COVID-19 ကာကွယ်ဆေးဝယ်ရန် Capital Diamond Star Group ကအမေရိကန်ဒေါ်လာ တစ်သန်းလှူဒါန်း
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီမှ စီမံဆောင်ရွက်လျှက်ရှိသော ကာကွယ်ဆေး ဝယ်ယူနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ တစ်သန်းကို CDSG အုပ်ချုပ်မှုဒါရိုက်တာ ဦးကိုကိုကြီး ဦးဆောင်သည့် Capital Diamond Star Groupက လှူဒါန်းခဲ့ကြောင်းသိရသည်။
Capital Diamond Star Group Co., Ltd သည် ၎င်း၏လက်အောက်ခံ လုပ်ငန်းများဖြစ်သော Capital Diamond Star Foundation တို့မှတစ်ဆင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် စုစုပေါင်း ငွေကျပ်သန်းပေါင်း ၁၁၁၉ သန်းကို လှူဒါန်းခဲ့ပြီးဖြစ် ကြောင်း သိရသည်။
CDSG အနေဖြင့် အစိုးရ၊ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ နိုင်ငံသူ၊ နိုင်ငံသားများ ကပ်ရောဂါကိုကျော်လွှားနိုင်ရန် တတ်စွမ်းသရွေ့ဆက်လက် ကူညီဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။