သက်ရှည်ကျန်းမာ Blue Zones များ
sayar.com.mm
|
2021-03-10

သက်ရှည်ကျန်းမာ Blue Zones များ

ကမ္ဘာပေါ်မှာ အသက် ၁၀၀ ကျော် ရှိသူများ နေထိုင်လျက်ရှိတဲ့ နေရာများကို Dan Buettner ဆိုသူက အထူးလေ့လာခဲ့ပါတယ်။National Geographic Society အဖွဲ့ကြီးရဲ့ ကူညီမှုနဲ့ လေ့လာ နိုင်ခဲ့ကြောင်း သိရပါတယ်။ ယနေ့ ကမ္ဘာ့လူသားများကို အများဆုံးဒုက္ခပေးနေတဲ့ ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကင်ဆာ၊ စိတ်မကျန်းမာမှု စတဲ့ရောဂါများနဲ့ ဝေးကွာပြီး အသက်ရှည်ရှည် ကျန်းကျန်းမာမာ၊ ကိုယ်စိတ်ချမ်းသာစွာ နေထိုင်နိုင်ကြတဲ့ ဒေသများကို အပြာရောင်ဇုန် (Blue Zones) များလို့လည်း ခေါ်ဝေါ်ထားပါတယ်။ ကမ္ဘာ့မြေပုံပေါ်မှာ စာရေးမင်အပြာရောင်နဲ့ ဝိုင်းထားလေ့ရှိတာမို့ Blue Zones လို့ ခေါ်ကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့၂၀၀၀ ပြည့်နှစ် အစောပိုင်းက ကမ္ဘာ့သက်တမ်းရှည်ဒေသ လေးခုရှိကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။

၁။ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းကို ကမ္ဘာကျော် သက်တမ်းရှည်ဒေသအဖြစ် လူသိများပါတယ်။ Hari Hachi Bu ခေါ် ရှေးပညာရှင်ကြီး ကွန်ဖြူးရှပ်စ်ရဲ့ "အစာအိမ်ရဲ့ ၈၀ ရာခိုင်နှုန်းကိုသာ ပြည့်အောင်စား၊ အသက်ရှည်မယ်" ဆိုတဲ့ သြဝါဒအတိုင်း လိုက်နာကြတာ ဖြစ်ပါတယ်။ နေ့စဉ် ကီလိုကယ်လိုရီ ၁ç၈၀၀ ကနေ ၁ç၉၀၀ ခန့်သာ စားသုံးကြပါတယ်။ အသက်ကြီးသူများရဲ့ Body Mass Index (BMI) ကိုယ်အလေးချိန်နဲ့ အရပ်အချိုးဟာ ၁၈ ဒသမ ၂၂ သာ ရှိကြပါတယ်။ အမေရိကန်နိုင်ငံ မှာဆို အသက် ၆၀ ကျော်များရဲ့BMI ဟာ ၂၆ - ၂၇ ရှိပါတယ်။

၂။ ပါကစ္စတန်နိုင်ငံမှာရှိတဲ့ ဟန်ဇာတောင် ကြားဒေသ (Hunza Valley) ဖြစ်ပါတယ်။ ဒေသခံအများစုဟာ အသက် ၉၀ အထိ ရောဂါဘယ မထွေပြားဘဲ နေနိုင်ကြတယ်။ သက်တမ်း ၁၂၀ နှစ်အထိ နေနိုင်ကြတယ်လို့ ပြောစမှတ် ပြုကြပါတယ်။ သူတို့ရဲ့ အဓိကအစားအစာကတော့ အစေ့အဆန်တွေ၊ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေပဲ ဖြစ်ကြပါတယ်။ ပင်လယ် ရေပြင် အထက်အမြင့် ၇,၉၉၉ ပေ (၂ç၄၃၈ မီတာ) အမြင့်မှာ တည်ရှိပါတယ်။

၃။ အီကွေဒေါနိုင်ငံမှာရှိတဲ့ ဗီလ်ကာဘမ်းဘား ဒေသ (Vilcabamba, Equator) ဖြစ်ပါတယ်။ ရှေးအင်ကာလူမျိုးများရဲ့ "ကစားကွင်း" လို့ အဓိပ္ပာယ်ရပါတယ်။ Mandango တောင်ကြီးကိုအိပ်ပျော်နေသော အင်ကာ(Sleeping Inca) လို့ ခေါ်ကြပါတယ်။ သဘာဝဘေးအန္တရာယ်တွေ ဖြစ်တဲ့ ငလျင်လှုပ်၊ မီးတောင်ပေါက်၊ လေပြင်းမုန်တိုင်းတိုက်ခြင်း စသည်တို့ ကင်းဝေးတယ်လို့ ဆိုကြပါတယ်။ ဒီဒေသမှာထွက်တဲ့ ရေက Mineral Water တဲ့။ သတ္တုဓာတ်တွေ သဘာဝအတိုင်း ပျော်ဝင်နေတဲ့ ရေပါ။ ဒေသခံတွေဟာ အသက် ၁၂၀ တိုင်အောင် ရှည်နိုင်ကြတယ်လို့ ဆိုစမှတ်ပြု ကြပါတယ်။

၄။ ယခင် ဆိုဗီယက်ယူနီယံမှာပါတဲ့ အက်ဗ်ခါးဇီးယားဒေသ (Abkhasia, Soviet Union) ဖြစ်ပါတယ်။ စစ်အေးကာလအတွင်းက ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး လူများနေထိုင်ရာ ဒေသဖြစ်ကြောင်း သိရပါတယ်။ လူအများစုတို့ဟာ အသက် ၉၀ နှစ်အထိ ကျန်းမာ ကြတယ်။ ဥရောပတိုက်မှာ ပလိပ်ရောဂါဆိုးကြီး (Plague) ဖြစ်ပွားစဉ်က ဒီဒေသကို လုံး၀ မကူးစက်ခဲ့ဘူးလို့ သိရပါတယ်။

အခုအခါမှာ သက်တမ်းရှည်ဒေသများကို အောက်ပါအတိုင်း တွေ့ရပါတယ်-
၁။ ဂရိနိုင်ငံက အီကာရီးယားကျွန်း (Ikaria, Greece)
၂။ အိုကီနာဝါကျွန်း၊ ဂျပန်နိုင်ငံ (Okinawa, Japan)
၃။ အိုဂလီယာစထရာဒေသ၊ ဆာဒီးနား၊ အီတလီနိုင်ငံ (Ogliastra Region, Italy)
၄။ လိုမာလင်ဒါ၊ ကာလီဖိုးနီးယား၊ အမေရိကန်ပြည်ထောင်စု (Loma Linda, California, USA)
၅။ နီကိုယာ ကျွန်းဆွယ်ဒေသ၊ ကော်စတာ ရီကာနိုင်ငံ (Nicoya Peninsula, Costa Rica) တို့ ဖြစ်ကြပါတယ်။

အီကာရီးယားကျွန်း၊ ဂရိနိုင်ငံ
အီကာရီးယားကျွန်းကလေးဟာ ဂရိနိုင်ငံပိုင်ဖြစ်ပြီး တူရကီနိုင်ငံ ကမ်းခြေနဲ့ ရှစ်မိုင်အကွာ အေဂျီယံပင်လယ်တွင်းမှာ ရှိပါတယ်။ ကျွန်းသူကျွန်းသားအများစုတို့ဟာ အသက်အလယ် အလတ်တန်းမှာ သေဆုံးမှုနဲ့ Dementia ခါ် မှတ်ဉာဏ်လျော့ပါးမှု အနည်းဆုံးဖြစ်ကြောင်း တွေ့ရပါတယ်။ သက်တမ်းကလည်း တော်တော်လေး ရှည်လျားကြပါတယ်။

သူတို့ရဲ့ အဓိကအစားအစာက မြေထဲပင်လယ်ဒေသ အစားအစာပုံစံဖြစ်ပြီး ဟင်းသီးဟင်းရွက် အသီးအနှံတွေ၊ သံလွင်ဆီများများ (ကောင်းတဲ့အဆီဓာတ်များ) တို့ ဖြစ်ကြပြီး နို့နဲ့ နို့ထွက်ပစ္စည်း၊ အသားတို့ကို အနည်းငယ်မျှသာ စားသုံးလေ့ရှိကြပါတယ်။ လူသုံးယောက်မှာ တစ်ယောက်နှုန်းတို့က အသက် ၉၀ ကျော် ရှိနေကြပြီး ကမ္ဘာပေါ်မှာ အသက် ၉၀ ကျော်အရွယ် အများဆုံးနေထိုင်တဲ့ ဒေသလည်း ဖြစ်ပါတယ်။ကင်ဆာဖြစ်နှုန်း၂၀ ရာခိုင်နှုန်းကျော်၊ နှလုံးရောဂါနဲ့ သတိမေ့မှတ်ဉာဏ်လျော့ Dementia ဖြစ်နှုန်း ၅၀ ရာခိုင်နှုန်းကျော် လျော့နည်းတဲ့ ဒေသ ဖြစ်ကြောင်းလည်း သိရပါတယ်။

အိုကီနာဝါကျွန်း၊ ဂျပန်နိုင်ငံ
အိုကီနာဝါကျွန်းဟာ ဂျပန်ကျွန်းဆွယ်ရဲ့ အကြီးဆုံးကျွန်းတစ်ခုဖြစ်ပြီး အသက်ရာကျော် ရှည်ကြသူ အများဆုံး နေထိုင်ကြတဲ့ကျွန်း ဖြစ်ပါတယ်။ အသီးအနှံတွေ၊ မုန်လာဥ၊ ပဲပိစပ်၊ နနွင်း၊ ကြက်ဟင်းခါးသီး စသည်တို့ကို အဓိကစားသုံးကြ တယ်လို့ သိရပါတယ်။

ဆာဒီးနားတောင်တန်းဒေသ၊ အီတလီနိုင်ငံ
အီတလီနိုင်ငံရဲ့ ဆာဒီးနားတောင်တန်းဒေသ မှာရှိတဲ့ အိုဂလီယာစထရာဒေသမှာ အသက်ရာကျော် အမျိုးသားများစွာ နေထိုင်နေကြတာကို တွေ့ရပါတယ်။ အသက် ၆၅ နှစ်အောက် သေဆုံးမှုက တော်တော်နည်းပါးလှပါတယ်။ ဆီးချို၊ သွေးတိုး၊ ကင်ဆာရောဂါ ဖြစ်ပွားမှု နည်းပါးလှပါတယ်။ သူတို့ရဲ့ အစားအစာမှာ အသားဓာတ် တော်တော်နည်းပါးကြောင်း တွေ့ရပါတယ်။ ုနကူသ ခေါ် ရွာကလေးမှာ အသက်ရာကျော်သူ အမျိုးသား ၂၀ ဦးခန့် ၁၉၉၆ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ နေထိုင်ခဲ့ကြောင်း သိရပါတယ်။

လိုမာလင်ဒါ၊ ကာလီဖိုးနီးယားပြည်နယ်
အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားဒေသမှာ ရှိတဲ့ လိုမာလင်ဒါဒေသမှာ သတ္တမမြောက် ဥပုသ်အသင်းတော်ဝင် အများစုနေထိုင်ကြပြီး အမေရိကန်နိုင်ငံသားအများစုရဲ့ သက်တမ်းထက် ၁၀ နှစ်ကျော် ပိုအသက်ရှည်ကြကြောင်း တွေ့ရပါတယ်။ ကျမ်းစာလာအတိုင်း အစေ့အဆန်တွေ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များသာ စားသုံးကြ ကြောင်း သိရပါတယ်။

နီကိုယာကျွန်းဆွယ်ဒေသ၊ ကော်စတာရီကာနိုင်ငံ
နီကိုယာကျွန်းဆွယ်ဒေသ၊ ကော်စတာရီကာနိုင်ငံတွင် မိုင် ၈၀ ရှည်ပြီး မိုင် ၃၀ မျှ ရှည်လျားတဲ့ကမ်းခြေ ရှိပါတယ်။ အလယ်အလတ်တန်း အရွယ်များ သေဆုံးမှု အလွန်နည်းပါးပြီး ကမ္ဘာပေါ် မှာ အသက်ရာကျော်ရှည် အမျိူးသားများ ဒုတိယ အများဆုံး နေထိုင်ရာလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ အသက်ရှည်ရခြင်း လျှို့ဝှက်ချက်ကတော့ လူမှုရေးလုပ်ငန်းတွေ အလွန်လုပ်ကြတယ်။ စုပေါင်းဆောင်ရွက်မှုတွေ လုပ်ကြတယ်၊ ညီညွတ်ကြတယ်၊ ပျော်ပျော်နေတတ်ကြတယ်၊ တတ်နိုင်သလောက် ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ကြတယ် ဆိုတာပါပဲ။

၁။ သွားလာကြတဲ့အခါ သဘာဝအတိုင်းသွားလေ့ရှိကြပါတယ်။ လမ်းလျှောက်မယ်၊ စက်ဘီးစီးမယ်၊ လှေစီး လှေလှော်မယ် စသည်ဖြင့် လုပ်လေ့ရှိကြပါတယ်။ ဥယျာဉ်စိုက်ကြတယ်၊ အိမ်အလုပ်တွေ လုပ်ကြပါတယ်။

၂။ နံနက်အိပ်ရာကနိုးတာနဲ့ အိုကီနာဝါ ကျွန်းသားတွေက Ikigai ၊ နီကိုယာသားတွေက Plan De Vida လို့ ဆိုကြတယ်။ နေ့သစ်တစ်နေ့ ရပြီဖြစ် လို့ သိပ်ပျော်ရွှင်တယ်၊ မင်္ဂလာပြည့်ဝလှတယ်လို့ ကောင်းစွာ နှလုံးသွင်းကြပါတယ်။ ဒီလိုလုပ်ခြင်းကြောင့် ခုနစ်နှစ်တာမျှ ပိုမိုအသက်ရှည်ကြောင်း သိရပါတယ်။

၃။ စိတ်ဖိစီးမှုတွေကို လျှော့ချကြတယ်။ သတ္တမမြောက် ဥပုသ်အသင်းတော်ဝင်တွေက ဘုရားသခင်ထံ ဝတ်ပြုဆုတောင်းကြတယ်။ အီကာရီးယမ်းသားတွေက နေ့လယ် ပိုအိပ်ကြတယ်။ ဆာဒီးနားသားတွေက ပျော်ပျော်ရွှင်ရွှင် အလုပ် ပိုလုပ်ကြကြောင်း သိရပါတယ်။

၄။ ၈၀ ရာခိုင်နှုန်း ျွကူန တဲ့။ သူတို့ရဲ့ဗိုက်ကိုအပြည့်မစားကြဘူး။ အစာအိမ်ရဲ့ ၈၀ ရာခိုင်နှုန်း ကိုပဲ ဖြည့်ပေးကြလေ့ရှိပါတယ်။ ညနေစာကို အနည်းဆုံးမျှသာ စားကြတာ တွေ့ရပါတယ်။

၅။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအနှံတွေကို ကိုယ်တိုင်စိုက်ပျိုးက၊ စားသုံးကြပါတယ်။ အစေ့အဆန်တွေကို အဓိကစားသုံးကြပါတယ်။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို စားသုံးလေ့ ရှိကြပြီး အသားကို အနည်းငယ်မျှသာ စားလေ့ ရှိကြပါတယ်။

၆။ ဝိုင်ကို အသင့်အတင့် သောက်သုံးကြပါတယ်။ ပွဲလမ်းသဘင်များမှာ ဝိုင်းဖွဲ့ သောက်သုံးခြင်းဟာ အစဉ်အလာတစ်ခု ဖြစ်ပါတယ်။

၇။ ဘာသာတရားများအပေါ် လေးစားယုံကြည်ကြပြီး လိုက်နာကျင့်သုံးလေ့ရှိကြပါတယ်။ ဒီအလေ့အကျင့်ကြောင့် သက်တမ်း လေးနှစ်မှ ၁၄နှစ်အထိ အသက်ပိုရှည်ကြကြောင်း တွေ့ရပါတယ်။

၈။ မိသားစုကို အထူးချစ်ခင်ကြပြီး နွေးထွေးတဲ့ မိသားစုပုံသဏ္ဌာန်များ ပိုင်ဆိုင်လေ့ရှိကြပါတယ်။ မိဘ၊ အဘိုးအဘွား၊ သားသမီးမြေးမြစ်များ စုပေါင်းနေထိုင်လေ့ရှိကြပါတယ်။ ဒါဟာ အပြာရောင်ဇုန် (Blue Zones) ဒေသခံအများစုရဲ့ နှစ်သက်ဖွယ်စရိုက် ဖြစ်ပါတယ်။

၉။ ကလျာဏမိတ္တ မိတ်ဆွေကောင်းများရှိကြပြီး အချင်းချင်း ချစ်ခင်စည်းရုံးကြတယ်။ ကောင်းမွန်တဲ့ လူမှုရေးလုပ်ငန်းတွေ စုပေါင်း ဆောင်ရွက်လေ့ရှိကြပါတယ်။

ဒီအချက်တွေကို Power-9 လို့လည်း ခေါ်ကြ ပါတယ်။

Cေredit : ဒါက်တာ မြင့်သန်း (ညောင်လေးပင်) - Ref : Blue Zone, Internet

သက်ရှည်ကျန်းမာ Blue Zones များ

ကမ္ဘာပေါ်မှာ အသက် ၁၀၀ ကျော် ရှိသူများ နေထိုင်လျက်ရှိတဲ့ နေရာများကို Dan Buettner ဆိုသူက အထူးလေ့လာခဲ့ပါတယ်။National Geographic Society အဖွဲ့ကြီးရဲ့ ကူညီမှုနဲ့ လေ့လာ နိုင်ခဲ့ကြောင်း သိရပါတယ်။ ယနေ့ ကမ္ဘာ့လူသားများကို အများဆုံးဒုက္ခပေးနေတဲ့ ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကင်ဆာ၊ စိတ်မကျန်းမာမှု စတဲ့ရောဂါများနဲ့ ဝေးကွာပြီး အသက်ရှည်ရှည် ကျန်းကျန်းမာမာ၊ ကိုယ်စိတ်ချမ်းသာစွာ နေထိုင်နိုင်ကြတဲ့ ဒေသများကို အပြာရောင်ဇုန် (Blue Zones) များလို့လည်း ခေါ်ဝေါ်ထားပါတယ်။ ကမ္ဘာ့မြေပုံပေါ်မှာ စာရေးမင်အပြာရောင်နဲ့ ဝိုင်းထားလေ့ရှိတာမို့ Blue Zones လို့ ခေါ်ကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့၂၀၀၀ ပြည့်နှစ် အစောပိုင်းက ကမ္ဘာ့သက်တမ်းရှည်ဒေသ လေးခုရှိကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။

၁။ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းကို ကမ္ဘာကျော် သက်တမ်းရှည်ဒေသအဖြစ် လူသိများပါတယ်။ Hari Hachi Bu ခေါ် ရှေးပညာရှင်ကြီး ကွန်ဖြူးရှပ်စ်ရဲ့ "အစာအိမ်ရဲ့ ၈၀ ရာခိုင်နှုန်းကိုသာ ပြည့်အောင်စား၊ အသက်ရှည်မယ်" ဆိုတဲ့ သြဝါဒအတိုင်း လိုက်နာကြတာ ဖြစ်ပါတယ်။ နေ့စဉ် ကီလိုကယ်လိုရီ ၁ç၈၀၀ ကနေ ၁ç၉၀၀ ခန့်သာ စားသုံးကြပါတယ်။ အသက်ကြီးသူများရဲ့ Body Mass Index (BMI) ကိုယ်အလေးချိန်နဲ့ အရပ်အချိုးဟာ ၁၈ ဒသမ ၂၂ သာ ရှိကြပါတယ်။ အမေရိကန်နိုင်ငံ မှာဆို အသက် ၆၀ ကျော်များရဲ့BMI ဟာ ၂၆ - ၂၇ ရှိပါတယ်။

၂။ပါကစ္စတန်နိုင်ငံမှာရှိတဲ့ ဟန်ဇာတောင် ကြားဒေသ (Hunza Valley) ဖြစ်ပါတယ်။ ဒေသခံအများစုဟာ အသက် ၉၀ အထိ ရောဂါဘယ မထွေပြားဘဲ နေနိုင်ကြတယ်။ သက်တမ်း ၁၂၀ နှစ်အထိ နေနိုင်ကြတယ်လို့ ပြောစမှတ် ပြုကြပါတယ်။ သူတို့ရဲ့ အဓိကအစားအစာကတော့ အစေ့အဆန်တွေ၊ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေပဲ ဖြစ်ကြပါတယ်။ ပင်လယ် ရေပြင် အထက်အမြင့် ၇,၉၉၉ ပေ (၂ç၄၃၈ မီတာ) အမြင့်မှာ တည်ရှိပါတယ်။

၃။ အီကွေဒေါနိုင်ငံမှာရှိတဲ့ ဗီလ်ကာဘမ်းဘား ဒေသ (Vilcabamba, Equator) ဖြစ်ပါတယ်။ ရှေးအင်ကာလူမျိုးများရဲ့ "ကစားကွင်း" လို့ အဓိပ္ပာယ်ရပါတယ်။ Mandango တောင်ကြီးကိုအိပ်ပျော်နေသော အင်ကာ(Sleeping Inca) လို့ ခေါ်ကြပါတယ်။ သဘာဝဘေးအန္တရာယ်တွေ ဖြစ်တဲ့ ငလျင်လှုပ်၊ မီးတောင်ပေါက်၊ လေပြင်းမုန်တိုင်းတိုက်ခြင်း စသည်တို့ ကင်းဝေးတယ်လို့ ဆိုကြပါတယ်။ ဒီဒေသမှာထွက်တဲ့ ရေက Mineral Water တဲ့။ သတ္တုဓာတ်တွေ သဘာဝအတိုင်း ပျော်ဝင်နေတဲ့ ရေပါ။ ဒေသခံတွေဟာ အသက် ၁၂၀ တိုင်အောင် ရှည်နိုင်ကြတယ်လို့ ဆိုစမှတ်ပြု ကြပါတယ်။

၄။ ယခင် ဆိုဗီယက်ယူနီယံမှာပါတဲ့ အက်ဗ်ခါးဇီးယားဒေသ (Abkhasia, Soviet Union) ဖြစ်ပါတယ်။ စစ်အေးကာလအတွင်းက ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး လူများနေထိုင်ရာ ဒေသဖြစ်ကြောင်း သိရပါတယ်။ လူအများစုတို့ဟာ အသက် ၉၀ နှစ်အထိ ကျန်းမာ ကြတယ်။ ဥရောပတိုက်မှာ ပလိပ်ရောဂါဆိုးကြီး (Plague) ဖြစ်ပွားစဉ်က ဒီဒေသကို လုံး၀ မကူးစက်ခဲ့ဘူးလို့ သိရပါတယ်။

အခုအခါမှာ သက်တမ်းရှည်ဒေသများကို အောက်ပါအတိုင်း တွေ့ရပါတယ်-
၁။ ဂရိနိုင်ငံက အီကာရီးယားကျွန်း (Ikaria, Greece)
၂။ အိုကီနာဝါကျွန်း၊ ဂျပန်နိုင်ငံ (Okinawa, Japan)
၃။ အိုဂလီယာစထရာဒေသ၊ ဆာဒီးနား၊ အီတလီနိုင်ငံ (Ogliastra Region, Italy)
၄။ လိုမာလင်ဒါ၊ ကာလီဖိုးနီးယား၊ အမေရိကန်ပြည်ထောင်စု (Loma Linda, California, USA)
၅။ နီကိုယာ ကျွန်းဆွယ်ဒေသ၊ ကော်စတာ ရီကာနိုင်ငံ (Nicoya Peninsula, Costa Rica) တို့ ဖြစ်ကြပါတယ်။

အီကာရီးယားကျွန်း၊ ဂရိနိုင်ငံ
အီကာရီးယားကျွန်းကလေးဟာ ဂရိနိုင်ငံပိုင်ဖြစ်ပြီး တူရကီနိုင်ငံ ကမ်းခြေနဲ့ ရှစ်မိုင်အကွာ အေဂျီယံပင်လယ်တွင်းမှာ ရှိပါတယ်။ ကျွန်းသူကျွန်းသားအများစုတို့ဟာ အသက်အလယ် အလတ်တန်းမှာ သေဆုံးမှုနဲ့ Dementia ခါ် မှတ်ဉာဏ်လျော့ပါးမှု အနည်းဆုံးဖြစ်ကြောင်း တွေ့ရပါတယ်။ သက်တမ်းကလည်း တော်တော်လေး ရှည်လျားကြပါတယ်။

သူတို့ရဲ့ အဓိကအစားအစာက မြေထဲပင်လယ်ဒေသ အစားအစာပုံစံဖြစ်ပြီး ဟင်းသီးဟင်းရွက် အသီးအနှံတွေ၊ သံလွင်ဆီများများ (ကောင်းတဲ့အဆီဓာတ်များ) တို့ ဖြစ်ကြပြီး နို့နဲ့ နို့ထွက်ပစ္စည်း၊ အသားတို့ကို အနည်းငယ်မျှသာ စားသုံးလေ့ရှိကြပါတယ်။ လူသုံးယောက်မှာ တစ်ယောက်နှုန်းတို့က အသက် ၉၀ ကျော် ရှိနေကြပြီး ကမ္ဘာပေါ်မှာ အသက် ၉၀ ကျော်အရွယ် အများဆုံးနေထိုင်တဲ့ ဒေသလည်း ဖြစ်ပါတယ်။

ကင်ဆာဖြစ်နှုန်း၂၀ ရာခိုင်နှုန်းကျော်၊ နှလုံးရောဂါနဲ့ သတိမေ့မှတ်ဉာဏ်လျော့ Dementia ဖြစ်နှုန်း ၅၀ ရာခိုင်နှုန်းကျော် လျော့နည်းတဲ့ ဒေသ ဖြစ်ကြောင်းလည်း သိရပါတယ်။

အိုကီနာဝါကျွန်း၊ ဂျပန်နိုင်ငံ
အိုကီနာဝါကျွန်းဟာ ဂျပန်ကျွန်းဆွယ်ရဲ့ အကြီးဆုံးကျွန်းတစ်ခုဖြစ်ပြီး အသက်ရာကျော် ရှည်ကြသူ အများဆုံး နေထိုင်ကြတဲ့ကျွန်း ဖြစ်ပါတယ်။ အသီးအနှံတွေ၊ မုန်လာဥ၊ ပဲပိစပ်၊ နနွင်း၊ ကြက်ဟင်းခါးသီး စသည်တို့ကို အဓိကစားသုံးကြ တယ်လို့ သိရပါတယ်။

ဆာဒီးနားတောင်တန်းဒေသ၊ အီတလီနိုင်ငံ
အီတလီနိုင်ငံရဲ့ ဆာဒီးနားတောင်တန်းဒေသ မှာရှိတဲ့ အိုဂလီယာစထရာဒေသမှာ အသက်ရာကျော် အမျိုးသားများစွာ နေထိုင်နေကြတာကို တွေ့ရပါတယ်။ အသက် ၆၅ နှစ်အောက် သေဆုံးမှုက တော်တော်နည်းပါးလှပါတယ်။ ဆီးချို၊ သွေးတိုး၊ ကင်ဆာရောဂါ ဖြစ်ပွားမှု နည်းပါးလှပါတယ်။ သူတို့ရဲ့ အစားအစာမှာ အသားဓာတ် တော်တော်နည်းပါးကြောင်း တွေ့ရပါတယ်။ ုနကူသ ခေါ် ရွာကလေးမှာ အသက်ရာကျော်သူ အမျိုးသား ၂၀ ဦးခန့် ၁၉၉၆ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ နေထိုင်ခဲ့ကြောင်း သိရပါတယ်။

လိုမာလင်ဒါ၊ ကာလီဖိုးနီးယားပြည်နယ်
အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားဒေသမှာ ရှိတဲ့ လိုမာလင်ဒါဒေသမှာ သတ္တမမြောက် ဥပုသ်အသင်းတော်ဝင် အများစုနေထိုင်ကြပြီး အမေရိကန်နိုင်ငံသားအများစုရဲ့ သက်တမ်းထက် ၁၀ နှစ်ကျော် ပိုအသက်ရှည်ကြကြောင်း တွေ့ရပါတယ်။ ကျမ်းစာလာအတိုင်း အစေ့အဆန်တွေ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များသာ စားသုံးကြ ကြောင်း သိရပါတယ်။

နီကိုယာကျွန်းဆွယ်ဒေသ၊ ကော်စတာရီကာနိုင်ငံ
နီကိုယာကျွန်းဆွယ်ဒေသ၊ ကော်စတာရီကာနိုင်ငံတွင် မိုင် ၈၀ ရှည်ပြီး မိုင် ၃၀ မျှ ရှည်လျားတဲ့ကမ်းခြေ ရှိပါတယ်။ အလယ်အလတ်တန်း အရွယ်များ သေဆုံးမှု အလွန်နည်းပါးပြီး ကမ္ဘာပေါ် မှာ အသက်ရာကျော်ရှည် အမျိုးသားများ ဒုတိယ အများဆုံး နေထိုင်ရာလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ အသက်ရှည်ရခြင်း လျှို့ဝှက်ချက်ကတော့ လူမှုရေးလုပ်ငန်းတွေ အလွန်လုပ်ကြတယ်။ စုပေါင်းဆောင်ရွက်မှုတွေ လုပ်ကြတယ်၊ ညီညွတ်ကြတယ်၊ ပျော်ပျော်နေတတ်ကြတယ်၊ တတ်နိုင်သလောက် ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ကြတယ် ဆိုတာပါပဲ။

၁။ သွားလာကြတဲ့အခါ သဘာဝအတိုင်းသွားလေ့ရှိကြပါတယ်။ လမ်းလျှောက်မယ်၊ စက်ဘီးစီးမယ်၊ လှေစီး လှေလှော်မယ် စသည်ဖြင့် လုပ်လေ့ရှိကြပါတယ်။ ဥယျာဉ်စိုက်ကြတယ်၊ အိမ်အလုပ်တွေ လုပ်ကြပါတယ်။

၂။ နံနက်အိပ်ရာကနိုးတာနဲ့ အိုကီနာဝါ ကျွန်းသားတွေက Ikigai ၊ နီကိုယာသားတွေက Plan De Vida လို့ ဆိုကြတယ်။ နေ့သစ်တစ်နေ့ ရပြီဖြစ် လို့ သိပ်ပျော်ရွှင်တယ်၊ မင်္ဂလာပြည့်ဝလှတယ်လို့ ကောင်းစွာ နှလုံးသွင်းကြပါတယ်။ ဒီလိုလုပ်ခြင်းကြောင့် ခုနစ်နှစ်တာမျှ ပိုမိုအသက်ရှည်ကြောင်း သိရပါတယ်။

၃။ စိတ်ဖိစီးမှုတွေကို လျှော့ချကြတယ်။ သတ္တမမြောက် ဥပုသ်အသင်းတော်ဝင်တွေက ဘုရားသခင်ထံ ဝတ်ပြုဆုတောင်းကြတယ်။ အီကာရီးယမ်းသားတွေက နေ့လယ် ပိုအိပ်ကြတယ်။ ဆာဒီးနားသားတွေက ပျော်ပျော်ရွှင်ရွှင် အလုပ် ပိုလုပ်ကြကြောင်း သိရပါတယ်။

၄။ ၈၀ ရာခိုင်နှုန်း ျွကူန တဲ့။ သူတို့ရဲ့ဗိုက်ကိုအပြည့်မစားကြဘူး။ အစာအိမ်ရဲ့ ၈၀ ရာခိုင်နှုန်း ကိုပဲ ဖြည့်ပေးကြလေ့ရှိပါတယ်။ ညနေစာကို အနည်းဆုံးမျှသာ စားကြတာ တွေ့ရပါတယ်။

၅။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအနှံတွေကို ကိုယ်တိုင်စိုက်ပျိုးက၊ စားသုံးကြပါတယ်။ အစေ့အဆန်တွေကို အဓိကစားသုံးကြပါတယ်။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို စားသုံးလေ့ ရှိကြပြီး အသားကို အနည်းငယ်မျှသာ စားလေ့ ရှိကြပါတယ်။

၆။ ဝိုင်ကို အသင့်အတင့် သောက်သုံးကြပါတယ်။ ပွဲလမ်းသဘင်များမှာ ဝိုင်းဖွဲ့ သောက်သုံးခြင်းဟာ အစဉ်အလာတစ်ခု ဖြစ်ပါတယ်။

၇။ ဘာသာတရားများအပေါ် လေးစားယုံကြည်ကြပြီး လိုက်နာကျင့်သုံးလေ့ရှိကြပါတယ်။ ဒီအလေ့အကျင့်ကြောင့် သက်တမ်း လေးနှစ်မှ ၁၄နှစ်အထိ အသက်ပိုရှည်ကြကြောင်း တွေ့ရပါတယ်။

၈။ မိသားစုကို အထူးချစ်ခင်ကြပြီး နွေးထွေးတဲ့ မိသားစုပုံသဏ္ဌာန်များ ပိုင်ဆိုင်လေ့ရှိကြပါတယ်။ မိဘ၊ အဘိုးအဘွား၊ သားသမီးမြေးမြစ်များ စုပေါင်းနေထိုင်လေ့ရှိကြပါတယ်။ ဒါဟာ အပြာရောင်ဇုန် (Blue Zones) ဒေသခံအများစုရဲ့ နှစ်သက်ဖွယ်စရိုက် ဖြစ်ပါတယ်။

၉။ ကလျာဏမိတ္တ မိတ်ဆွေကောင်းများရှိကြပြီး အချင်းချင်း ချစ်ခင်စည်းရုံးကြတယ်။ ကောင်းမွန်တဲ့ လူမှုရေးလုပ်ငန်းတွေ စုပေါင်း ဆောင်ရွက်လေ့ရှိကြပါတယ်။

ဒီအချက်တွေကို Power-9 လို့လည်း ခေါ်ကြ ပါတယ်။

Cေredit : ဒါက်တာ မြင့်သန်း (ညောင်လေးပင်) - Ref : Blue Zone, Internet

#အသီးအနှံ
#ဒေသ
#ဂရိ
#အီတလီ
#အစေ့

Some text some message..