
မြန်မာ့သမိုင်းကိုသိတဲ့မြင်မှတ်သားထားတဲ့ သူတွေဆိုရင် အယုဒ္ဓယရှေးဟောင်းမြို့ဟောင်းရဲ့ သမိုင်းကြောင်းကို ရင်းနှီးပြီးသားဖြစ်မှာပါ။ အယုဒ္ဓယရှေးဟောင်းမြို့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြောက်ဘက် ကီလိုမီတာ ၈၀ ခန့်အကွာ ထိုင်းနိုင်ငံအလယ်ပိုင်း အောက်မဲနမ်'(ချောင်ဖယား) မြစ်အတွင်းရှိ ကျွန်းပေါ်မှာ တည်ရှိတဲ့ သမိုင်းဝင်မြို့ဖြစ်ပါတယ်။

Photo Credit - From Google
မြို့ဟောင်းထဲမှာတော့ ရှေးခေတ်ဗိသုကာပညာရပ်တွေနဲ့ တည်ဆောက်ထားတဲ့ ဘုရားစေတီးပုထိုးတော်များ၊ ဗုဒ္ဓရုပ်ပွားတော်များ၊ ဘုံဗိမာန်များ၊ ဘုရားကျောင်းများနှင့် နန်းဆောင်တွေလည်းရှိပါတယ်။ ဒါပေမယ့် မြို့ရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကတော့ တော်တော်လေးပျက်စီးနေပါတယ်။

Photo Credit - From Google
သမိုင်းမှတ်တမ်းတွေအရ အယုဒ္ဓယမြို့ဟောင်းဟာ ခရစ်နှစ် ၁၃၅၀ ပြည့်မှာ မဟာရာဇာအဓိပတိဘွဲ့ခံ ဖယားအုထုံအမည်ရှိ ယိုးဒယားဘုရင်တစ်ပါးက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ၁၄ ရာစုမှ ၁၈ ရာစုအထိခမ်းနားကြီးကျယ်တဲ့ မင်းနေပြည်တော်ကြီးလည်း ဖြစ်ခဲ့ပါတယ်။ အယုဒ္ဓယမြို့ရဲ့ တည်နေရာဟာ မြစ်များဝန်းရံထားပြီး မဟာဗျူဟာကျတဲ့နေရာဖြစ်တာကြောင့် တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ ပါရှန်း၊ ဥရောပတို့နဲ့ ယဉ်ကျေးမှုများ၊ သံတမန်ရေးရာနှင့် ကုန်သွယ်ရေးမှာ တိုးတက်ကောင်းမွန်စေခဲ့ပါတယ်။

Photo Credit - From Google
၁၇၆၇ ခုနှစ်မှာတော့ ယိုးဒယား-မြန်မာစစ်ပွဲအတွင်း အယုဒ္ဓယမြို့ဟာ မြန်မာတို့လက်အောက်ကို ကျရောက်ခဲ့ပြီး အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ အဲ့ဒီနောက် အယုဒ္ဓယမြို့မှာ မြို့ပျက်ကြီးအဖြစ်ပြောင်းလဲခဲ့ရပြီး နောက်ထပ်မြို့ကို မထူထောင်တော့တာကြောင့် ဘန်ကောက်မြို့ကိုပြောင်းပြီး မြို့နန်းထူထောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

Photo Credit - From Google
ယနေ့ခေတ်မှာတော့ ရှေးဟောင်းဗိသုကာလက်ရာတွေနဲ့ အနုစိတ်တည်ဆောက်ထားတဲ့ အယုဒ္ဓယဟာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာဖြစ်ပြီးကမ္ဘာလှည့်ခရီးသွားတွေကြားမှာ ဆွဲဆောင်ထားနိုင်တဲ့ နေရာတစ်ခုဖြစ်နေခဲပါပြီ။ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းကို ရှာဖွေနေသူတွေအတွက် ကောင်းမွန်တဲ့ အတွေ့အကြုံများရရှိနိုင်တာကြောင့် ထိုင်းနိုင်ငံကို အလည်အပတ်သွားသူတွေအနေနဲ့ အယုဒ္ဓယမြို့ဟောင်းကို တစ်ခါလောက်ဖြစ်ဖြစ် သွားရောက်လေ့လာလည်ပတ်ပါလို့ အကြံပြပါရစေ။

Photo Credit - From Google