အမျိုးသမီးထု၏လမ်းပြကြယ် သိပ္ပံပညာရှင်မာရီကျူရီ
အမျိုးသမီးသိပ္ပံပညာရှင် မာရီကျူရီက နိုဘယ်ဆု(၂)ဆုချီးမြှင့်ခြင်းခံထားရတဲ့ ပထမဆုံးအမျိုးသမီးပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ သူကထူးချွန်တဲ့အမျိုးသမီးဖြစ်ရုံသာမက သူ့ဘဝဇာတ်ကြောင်းအရလည်း သူက အမျိုးသမီးထုရဲ့ လမ်းပြကြယ်ဆိုလည်းမမှားပါဘူး။
မာရီကျူရီက ပိုလန်နိုင်ငံက ဆင်းရဲနွမ်းပါးတဲ့မိသားစုတစ်ခုကနေ နိုဝင်ဘာ ၇၊ ၁၈၆၇ တွင်မွေးဖွားခဲ့ပါတယ်။ အဲ့အချိန်တုန်းက ပိုလန်နိုင်ငံက ရုရှားရဲ့ နယ်ချဲ့အုပ်ချုပ်မှုအောက်မှာကျရောက်နေခဲ့တဲ့အတွက် တော်တော်မအေးချမ်းတဲ့ အချိန်ကာလတစ်ခုပါ။ ဒီလိုကာလမှာ ပညာသင်ကြားဖို့ဆိုတာမလွယ်ကူတဲ့ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ရောဂါပိုးမွှားဆိုးတွေနဲ့လည်း ပြည့်နှက်နေတော့ အကျပ်အတည်းအတော်ဖြစ်ကြပါတယ်။
ဒါပေမယ့် သူမက ပိုလန်လျှိူ့ဝှက်ပညာသင်ကြားရေးစခန်းမှာ ပညာခိုးသင်ခဲ့ပါတယ်။ ဒီလို အခက်အခဲတွေကြားက ပညာသင်ကြားရပေမယ့်လည်း သူမက အမြဲတမ်း အတန်းထဲမှာ ထူးချွန်သူတစ်ဦးဖြစ်ခဲ့ပါတယ်။ သူမ အသက်(၁၀)နှစ်ရောက်တော့ သူတို့စာသင်ကျောင်းလေးမှာ ကူးစက်ရောဂါပိုးပျံ့နှံ့မှုကြောင့် သူမ ရဲ့ မိခင်နဲ့ ညီမလေးတို့ သေဆုံးခဲ့ကြပါတယ်။ ဒီလိုငယ်ရွယ်တဲ့အသက်အရွယ်မှာ အဖြစ်အပျက်ဆိုးကြီးနဲ့ကြုံတွေ့လိုက်ရတော့ သူမစိတ်အလွန်ထိခိုက်ခဲ့ရပါတယ်။
ဆေးပညာတွေမတိုးတက်သေးလို့၊ သိပ္ပံပညာတွေမတိုးတက်သေးလို့ သူမရဲ့ မိခင်နဲ့ညီမငယ် မသေသင့်ဘဲသေရတယ်ဆိုတဲ့အတွေးကသူမကို အထူးချွန်ဆုံးသိပ္ပံပညာရှင်တစ်ယောက်ဖြစ်အောင်တွန်းအားပေးခဲ့တယ်လို့ပဲ ဆိုရမှာပေါ့။
မာရီကျူရီက အထက်တန်းပြီးအောင်တော့ကျောင်းဆက်တက်ခဲ့ပေမယ့်သူမရဲ့ စိတ်ဝေဒနာအခြေအနေက ပိုပိုဆိုးရွားလာတာကြောင့် ပညာရေးစခန်းကနေ သူမရဲ့ဖခင်ထံကို ပြန်အပ်ခဲ့ရပါတယ်။ မာရီက သူမရဲ့စိတ်ရောဂါကို သူ့ရဲ့ကျေးရွာလေးမှာ ကုသခဲ့ရပါတယ်။ သူမ သက်သာလာတဲ့အခါ ဆယ့်ခုနစ်နှစ်အရွယ်ရောက်တော့ သူမက Warsaw တက္ကသိုလ်တွင် ပညာသင်ကြားခွင့်လျှောက်တော့ အမျိုးသမီးဖြစ်နေတာကြောင့် လျှောက်လွှာပယ်ချခြင်းခံခဲ့ရပါတယ်။ ဒါကြောင့် သူမက ၁၈၉၁ ခုနှစ်မှာ ပြင်သစ်နိုင်ငံကို စကော်လာနဲ့ ပညာသွားသင်ခဲ့ပါတယ်။
သူမက ၁၈၉၃ မှာ ရူပဗေဒပညာရပ်ဖြင့် ဒီဂရီဘွဲ့ရရှိခဲ့ပါတယ်။ ဒီလိုနဲ့ သူမက သံလိုက်စွမ်းရည်နဲ့ စတီး၏ ဓာတ်ပြု၊ဓာတ်ပေါင်းစွမ်းရည်ကို လေ့လာစမ်းသပ်ရင်း သိပ္ပံပညာရှင် ပယ်ရီကျူရီနဲ့ ချစ်ကျွမ်းဝင်လက်ထပ်ခဲ့ကြပါတယ်။
မာရီ က သူမရဲ့ လုပ်ငန်းသက်တမ်းတစ်လျှောက်မှာ သူမက အမျိုးသမီးဖြစ်တာကြောင့် များစွာသော တိုက်ခိုက်မှုတွေ၊ အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါ့အပြင် အမျိုးသား၊ အမျိုးသမီး ခွဲခြားဆက်ဆံခြင်း ကို လည်းများစွာ ကြုံတွေ့ခဲ့ရပါတယ်။ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေကြားမှာဆိုလည်း သူမက တစ်ဦးတည်းသောအမျိုးသမီးဖြစ်ပါတယ်။
မာရီရဲ့ကြိုးစားမှုကြောင့် ဧပြီလ ၁၈၉၈ခုနှစ်မှာ သူမဟာ ယူရေနီယံသတ္တုတစ်မျိုးကထုတ်လွှတ်တဲ့ Becquerel ဓာတ်ရောင်ခြည်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီလို ရေဒီယို သတ္တုကြွခြင်းဖြစ်စဉ်ကိုရှာဖွေတွေ့ရှိခဲ့တဲ့အတွက် ၁၉၀၃ ခုနှစ်မှာ ပထမနိုဘယ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့အချိန်တုန်းကလည်း နိုဘယ်အဖွဲ့အစည်းက သူမကို အမျိုးသမီးဖြစ်နေခြင်းကြောင့် ဆုရထိုက်သူစာရင်းကနေ ပယ်ထုတ်ဖို့ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒီအကြောင်းအရာတွေကြောင့် မာရီကျူရီက အမျိုးသမီးတွေအတွက် စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်လာရခြင်းပါ။ အမျိုးသမီးတွေဟာလည်း အမျိုးသားတွေနဲ့ တန်းတူပညာသင်ခွင့်ရှိကြောင်း၊ အမျိုးသမီးတွေဟာလည်း အမျိုးသားတွေလိုပဲ တွေးခေါ်နိုင်စွမ်းရှိကြောင်း၊ အမျိုးသမီးတွေက ထူးချွန်ဆုတွေနဲ့ထိုက်တန်ကြောင်းတွေကို ပထမဦးဆုံးသက်သေထူပြခဲ့တဲ့ အမျိုးသမီးထုကြီးရဲ့ လမ်းပြကြယ်တစ်ပွင့်ဖြစ်ပါတယ်။
ဒါကြောင့် အမျိုသမီးတွေအားလုံး လေးစားအတုယူအားကျစရာကောင်းတဲ့ နိုဘယ်ဆုရှင် မာရီကျူရီအကြောင်းကို ဂုဏ်ယူစွာဖော်ပြလိုက်ရပါတယ်။
အမျိုးသမီးထု၏လမ်းပြကြယ် သိပ္ပံပညာရှင်မာရီကျူရီ
အမျိုးသမီးသိပ္ပံပညာရှင် မာရီကျူရီက နိုဘယ်ဆု(၂)ဆုချီးမြှင့်ခြင်းခံထားရတဲ့ ပထမဆုံးအမျိုးသမီးပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ သူကထူးချွန်တဲ့အမျိုးသမီးဖြစ်ရုံသာမက သူ့ဘဝဇာတ်ကြောင်းအရလည်း သူက အမျိုးသမီးထုရဲ့ လမ်းပြကြယ်ဆိုလည်းမမှားပါဘူး။
မာရီကျူရီက ပိုလန်နိုင်ငံက ဆင်းရဲနွမ်းပါးတဲ့မိသားစုတစ်ခုကနေ နိုဝင်ဘာ ၇၊ ၁၈၆၇ တွင်မွေးဖွားခဲ့ပါတယ်။ အဲ့အချိန်တုန်းက ပိုလန်နိုင်ငံက ရုရှားရဲ့ နယ်ချဲ့အုပ်ချုပ်မှုအောက်မှာကျရောက်နေခဲ့တဲ့အတွက် တော်တော်မအေးချမ်းတဲ့ အချိန်ကာလတစ်ခုပါ။ ဒီလိုကာလမှာ ပညာသင်ကြားဖို့ဆိုတာမလွယ်ကူတဲ့ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ရောဂါပိုးမွှားဆိုးတွေနဲ့လည်း ပြည့်နှက်နေတော့ အကျပ်အတည်းအတော်ဖြစ်ကြပါတယ်။
ဒါပေမယ့် သူမက ပိုလန်လျှို့ဝှက်ပညာသင်ကြားရေးစခန်းမှာ ပညာခိုးသင်ခဲ့ပါတယ်။ ဒီလို အခက်အခဲတွေကြားက ပညာသင်ကြားရပေမယ့်လည်း သူမက အမြဲတမ်း အတန်းထဲမှာ ထူးချွန်သူတစ်ဦးဖြစ်ခဲ့ပါတယ်။ သူမ အသက်(၁၀)နှစ်ရောက်တော့ သူတို့စာသင်ကျောင်းလေးမှာ ကူးစက်ရောဂါပိုးပျံ့နှံ့မှုကြောင့် သူမ ရဲ့ မိခင်နဲ့ ညီမလေးတို့ သေဆုံးခဲ့ကြပါတယ်။ ဒီလိုငယ်ရွယ်တဲ့အသက်အရွယ်မှာ အဖြစ်အပျက်ဆိုးကြီးနဲ့ကြုံတွေ့လိုက်ရတော့ သူမစိတ်အလွန်ထိခိုက်ခဲ့ရပါတယ်။