St. Valentine ဆိုတာဘယ်သူလဲ? ဘာကြောင့် ဖေဖော်ရီ ၁၄ ရက်နေ့ကို Valentine’ Day လို့သတ်မှတ်ခဲ့တာလဲဆိုတော့
၁. ဖေဖော်ရီလ ၁၄ ရက်နေ့မှာ တစ်ကမ္ဘာလုံးမှာရှိတဲ့ချစ်သူတွေ ချစ်တဲ့သူအချင်းချင်းတွေ ချောကလက်၊ ပန်းစည်း၊ သကြားလုံးစတဲ့ လက်ဆောင်တွေဖလှယ်ကြပြီး အဲ့ဒီနေ့ကို Valentine’ Day လို့သတ်မှတ်ထားကြပါတယ်။
ဒီလိုရိုးရာဓလေ့ဟာ ရောမမြို့ကနေစတင်ခဲ့တယ်လို့လဲ ပြောကြပါတယ်။ ဒဏ္ဏာရီတစ်ခုမှာတော့ ဗယ်လယ်တိုင်းဆိုတာ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး ရောမခေတ်ရဲ့ တတိယရာစုနှစ်မှာ အမှုထမ်းခဲ့တာပါ။ အဲဒီခေတ်တုန်းက ရောမဘုရင် Claudius II က အိမ်ထောင်မရှိသော တစ်ကိုယ်ရေအမျိုးသားများသည် ဇနီး၊ မိသားစုရှိသူများထက်ပိုမိုကောင်းမွန်သော စစ်သည်များဖြစ်သည်ဟုဆုံးဖြတ်ချက်ချပြီး လူငယ်ချင်း ချစ်ကြိုက်ထိမ်းမြားခွင့်ကို တားမြစ်ခဲ့ပါတယ်။ အဲ့အချိန်မှာပဲ ခရစ်ယာန်ဘုန်းတော်ကြီး ဗယ်လင်တိုင်းက ဘုရင့်အမိန့် မတရားမှုကို သဘောပေါက်ပြီး လူငယ်ချစ်သူစုံတွဲတိုင်းကို လျို့ဝှက်ထိမ်းမြားလက်ထပ်ပေးခဲ့ပါတယ်။ ဒီလုပ်ရပ်ကို ရောမဘုရင် Claudius II သိသွားတဲ့အခါမှာတော့ ခရစ်ယာန်ဘုန်းတော်ကြီး ဗယ်လင်တိုင်းကို သတ်မိန့်ပေးခဲ့ပါတယ်။ ဖေဖော်ရီ ၁၄ ရက်နေ့မှာ ခရစ်ယာန်ဘုန်းတော်ကြီး ဗယ်လင်တိုင်းကို သတ်မိန့်ချခံရပြီး သေဆုံးသွားတာမို့ အဲ့ဒီနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ Valentine’ Day လို့သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
တစ်ချို့ကလည်း ခရစ်ယာန်ဘုန်းတော်ကြီး ဗယ်လင်တိုင်းက ရောမအကျဉ်းထောင်မှာ အဖမ်းခံထားရတဲ့ ခရစ်ယာန်တစ်ချို့ကို လွတ်မြောက်စေဖို့ကြိုးပမ်းခဲ့တဲ့အတွက် အသတ်ခံရတယ်လို့လဲပြောကြပါတယ်။
နောက်ဒဏ္ဏာရီတစ်ခုမှာလည်း ခရစ်ယာန်ဘုန်းတော်ကြီး ဗယ်လင်တိုင်းထောင်ကျနေစဉ်အတွင်းမှာ ထောင်မှုးရဲ့သမီးနဲ့ တွေ့ရှိပြီး မေတ္တာမျှခဲ့ကြလို့ အသတ်ခံခဲ့ရတာဖြစ်ပြီး သူအသတ်မခံရခင်နောက်ဆုံးအချိန်မှာ သူ့ချစ်သူဖြစ်တဲ့ ထောင်မှုးသမီးလေးကို “From your valentine” ဆိုတဲ့စာလေးပေးခဲ့ပါတယ်။ ဒီ Valentineရဲ့ ချစ်ပုံပြင်ရဲ့နောက်ကွယ်ကအမှန်တရားက မှေးမှိန်သွားသော်လည်း သူရဲ့သူရဲကောင်းဆန်မှုနဲ့စာနာမှုတွေက အင်္ဂလန်နဲ့ ပြင်သစ်မှာ အထင်ရှားဆုံးသောသူတော်စင်များထဲမှ တစ်ယောက်ဖြစ်လာပြီး Valentine ကိုဂုဏ်ပြုတဲ့အနေနဲ့လည်း Valentine ’Day ကိုသတ်မှတ်ခဲ့ကြတယ်လို့လဲပြောကြပါတယ်။
၂. St. Valentine ရဲ့အမည်အရင်းက St. Valentine Berrio-Ochoa ဖြစ်ပါတယ်။
၃. ခရစ်ယာန်ဘုန်းတော်ကြီး St. Valentine သည် ခရစ်ယာန်ဘာသာအရ ပျားမွေးမြူရေးနဲ့ ဝက်ရူးပြန်သူများအတွက် နာယဂသူတော်စင်ဖြစ်တယ်လို့ ရေးထားပါတယ်။ ဒါပေမယ့် လူအများက သူ့ ရဲ့ သနားကြင်နာတတ်သောစိတ်၊ စာနာတတ်သောစိတ်၊ သူရဲကောင်းဆန်သောစိတ်ရှိခြင်းကြောင့် သူ့ကို ဘေးဥပါတ်အန္တရာယ်များ၊ ကြားဝင်ဖြန်ဖြေခြင်းကိစ္စများအပြင် ချစ်သူခြင်းစေ့စပ်ခြင်း ထိမ်းမြားလက်ထပ်ခြင်းရဲ့ နာယဂသူတော်စင်အဖြစ်တောင်းဆိုသတ်မှတ်ခြင်းခံသူဖြစ်ပါတယ်။
၄. St. Valentine ရဲ့ ပန်းပွင့်တန်ဆာဆင်ထားတဲ့ဦးခေါင်းခွံကို ယခုအချိန်ထိ ရောမမြို့၊ Cosmedin ရှိ Santa Maria ရဲ့ Basilica တွင်ပြသထားပါတယ်လို့ ဖော်ပြထားပါတယ်။
၅. အင်္ဂလိပ်ကဗျာဆရာ Geoffrey Chaucer က Valentine Day ကိုတီထွင်ခဲ့ခြင်းဖြစ်ပါတယ်။ ဖေဖော်ရီ ၁၄ ရက်နေ့ကို Valentine’ Day အဖြစ်သတ်မှတ်ခဲ့ကြပေမယ့် ဒီနေ့လို ပန်းစည်းတွေ၊ ချော့ကလက်၊ သကြားလုံးနဲ့ လက်ဆောင်တွေပေးပြီး ချစ်ခြင်းမေတ္တာအထိမ်းအမှတ်အခမ်းအနားများ မပြုလုပ်ခဲ့ကြပါဘူး။ ၁၃၇၅ ခုနှစ်က Chaucer ကရေးသားခဲ့သောကဗျာတစ်ပုဒ်ကြောင့် ဒီနေ့လိုမျိုး Valentine’ Day ဖြစ်လာခဲ့တာလို့ရေးသားထားပါတယ်။

Wooden letters forming phrase Valentines day
၆. Valentine’s Day ကို တစ်နှစ်မှာ ၅ကြိမ်လောက် ကျင်းပနိုင်ပါတယ်တဲ့။ ဖေဖော်ရီ ၁၄ ရက်နေ့တစ်ရက်ထဲကသာ Valentine’s Day မဟုတ်ပါဘူးတဲ့။ နိုဝင်ဘာ ၃ ရက်၊ ဇူလိုင်လ ၆ ရက်၊ ဇူလိုင်လ ၂၅ ရက်၊ ဇူလိုင်လ ၃၀ ရက်ရက်တွေမှာလည်း Valentine’s Day ကို ကျင်းပလို့ရပါတယ်လို့ဖော်ပြထားပါတယ်။
Lifestyle_Myanmar
Nway
Source – history