၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့လစာအများဆုံး Professional အလုပ်များ..
mmload.com
|
2023-04-25

သင်ဟာကျောင်းသားတစ်ယောက်လား။ ဒါမှမဟုတ် အသက်မွေးဝမ်းကျောင်းအတွက် လုပ်ငန်းတစ်ခုကိုရှာဖွေနေသူတစ်ယောက်လား။ ရွေးချယ်လိုက်တဲ့ ပရောဖက်ရှင်နယ်လုပ်ငန်းတစ်ခုဟာ အနာဂတ်အတွက် အရမ်းကိုအရေးကြီးပါတယ်။ မှန်ကန်တဲ့ရွေးချယ်မှုဖြစ်စေဖို့ ၂၀၂၃ ခုနှစ်အတွင်းလုပ်ခလစာအများဆုံးရနေတဲ့ ပရောဖက်ရှင်နယ်အလုပ် ၅ မျိုးကို ဖော်ပြပေးသွားပါမယ်။

ကုမ္ပဏီတစ်ခုရဲ့ CEO


အမှုဆောင်အရာရှိချုပ်ဟာ ကုမ္ပဏီတစ်ခုမှာ အမြင့်ဆုံးရာထူးဖြစ်ပြီး လစာအမြင့်ဆုံးအလုပ်တွေထဲက တစ်ခုဖြစ်ပါတယ်။ CEO တစ်ယောက်ရဲ့ ပျမ်းမျှလစာဟာ တစ်နှစ်မှာ အမေရိကန်ဒေါ်လာ ၁၅၆၄၁၂ ခန့် ရှိပါတယ်။

အုပ်ချုပ်ရေးနှင့်ဘဏ္ဍာရေးဒါရိုက်တာ 


အုပ်ချူပ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာပရောဖက်ရှင်နယ်အလုပ်ဟာ စိတ်ဝင်စားစရာကောင်းပြီး လုပ်ခလစာများတဲ့အလုပ်တစ်ခုပါ။ ပျမ်းမျှလစာအနေနဲ့ တစ်လကို အမေရိကန်ဒေါ်လာ ၁၀၅၀၀ ရနေတာဖြစ်ပါတယ်။

ဘဏ္ဍာရေးစိစစ်သူ (Financial Analyst)


ဘဏ္ဍာရေးနဲ့ဆိုင်တဲ့အလုပ်တွေဟာ လုပ်ခလစာကောင်းကောင်းရနေပေမယ့် လူတိုင်းလုပ်နိုင်တဲ့ အလုပ်တော့မဟုတ်ပါဘူး။ ကိန်းဂဏန်းတွေကို ကောင်းမွန်စွာကစားနိုင်ပြီး စာရင်းအင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုစွမ်းအားနှင့် စိတ်ရှည်သည်းခံနိုင်စွမ်းတွေရှိဖို့တော့ လိုပါတယ်။ ဒီစွမ်းရည်တွေရှိနေရင် ပျမ်းမျှလစာအနေနဲ့  တစ်လကို အမေရိကန်ဒေါ်လာ ၁၀၅၀၀ ထိ ရနိုင်ပါတယ်။ 

စာရင်းကိုင် (Accountant)


ကုမ္ပဏီလုပ်ငန်းတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ စာရင်းကိုင်တွေဟာလည်း လစာများတဲ့စာရင်းမှာပါဝင်ပါတယ်။ Portfilio ပေါ်မူတည်ပြီး တစ်လကို အမေရိကန်ဒေါ်လာ ၉၅၀၀ ထိ ရနေတာဖြစ်ပါတယ်။ 

အတိုင်ပင်ခံ (Consultant)


အတိုင်ပင်ခံလုပ်ငန်းတွေဟာ အစကတည်းက လစာကောင်းကောင်းပေးရုံသာမက ဂျူနီယာတစ်ယောက်အတွက် တစ်လမှာ $5,500 ခန့်ရနေပြီး ဒါရိုက်တာတွေကတော့ ဒေါ်လာ 50,500 အထိ ရရှိနေကြပါတယ်။

ယခုဖော်ပြချက်တွေဟာ တစ်ဥ◌ီးတစ်ယောက်တည်းကို ရည်ညွှန်းကာ ဖော်ပြခြင်းမဟုတ်ဘဲ တစ်ကမ္ဘာလုံးပျမ်းမျှရရှိနေမှုကို ဖော်ပြနေတာဖြစ်ပါတယ်။ 


#ကျောင်းသား
#ဘဏ္ဍာရေး
#လစာ
#ရာထူး
#စာရင်းကိုင်

Some text some message..