
အဆောင်ကျောက်တွေဟာ လူတွေအတွက် အကျိုးပြုတယ်ဆိုတာ ကမ္ဘာတစ်ဝှမ်းက လက်ခံထားကြပါတယ်။ မွေးလကိုလိုက်ပြီး အဆောင်ကျောက်လေးတွေကွဲပြားကြပြီး အဆောင်ကျောက်လေးတွေမှာ ကိုယ်စီ သဘာဝစွမ်းအင်တွေရှိကြပါတယ်။ ခုဖော်ပြပေးမှာကတော့ ဒီဇင်ဘာလဖွားတွေအတွက် အဆောင်ကျောက် (၃) မျိုးနဲ့ ယင်းတို့ရဲ့ အစွမ်းတွေပဲဖြစ်ပါတယ်။
(1)Tanzanite

Virachai/ freepik
Tanzanite တွေဟာ Tanzania လို့ခေါ်တဲ့နေရာမှာပဲတွေ့ရတဲ့ ကျောက်တစ်မျိုးပါ။ အပြာရောင်နဲ့ ခရမ်းရောင်ဖက်ပြေးနေပြီး ၁၉၆၇ခုနှစ်မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
Tanzanite ကျောက်တွေဟာ အေးချမ်းမှုကိုပေးပါတယ်။ အလုပ်အရမ်းများပြီး စိတ်ဖိစီးမှုများတဲ့သူတွေအတွက် ဆောင်ထားသင့်တဲ့ ကျောက်လေးပါ။ စိတ်ကို ငြိမ်းချမ်းစေပြီး စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးခြင်းကို လျော့ပါးစေပါတယ်။
(2)Zircon

user 6381204/ freepik
Zircon ဟာ အရောင်တွေအများကြီးရှိပါတယ်။ အပြာရောင်ကတော့ အများဆုံးတွေ့ရပါတယ်။ သြစတေးလျနိုင်ငံဟာ Zircon တူးဖော်ရေးလုပ်ငန်း အများဆုံးနိုင်ငံဖြစ်ပါတယ်။
Zircon ဟာ ရည်မှန်းချက်တွေကို ပြည့်စုံစေတဲ့အဆောင်ကျောက်ပါ။ မကောင်းတဲ့ အစွမ်းတွေအားလုံးကို ဖယ်ရှားပေးပြီး ပျော်ရွှင်မှုတွေကို ခေါ်ဆောင်ပေးတဲ့ စွမ်းအင်ရှိပါတယ်။
(3) Turquoise

freepik/ freepik
Turquoise ဟာ အရမ်းလှတဲ့ကျောက်တစ်မျိုးပါ။ ၁၃ရာစုလောက်က တူရကီကနေစလို့ အနောက်နိုင်ငံကိုရောက်ရှိလာတာဖြစ်ပါတယ်။ အခုတော့ အမေရိကားနိုင်ငံမှာ အများဆုံးဝတ်ဆင်ကြတဲ့ ကျောက်လည်းဖြစ်ပါတယ်။
Turquoise တွေဟာ ပညာ၊ အမှန်တရားနဲ့ လိုက်လျောညီထွေဖြစ်စေမှုတို့ကို အားပေးတဲ့ကျောက်ပါ။ ဝတ်ဆင်သူကို ဘေးအန္တရာယ်ကနေလည်း ကာကွယ်ပေးတာကြောင့် ခရီးထွက်များတဲ့သူတွေ ဆောင်တတ်ကြတဲ့ ကျောက်တစ်မျိုးလည်း ဖြစ်ပါတယ်။
Em Em