သဘာဝကလက်ဆောင်ပေးထားတဲ့ ကမ္ဘာ့အလှပဆုံး ပန်းရောင် ရေကန်ကြီး
mmload.com
|
2023-06-27

ဩစတေးလျရဲ့ အထူးခြားဆုံး ရေကန်လို့ ပြောရမယ်ဆိုရင် ကမ္ဘာလှည့်ခရီးသွားတွေ့ကို ဆွဲဆောင်ထားတဲ့ Lake Hillier ပန်းရောင်အိုင်ကြီးဖြစ်ပါတယ်။ ဒီပန်းရောင်အိုင်ကြီးက အနောက်ဩစတေးလျရှိ Middle ကျွန်းမှာ တည်ရှိတာပါ။ ဒီအိုင်ကြီးရဲ့ ထူးခြားတဲ့ ပန်းရောင်ဖြစ်ပေါ်မှု အကြောင်းအရင်းကို သေချာမသိရပေသေးပေမယ့် သိပ္ပံပညာရှင်တွေကတော့ Dunaliella salina လို့ခေါ်တဲ့ ရေညှိတစ်မျိုးရှိနေတာကြောင့်လို့ ယုံကြည်ကြပါတယ်။



Photo Credit - From Google

အဲ့ဒီရေညှိတွေဟာ ရေကို ပန်းရောင် (သို့မဟုတ်) နီတဲ့အရောင်ကို ဖြစ်ပေါ်စေတဲ့ သဘာဝအရောင်ခြယ်ပစ္စည်းများဖြစ်သည့် ကာရိုတင်းနွိုက်များကို ထုတ်လုပ်ကြပါတယ်။ ဒါကြောင့် ရေကို လှပတဲ့ ပန်းရောင်ဖြစ်စေတာလို့ ဆိုပါတယ်။ ဒါပေမယ့် အချို့နေရာတွေမှာ ဆားပါဝင်မှု မြင့်မားနေတာဖြစ်လို့ တစ်ခါတလေ  အရောင်ဖျော့တော့တော့ ဖြစ်သွားပါတယ်။



Photo Credit - From Google

ယခုနောက်ပိုင်းမှာတော့ Lake Hillier ပန်းရောင်အိုင်ကြီးဟာ ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်တဲ့ နေရာတစ်ခုဖြစ်နေပေမယ့် ဒီအိုင်ကြီးဟာ ပုဂ္ဂလိပိုင်ကျွန်းပေါ်မှာ တည်ရှိတာကြောင့် လာရောက်လည်ပတ်တဲ့ ခရီးသွားတွေအတွက် ကန့်သတ်ချက်အချို့တော့ ရှိနေခဲ့ပါတယ်။ မည်သို့ပင်စေကာမူ ဒီပန်းရောင် အိုင်ကြီးဟာ ကမ္ဘာပေါ်မှာ အလှဆုံးအိုင်ကြီးဆိုတာ သေချာပါတယ်။



Photo Credit - From Google 


#ပန်းရောင်
#ရေကန်
#ဩစတေးလျ
#LakeHillier
#Dunaliellasalina

Some text some message..