အိန္ဒိယကို ခရီးမသွားခင် သတိထားသင့်တဲ့ ယဉ်ကျေးမှုဆိုင်ရာ အကြံပြုချက် (၉) ချက်
lifestylemyanmar.com
|
2022-01-11

ခေတ်မှီတိုးတက်ဖွံ့ဖြိုးလာလို့ မပျောက်ကွက်သေးဘဲ လေးစားနေကြဆဲ ရိုးရာဓလေ့တွေရှိပါတယ်။ နိုင်ငံတွေရဲ့ ယဉ်ကျေးမှုတွေဟာ တစ်ခုနဲ့တစ်ခုမတူဘဲ အိန္ဒိယတွေကတော့ ယဉ်ကျေးမှုနဲ့ ပတ်သက်လာရင် စံပြနမူနာကောင်းနိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒီလိုပါပဲ လူတွေက အနေအထိုင် အစားအသောက်တွေသာမက ဝတ်ပုံစားပုံချင်းတောင် မတူကြပါဘူး။ သူတို့မှာ ကိုယ်ပိုင် ရိုးရာဓလေ့ထုံးတမ်းတွေရှိကြပြီး ခရီးသွားတွေအနေနဲ့ ဒီအရာတွေကို အသိအမှတ်ပြုပေးဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် အိန္ဒိယနိုင်ငံကို အလည်မသွားခင်မှာ အိန္ဒိယယဉ်ကျေးမှုရဲ့ ထူးခြားမှုတွေကို သင်သိထားနိုင်ဖို့ မျှဝေပေးချင်ပါတယ်။

၁။ စာအုပ် (သို့) အသိပညာဖွံ့ဖြိုးတိုးတက်စေမယ့် တူရိယာပစ္စည်းတွေကို ခြေထောက်နဲ့ မထိရပါဘူး


အိန္ဒိယတွေက သူတို့ရဲ့ ကလေးတွေကို စာအုပ်တွေဟာ အသိပညာဗဟုသုတတွေအဖြစ် ငယ်ငယ်လေးကတည်း သင်ပေးခဲ့ပါတယ်။ Saraswati ဆိုတဲ့ သင်ယူလေ့လာခြင်းနတ်သမီးတောင်ရှိပါတယ်။ ဒါ့ကြောင့် စာအုပ်တွေကို ခြေထောက်ဖြင့် ထိခြင်း (သို့) မှတ်စုစာအုပ်များ ၊ စာအုပ်တွေနဲ့ ပြည့်နေသော ကျောင်းလွယ်အိတ်ကို ကန်ကျောက်ခြင်းတွေက မလေးစားရာရောက်တယ်လို့ ယူဆကြပါတယ်။

အသိပညာ ဖွံ့ဖြိုးတိုးတက်စေဖို့ အသုံးပြုမယ့် ဘယ်လိုကိရိယာကိုမဆို ခြေထောက်နဲ့ မထိသင့်ပါဘူး။ အိန္ဒိယယဉ်ကျေးမှုအရ ဘောပင်နှင့် ခဲတံတွေက အရေးကြီးပြီး ၎င်းတို့ကို လေးစားနိုင်သမျှ လေးစားပြီး ရိုသေပေးရပါမယ်။

၂။ အိန္ဒိယလမ်းဘေးအစားအစာတွေကို ရှာဖွေဖို့ မကြောက်ပါနဲ့


တစ်ခြားနိုင်ငံတွေကို လည်ပတ်တဲ့အခါ နိုင်ငံခြားအစားအစာတွေကို စူးစမ်းလေ့လာတာက ယေဘုယျအားဖြင့် အလွန်အရေးကြီးပါတယ်။ အိန္ဒိယအစားအစာတွေကိုလည်း ထူးဆန်းနေတာမဟုတ်ဘဲ လက်တွေ့မှာ စားလို့အကောင်းဆုံးအစားအသောက်တွေလည်းဖြစ်နိုင်ပါတယ်။ သေချာပေါက်ကြိုးစားသင့်ပါတယ်။ လတ်ဆတ်သော အစားအစာတွေကို ရှာဖွေပါ။ နို့ထွက်ပစ္စည်းတွေကတော့ တစ်ခါတရံပျက်စီးလွယ်တာကြောင့် သတိထားသင့်ပြီး သေချာပေါက် ရေသန့်ကိုတော့ ရှာဖွေသင့်ပါတယ်။ လမ်းဘေးအစားအစာပေမယ့် သန့်ရှင်းတဲ့ ရောင်းချသူတွေဆီကနေ အိန္ဒိယအစားအစာတွေကို မြည်းစမ်းသင့်ပါတယ်။

၃။ အရမ်းမယဉ်ကျေးပါနဲ့

ကျေးဇူးပြုပြီးတော့ နှင့် ကျေးဇူးတင်ပါတယ်လို့ ပြောခြင်းက စားအသောက်ဆိုင်တွေ (သို့) ဆိုင်တစ်ခုမှာ ကျွန်မတို့အတွက် ပုံမှန်ပြောနေကြလေးစားစရာကိစ္စတစ်ခုဖြစ်ပါတယ်။ သို့ပေမယ့် အိန္ဒိယမှာတော့ အထက်ပါစကားတွေကို အလွန်အကျွံသုံးမယ်ဆိုရင် သင်ဟာ မယဉ်ကျေးသူတစ်ယောက်အဖြစ် သတ်မှတ်ခံရပါလိမ့်မယ်။ အံ့ဩစရာကြီးဆိုပါတော့။

သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ပတ်သက်လာသောအခါ ကျေးဇူးတင်ကြောင်းပြသခြင်းရဲ့ ရိုးရာနည်းလမ်းတွေဟာ တစ်ခါတရံမှာ တင်းမာမှုတွေကို ဖန်တီးနိုင်ပါတယ်။ ဒါ့ကြောင့် ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလုံးကို တန်ဖိုးထားပါတယ်ဆိုတဲ့ စကားလုံးကို အစားထိုးပြောပါ။

၄။ ပေးကမ်းခြင်း (သို့) ယူဆောင်ခြင်းတွေမှာပဲဖြစ်ဖြစ် သင့်ရဲ့ ညာဘက်ကိုသာ အသုံးပြုပါ


ယဉ်ကျေးမှုများစွာဟာ ဒီအလေ့အကျင့်ကို အမှန်တကယ်လက်ခံကျင့်သုံးခဲ့ကြပါတယ်။ ညာလက်ဟာ စင်ကြယ်စေခြင်းနှင့် ကံကောင်းခြင်းလို့ ယူဆကြပါတယ်။ အိန္ဒိယနိုင်ငံမှာ လက်ဝဲလက်မှာ ဖိနပ်တွေ၊ခြေဖဝါးတွေကို သန့်ရှင်းရေးလုပ်ဖို့နှင့် ယေဘုယျအားဖြင့် ညစ်ပတ်သော အလုပ်တွေလုပ်နေတာကြောင့် မသန့်ရှင်းဘူးလို့ ယုံကြည်ကြပါတယ်။ ဒါ့ကြောင့် တစ်ခြားလူတွေကို အစားအသောက်၊ အချိုရည်နှင့် ပစ္စည်းတွေပေးတဲ့အခါ လေးစားမှုပြဖို့ ညာလက်ကို အမြဲအသုံးပြုရပါမယ်။

၅။ လက်ညှိုးမညွှန်ပါနဲ့

ပုံမှန်အားဖြင့် ကျွန်မတို့တစ်ခုခုကို ရည်ညွှန်းသောအခါ ကျွန်မတို့ရဲ့ လက်ညှိုးကိုသာ အသုံးပြုကြပါတယ်။ ဒါပေမယ့် အိန္ဒိယမှာတော့ မလုပ်သင့်ပါဘူး။ အရာဝတ္ထုတစ်ခုခု (သို့) နေရာကို လက်ညှိုးထိုးခြင်းက ရိုင်းစိုင်းပြီး မယဉ်ကျေးဘူးလို့ ယူဆကြပါတယ်။ အကယ်၍ တစ်ယောက်ယောက်ကို ညွှန်းချင်တယ်ဆိုရင် သင့်ရဲ့ လက်ဖဝါးတစ်ခုလုံးကို အသုံးပြုခြင်း (သို့) လက်မကို အသုံးပြု၍ ပြုလုပ်သင့်ပါတယ်။ ဒီနည်းက ပိုနူးညံ့များပြီး ယဉ်ကျေးရာရောက်ပါတယ်။

၆။ ငွေသားနဲ့ ပေးချေနိုင်ဖို့သာ ကြိုးစားပါ


အကယ်၍ သင်ဟာ အိန္ဒိယနိုင်ငံမှာရှိတဲ့ မြို့ငယ်လေးတစ်မြို့ကို သွားရောက်လည်ပတ်မယ်ဆိုရင် အချိန်အများစုကို ငွေသားနဲ့ ပေးချေဖို့ မျှော်လင့်သင့်ပါတယ်။ ပိုကြီးသော မြို့ကြီးတွေ၊ ကုန်တိုက်တွေ၊ စားသောက်ဆိုင်တွေနှင့် စျေးဆိုင်တွေမှာ ခရက်ဒစ်ကဒ် (သို့) debit ကဒ်တွေကို လက်ခံနိုင်ပေမယ့် မြို့ငယ်တွေမှာတော့ ငွေသားတွေကိုသာ အသုံးပြုကြပါတယ်။ ဒါ့ကြောင့် ငွေသားအချို့ကို သင်နဲ့အတူ သိမ်းထားတာက သင့်ကို စမတ်ကျစေပါလိမ့်မယ်။

၇။ လူတိုင်းကို အင်္ဂလိပ်လို မပြောတတ်ပါဘူး

မြို့ကြီးတွေကိုပဲ သီးသန့်သွားလည်မယ်ဆိုရင် ဘာသာစကားက ပြဿနာမဟုတ်ပေမယ့် ရွာငယ်လေးတွေအထိသွားမယ်ဆိုရင်တော့ အင်္ဂလိပ်ဘာသာစကားတစ်ခုတည်းနဲ့ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ နိုင်ငံရပ်ခြားမှာ မိခင်ဘာစကားတစ်ခုခုကို ကြားရတာကလည်း သင့်အတွက်ကောင်းမွန်တဲ့အရာတစ်ခုဖြစ်နိုင်ပါတယ်။ ဘာသာစကားအသစ်တစ်ခုကို လေ့လာနိုင်ပြီး ယူနိုင်ပြီး ယဉ်ကျေးမှုအသစ်ကို သိလာနိုင်ပါတယ်။

၈။ လူမြင်ကွင်းမှာ ထူးဆန်းသော ချစ်တင်းနှီးနှောခြင်းတွေကို ရှောင်ကြဉ်ပါ


လူမြင်ကွင်းမှာ ချစ်တင်းနှီးနှောခြင်းက နိုင်ငံတော်တော်များများမှာ ပုံမှန်ကိစ္စလိုမျိုးဖြစ်နေကြပါပြီ။ ဒါပေမယ့် အိန္ဒိယမှာတော့ ဒီလိုရင်းနှီးလွန်းခြင်းအပြုအမူမျိုးကို မပြသင့်ပါဘူး။ နိုင်ငံအသစ် (သို့) နိုင်ငံရပ်ခြားတွေကို သွားတဲ့အခါ မလိုလားအပ်တဲ့ အကြည့်တွေမခံရစေဖို့ တစ်ခြားလူတွေနဲ့ စည်းလုံးနေစေဖို့ လိုအပ်ပါလိမ့်မယ်။ ဒီအရာကလည်း သင်လုပ်ရမယ့်အရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ထူးဆန်းသော ချစ်တင်းနှီးနှောမှုတွေကြောင့် သင့်ရဲ့ ခရီးစဉ်တစ်လျှောက်လုံးကို ထောင်ထဲမှာပဲ လည်ပတ်နေရနိုင်ပါသေးတယ်။

၉။ မြို့ငယ်တွေမှာ အဝတ်အစားကို အဆင်ပြေသင့်တင့်သော အဝတ်အစားမျိုး ဝတ်ဆင်သင့်ပါတယ်

အိန္ဒိယကို လာတဲ့အခါ သတိထားရမယ့် အရေးကြီးဆုံးအချက်က သင်ကိုယ်တိုင်ရဲ့ ဝတ်စားဆင်ယင်မှုပုံစံပါပဲ။ အတော်လေးရှေးရိုးဆန်တဲ့ နိုင်ငံတစ်ခုအနေနဲ့ ၎င်းရဲ့ ယဉ်ကျေးမှုနဲ့ လိုက်ဖက်တဲ့ အဝတ်အစားမျိုးဝတ်ဆင်ပြီး သူတို့ယဉ်ကျေးမှုကို လေးစားကြောင်းပြသင့်ပါတယ်။ သင့်ကိုယ်သင်ဒေသခံတစ်ဦးလိုမျိုး ခံစားရစေပါလိမ့်မယ်။

Lifestyle_Myanmar

Nyein_Thu

ref-brightsideme


#ခြေထောက်
#အစားအသောက်
#အိန္ဒိယ
#အရာ
#နိုင်ငံ

Some text some message..