင်သည်။

ကြာသာပတေးနေ့မှ တနင်္ဂနွေနေ့တိုင်း (11 am UTC မှစတင်၍) - သီတင်းရက်သတ္တပတ်အတွင်း League Points အများဆုံး ရရှိခဲ့သော ထိပ်ဆုံးအသင်း ၁၆ သင်းမှ Championship Points များအတွက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

PMGC League အပြီးတွင် Championship Points အများဆုံးရရှိသော အသင်း ၁၆ သင်းသည် နာမည်ကြီး PMGC Finals ကို ဆက်လက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

PUBG MOBILE အကြောင်း   

PUBG MOBILE သည် Original Battle Royale ဂိမ်း အမျိုးအစားဖြစ်သော PlayerUnknown’s Battlegrounds ဟူသည့် PC ဂိမ်း၏ တရားဝင်မိုဘိုင်းဂိမ်း (MobileGame) တစ်ခုဖြစ်သည်။ လက်ရှိတွင် အာရှဒေသတွင်း၌  လူကြိုက်အများဆုံး ဂိမ်းတစ်ခုလည်း ဖြစ်ပြီး ပွဲစဉ်တစ်ခုအတွင်း ကစားသမား အယောက်၁၀၀ အထိတစ်ပြိုင်နက် ဝင်ရောက်ကစားနိုင်သော ဂိမ်းတစ်ခု ဖြစ် သည်။ PUBG MOBILE ဂိမ်းပုံစံသည် အဆင့်တက်တိုင်း တဖြည်းဖြည်း ကျဉ်းမြောင်းလာသော စစ်မြေပြင်ထဲတွင် တွေ့ရှိသော လက်နက်များနှင့် ယာဉ်များကို အသုံးပြုကာ နောက်ဆုံး အသက်ရှင်ကျန်ရစ်သော ကစားသမားဖြစ်အောင် ကြိုစား ရမည်ဖြစ်ပြီး ထိုသို့နောက်ဆုံးကျန်ရစ်သူ သို့မဟုတ် အဖွဲ့သည် အနိုင်ရရှိခြင်းဖြစ်သည်။


PUBG MOBILE အကြောင်း ပိုမိုသိရှိလိုပါက

Facebook ,

Twitter  နှင့်

YouTube  တို့တွင် လေ့လာနိုင်သည်။


PUBG MOBILE ကို

App Store နှင့်

Google Play တို့တွင် အခမဲ့ ဒေါင်းလုဒ်ရယူနိုင်သည်။

Qualcomm အကြောင်း

Qualcomm Snapdragon and Qualcomm Snapdragon Elite Gaming တို့သည် Qualcomm Technologies, Inc.နှင့် သို့မဟုတ် ၊ သူ၏ ကုမ္ပဏီလက်ခွဲများ၏ ထုတ်ကုန်များဖြစ်သည်။ Qualcomm နှင့် Snapdragon တို့သည် United States နှင့် အခြားနိုင်ငံများတွင် မှတ်ပုံတင်ထားသော Qualcomm Incorporated ၏ ကုန်အမှတ်တံဆိပ်များဖြစ်ပါသည်။ Snapdragon Elite Gaming သည် Qualcomm Incorporated ၏ ကုန်အမှတ်တံဆိပ်ဖြစ်သည်။

PUBG MOBILE REVEALS $14M USD ESPORTS PROGRAM FOR 2021 AS PUBG MOBILE GLOBAL CHAMPIONSHIP BEGINS

Boasting the highest prize pool in mobile esports history, the 2021 program will see the largest esports ecosystem in the world expand even further, offering a truly global amateur to pro circuit


The news was announced at the opening of the PUBG MOBILE Global Championship (PMGC), the pinnacle of the 2020 esports program which begins today - sponsored by Qualcomm, Mountain Dew and OnePlus. Watch the reveal video

here. .



Yangon, Myanmar – November 26th, 2020 – PUBG MOBILE today reveals its groundbreaking 2021 esports program at the opening of the PMGC, boasting an incredible $14,000,000 USD prize pool, the highest in mobile esports history. Following an exceptional year that broke all viewership records for PUBG MOBILE esports and saw more teams register to compete, next year’s program offers more players than ever before a shot at esports stardom. The 2021 program will introduce seven new PUBG MOBILE Pro League (PMPL) regions in CIS, Turkey, Western Europe, Arabia, North America, Latin America, and Brazil, which will complement the existing PMPLs in South Asia and Southeast Asia.

Similar to this year, the newly revealed 2021 program will split the PMCOs and PMPLs into two seasons, with the PUBG MOBILE Global Championship (PMGC) at the end of the year. Registration for the PMCO Spring Split will open on January 1st 2021 and close on January 24th. A hugely expanded program, alongside the new PMPL and PMCO regions, the ecosystem will also introduce exciting PUBG MOBILE Invitationals which will take place in the summer, hosted by top pro teams around the world. With huge ambitions to become the first tier 1 mobile esports, the 2021 program will also see PUBG MOBILE build more studios in countries around the world, following its first in Katowice which was unveiled this year in partnership with ESL.

The groundbreaking program was revealed at the opening of the PMGC, the final event of the 2020 season and the pinnacle of the mobile esports calendar. The 24 best pro teams from across the globe will face off across four electrifying weeks of league play, offering fans the highest level of PUBG MOBILE competition. Players are competing for an incredible $2M USD, the biggest prize pool in PUBG MOBILE history for a single tournament. The PMGC league will run until December 20th, and the PMGC Finals will take place in early 2021.

The official title sponsor of PMGC is Qualcomm Technologies who deliver the ultimate gaming advantage with Qualcomm® Snapdragon Elite Gaming™, a full arsenal of hardware and software features that can be fully integrated into top-tier smartphones that are powered by Qualcomm® Snapdragon™ 5G Mobile Platforms. OnePlus is a leading global mobile technology company featuring the ultra-fast OnePlus 8T 5G smartphone as the official device of PMGC. OnePlus 8T is also powered by a Snapdragon 865 5G processor.

Mountain Dew is proud to be the beverage partner to PMGC, and to FUEL the next generation of gaming talent.

The PUBG MOBILE esports ecosystem began in 2018 with grassroots events across the world, and 2020 saw the completion of the amateur to pro circuit with the introduction of the PMPL, and the major expansion of the PMCO. The program now supports competitors of all levels from amateur to semi-pro and pro across multiple countries and regions, ensuring a clear path for talented players to progress. PUBG MOBILE esports has seen 100 million hours watched in 2020 so far, over a million concurrent viewers tuning into the PUBG MOBILE World League (PMWL), and more than 120,000 teams registering to compete. This year’s program sees teams competing for a $5,000,000 USD prize pool.

“2020 has been an incredibly special year for us as we’ve expanded in all aspects and completed our amateur to pro ecosystem, but this was only the beginning. We have huge ambitions to become a tier 1 esports and stand shoulder to shoulder with the biggest games in the world, not just to break boundaries within mobile esports,” said James Yang, Director of PUBG MOBILE Global Esports. “The huge increase in the prize pool is representative of the growth we foresee in 2021. In western regions in particular there’s huge room for expansion and I couldn’t be more excited for the future of PUBG MOBILE esports.”


For more PUBG MOBILE esports news, stay tuned on

Facebook ,

Instagram , and

Youtube .


How to watch PMGC League on the

PUBG MOBILE Esports YouTube channel . (November 24 - December 20th) :


Every Tuesday and Wednesday (from 11am UTC) - tune in to see all 24 teams compete for league points, with six exhilarating matches per day
Every Thursday - Sunday (from 11am UTC) - the top 16 teams who have achieved the most league points during the week will battle to earn Championship Points.

At the end of the PMGC League the 16 teams with the most Championship Points will qualify for the prestigious PMGC Finals in January 2021.

About PUBG MOBILE:

PUBG MOBILE is based on PLAYERUNKNOWN’S BATTLEGROUNDS, the phenomenon that took the world of interactive entertainment by storm in 2017. Up to 100 players parachute onto a remote island to battle in a winner-takes-all showdown. Players must locate and scavenge their own weapons, vehicles and supplies, and defeat every player in a visually and tactically rich battleground that forces players into a shrinking play zone.


For more information, please visit the official PUBG MOBILE accounts on

Facebook ,

Twitter and

YouTube .


PUBG MOBILE is available to download for free on the

App Store and

Google Play ..

About Qualcomm:

Qualcomm Snapdragon and Qualcomm Snapdragon Elite Gaming are products of Qualcomm Technologies, Inc. and/or its subsidiaries.

Qualcomm and Snapdragon are trademarks of Qualcomm Incorporated, registered in the United States and other countries. Snapdragon Elite Gaming is a trademark of Qualcomm Incorporated.


#Qualcomm
#ဂိမ်း
#ကစားသမား
#ပွဲစဉ်
#အစီအစဉ်

Some text some message..