
ကျွန်တော်တို့နေထိုင်ရာ အာရှတိုက်ဟာ လှပလွန်းတဲ့ သဘာဝတောတောင်တွေ၊ ရင်သက်ရှုမောဖွယ် ရှုခင်းများနှင့်ရှေးဟောင်းအမွေအနှစ်များ ပေါများတည်ရှိရာတိုက်ကြီးတစ်တိုက်ဖြစ်ပြီး မယုံနိုင်လောက်အောင်လည်ပတ်စရာနေရာများစွာရှိပါတယ်။သင်ဟာ ခရီးသွားရတာကို ကြိုက်နှစ်သက်တဲ့ သူတစ်ယောက်ဆိုရင်တော့ အောက်မှာဖော်ပြပေးထားတဲ့အာရှရဲ့ အထင်ကရနေရာတွေကို သွားလည်ပတ်သင့်ပါတယ်။

Photo Credit – From Google
(၁) ဂျပန်၊တိုကျိုမြို့
ဂျပန်နိုင်ငံ၊တိုကျိုမြို့ဟာ ကျွန်တော်အာရှတိုက်မှာ ခေတ်မီနည်းပညာနှင့် ရိုးရာယဉ်ကျေးမှုများ ရောနှောပြီးစည်ကားနေတဲ့ မြို့လည်း ဖြစ်ပါတယ်။အဲ့ဒီထဲမှာ Meiji Shrine၊Tokyo Tower နှင့်Tsukiji Fish Market တို့အပါအဝင်ပေါ့ဗျာ…။

Photo Credit – From Google
(၂) အင်ဒိုနီးရှား၊ ဘာလီကျွန်း
အင်ဒိုနီးရှား၊ဘာလီကျွန်းဟာ အရှေးတောင်အာရှမှာကြီးကျယ်ခမ်းနားလွန်းတဲ့ ကျွန်းဖြစ်ပြီး လှပတဲ့ ကမ်းခြေများ၊ ဘဝအမောပြေ ရင်သပ်ရှုမောဖွယ်ရှုခင်းများနှင့်ကြွယ်ဝတဲ့ ယဉ်ကျေးမှုအမွေအနှစ်များကြောင့်လူသိများတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ ဆွဲဆောင်ထားရာ ကျွန်းလည်း ဖြစ်ပါတယ်။

Photo Credit – From Google
(၃) ကမ္ဘောဒီးယား၊Angkor Wat
ကမ္ဘောဒီးယားနိုင်ငံမှာရှိတဲ့ AngkorWat ဘုရားကျောင်းဟာ အာရှဒေသရှိတဲ့ရှေးအကျဆုံး အဆောက်အဦးတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး အံ့ဖွယ်ဗိသုကာလက်ရာတွေကြောင့်လူသိများတဲ့ ဘုရားကျောင်းဖြစ်ပါတယ်။ ဒီဘုရားကျောင်းဟာ ၁၂ ရာစုမှာစတင်ခဲ့တာဖြစ်ပြီးလက်ရှိမှာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။

Photo Credit – From Google
(၄) တရုတ် မဟာတံတိုင်းကြီး
တရုတ်နိုင်ငံကရှည်လျားတဲ့ မဟာတံတိုင်းကြီးဟာ ကမ္ဘာပေါ်မှာ အထင်ရှားဆုံး အထင်ကရနေရာများထဲမှ တစ်ခုဖြစ်ပါတယ်။ ဒီတံတိုင်းကြီးဟာမိုင်ပေါင်း ၁၃,၀၀၀ ကျော် ရှည်လျားပြီး တရုတ်နိုင်ငံကို လာရောက်လည်ပတ်သူတိုင်းမဖြစ်မနေ သွားရောက်လေ့လာသင့်တဲ့ နေရာလည်းဖြစ်ပါတယ်။

Photo Credit – From Google
(၅) နီပေါ၊ ဧဝရက်တောင်
နီပေါနိုင်ငံမှာရှိတဲ့ ဧရာဝတောင်ဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင်ဖြစ်ပါတယ်။ ဒါကြောင့် တောင်တက်ပြီးစွန့်စားရှာဖွေ လေ့လာသူတွေအတွက်ဆိုရင်တော့ ဧဝရက်တောင်ဟာ အကောင်းဆုံးနေရာဖြစ်မယ်လို့ထင်ပါတယ်။ အပျော်သွားမယ့်သူများ၊ ခရီးကြမ်းကို မခံနိုင်တဲ့သူတွေဆိုရင်တော့ မသွားသင့်ဘူးလို့ကြိုပြီးအကြံပြုပါရစေ။

Photo Credit – From Google
(၆) ဗီယက်နမ်၊ဟနွိုင်း
ဗီယက်နမ်နိုင်ငံရှိဟနွိုင်းမြို့တော်ဟာ အာရှဒေသမှာကမ္ဘာလှည်းခရီးသွားတွေကြား ရေပန်းစားတဲ့ နေရာတွေထဲမှာ ပါဝင်ပါတယ်။ လမ်းဘေးအစားအစာ၊သမိုင်းဝင် အထင်ကရနေရာများနှင့် ပြင်သစ်ကိုလိုနီခေတ် ဗိသုကာလက်ရာများကြောင့် လူသိများကြောင့် လူစည်ကားတဲ့ မြို့လည်း ဖြစ်ပါတယ်။
သင်ဟာ ခရီးသွားဖို့ဆုံးဖြတ်ထားရင်တော့ ကိုယ့်အာရှဒေသတွေမှာရှိတဲ့ အခုဖော်ပြပေးခဲ့တဲ့ အထင်ကနေရာတွေကိုသွားရောက်လည်ပတ်သင့်ပါတယ်။
Source – internet