ကမ္ဘာတဝှမ်းက နာမည်အကြီးဆုံးနဲ့အသာယာလှပဆုံး ခြေလျင်တောင်တက်လမ်းများ
shwemom.com
|
2019-04-04

ခြေလျင်တောင်တက်ခရီးကြမ်းတွေ သွားရတာ စိတ်ဝင်စားသူတွေအတွက် ကမ္ဘာအရပ်ရပ်မှာရှိတဲ့အကောင်းဆုံး ခရီးလမ်းတွေအကြောင်း ဖော်ပြပေးချင်ပါတယ်။

၁။ Pennie Way, United Kingdom

Anthony Devlin

ဒီ လမ်းက Derbyshire Peak District ကနေ စကော့တလန်နိုင်ငံ နယ်စပ်အထိ ပေါက်ရောက်ပြီး (၂၆၈) မိုင် ရှည်လျားပါတယ်။ ဗြိတိန်နိုင်ငံရဲ့ နာမည်အကြီးဆုံး လမ်းတစ်ခုလည်း ဖြစ်တယ်။

အစအဆုံး လျှောက်မယ်ဆိုရင် သုံးပတ်လောက်ကြာနိုင်တယ်။ မန်ချက်စတာမြို့အရှေ့ပိုင်းနဲ့ ယောခ့်ရှိုင်းယား ဒေးလ်စ်တို့ကိုဖြတ်သွားတယ်။ ပြင်ပလောကကြီးကို လေ့လာချင်တဲ့သူတွေ၊ တဲစခန်းချပြီးနေဖို့ တက်တက်ကြွကြွရှိသူတွေနဲ့ ဗြိတိန်နိုင်ငံရဲ့ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိသူတွေအတွက်တော့အလွန်သင့်တော်ပါတယ်။

၂။ Appalachian Trail, USA

atrick Gorski/NurPhoto

မိုင်ပေါင်း (၂၂၀၀) ရှည်လျားတဲ့ Appalachian တောလမ်းက ကမ္ဘာပေါ်မှာအရှည်ဆုံး ခြေလျင်ခရီးလမ်းတစ်ခုဖြစ်ပါတယ်။

အမေရိကန်နိုင်ငံအတွင်းရှိ ဝေးလံခေါင်ဖျားတဲ့အရပ်ဒေသ တစ်ချို့ကို ဖြတ်သွားပြီး ဂျော်ဂျီယာပြည်နယ် Springer တောင် ကနေ မိန်းပြည်နယ်မှာရှိတဲ့ Mount Katahdinအထိ ပေါက်ရောက်ပါတယ်။

၃။ The Basho Wayfarer, Japan

shutterstock

ဂျပန်နိုင်ငံမှာ ရှေးကျတဲ့ တောလမ်းပေါင်းများစွာရှိပါတယ်။အဲဒီ့လမ်းတွေဟာ ဘုရားကျောင်းတွေ၊ မြို့တွေနဲ့လည်း ဆက်သွယ်ထားတယ်။ ဒီလမ်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးရာကျော် (၁၆၈၉) ခုနှစ်ကတည်းက ဂျပန်ကဗျာဆရာ မတ်ဆုအို ဘာရှိုက စတင်အသုံးပြုခဲ့တယ်လို့ သိရတယ်။

၆ ရက်တာ ကြာမြင့်မယ့် လမ်းခရီးက ဆန်ဒိုင်ဒေသနေစပြီး တိုဟိုကုမြောက်ပိုင်းဒေသ ကိုဖြတ်သွားတယ်၊ ပြီးတော့ ယူနက်စကိုက ကမ္ဘာ့ရှေးဟောင်း နေရာအဖြစ်သတ်မှတ်ထားတဲ့ ဟီရိုင်ဇူမိနဲ့ ချယ်ရီတောတွေ နဲ့ ရှေးလမ်းကြောင်းတစ်ခုဖြစ်တဲ့ ဒဲဝါ ကိုင်ဒို တစ်လျှောက်ဖြတ်သန်းသွားတယ်။အဲ့ဒီ့နောက် နာတာဂိရိ တောင်တန်းတွေကို ရောက်ရှိမှာဖြစ်ပြီး ရာမဒီရာ ဘုရားကျောင်းမှာ လမ်းဆုံးပါတယ်။

၄။ Great Wall of China, Jinshanling section

greatwall

ကမ္ဘာ့ခရီးသွား ဆွဲဆောင်ရာဖြစ်တဲ့ မဟာတံတိုင်းကြီးပေါ်မှာ လမ်းလျှောက်ရတာကအင်မတန် စိတ်ကသိကအောက်ဖြစ်နိုင်ပါတယ်။ လူအုပ်ကြီးနဲ့ ဈေးသည်တွေကြောင့် သည်းမခံနိုင်အောင်ဖြစ်ရတာတွေလည်း ရှိတယ်။

Jinshanling ဒေသက ဘေဂျင်းမြို့အရှေ့မြောက်ပိုင်း ၈၇ မိုင်အကွာမှာ တည်ရှိပါတယ်။ တရုတ်နိုင်ငံရဲ့ သမိုင်းဝင် ထင်ရှားတဲ့ နေရာတစ်ခုလည်းဖြစ်တယ်။ တကယ်ကိုအံသြမှင်သက်ဖွယ်ကောင်းတဲ့ မြင်ကွင်းတွေကို ခံစားရမှာဖြစ်ပြီး တံတိုင်းကြီးပေါ် လမ်းလျှောက်ရတာကအားသွန်ခွန်စိုက်လုပ်ရတဲ့ လေ့ကျင့်ခန်းတစ်ခုလို ရှိပါတယ်။

၅။ Dragon’s Back, Hong Kong

Discover Hong Kong

လမ်းကျဉ်းတွေ၊ မိုးမြင့်တိုက်တွေနဲ့ ဟောင်ကောင်နိုင်ငံက ထင်ရှားပါတယ်။ နိုင်ငံရဲ့ ပင်မကုန်မြေနဲ့ ကျွန်းတွေ ဟာ မြောက်မြားလှစွာသော တောင်တက်လမ်းတွေနဲ့ သွယ်တန်းထားပြီးအဲ့ဒီ့ထဲကမှ Dragon’s Back ဆိုတဲ့ လမ်းက နာမည်အကြီးဆုံးဖြစ်တယ်။

ဟောင်ကောင်မြို့ကနေပြီး ဘတ်စ်ကားတွေနဲ့အလွယ်တကူသွားရောက်နိုင်တယ်။ လမ်းက Shek O လမ်းကနေစပြီး Big Wave Bay ကမ်းခြေမှာအဆုံးသတ်ပါတယ်။

၆။ Tergo La Trek, Bhutan

Blue Poppy

အလှမ်းဝေးပြီး ခရီးသွားတွေအတွက် ခွင့်ပြုချက်လိုအပ်တဲ့ ဘူတန်နိုင်ငံရှိ ဒီတောလမ်းဟာအရောက်အပေါက်နည်းတယ်၊ ပြီးတော့ မပျက်စီးသေးပါဘူး။ Haa တောင်ကြားမှာရှိတဲ့ Tergo-La တောင်လမ်းဟာ နိုင်ငံတကာမှာဆို ကျော်ကြားတဲ့ လမ်းတစ်လမ်းဖြစ်တယ်။ ငြိမ်းချမ်းတဲ့ တောလမ်းတွေ၊ ကြမ်းတမ်းတဲ့ တောင်တက်လမ်းတွေ၊ ကမ္ဘာ့ တတိယအမြင့်ဆုံး Kanchenjunga တောင်ထိပ်ရဲ့ မြင်ကွင်း ရှုခင်းတွေနဲ့ကို တွေ့ကြုံခံစားရမှာဖြစ်ပါတယ်။

တီဗက်နွား တင်းကုပ်တွေ၊ ဝေးလံခေါင်းဖျားက ရွာတွေက တခြားကမ္ဘာကို ရောက်သွားသလို ခံစားမှုတွေကိုလည်း ပေးစွမ်းပါတယ်။

၇။ Indus Valley, Himalaya, India

Shakti Himalaya

Himalaya တောင်တက်လမ်းကအမြဲတမ်းမှာ မှော်ဆန်နေသလိုပါပဲ။ ဒီ့အပြင်အဲ့ဒီနေရာမှာပဲရှိတဲ့ သုံးရက်တာအချိန်ယူ သွားလာရတဲ့ Indus Valley ဟာလည်း ရင်သပ်ရှုမောစရာကောင်းလှပါတယ်။

Moncarmo ရွာကနေပြီး Matho Phu နဲ့ Shan Phu ရွာတွေဆီ ဦးတည်နေတဲ့ လမ်းဖြစ်တယ်။ လမ်းခရီးတစ်လျှောက်မှာလည်း ရပ်နားစရာ လဖက်ရည်ဆိုင်တွေ၊ ညအိပ်ညနေ တည်းခိုလို့ရတဲ့ နေရာတွေလည်း ရှိတယ်လို့ သိရတယ်။

၈။ Cloud Forest trek, Laos

Facebook/Nam Et-Phou Louey National Protected Area

လာအိုနိုင်ငံအတွင်းမှာရှိပြီး ဝေးလံခေါင်ဖျာဒေသတစ်ခုဖြစ်တဲ့ Houaphan ဟာအင်ဒိုချိုင်းနား ကျားတွေရဲ့ ကျက်စားရာ ဒေသဖြစ်တယ်။အာရှတိုက်မှာတော့ ခြေလျင် တောလမ်းက လေ့လာတဲ့သူတွေအတွက် မျိုးတုန်းတော့မယ့် ကျားတွေကို လေ့လာခွင့်ရပြီး ကင်မရာတွေဆင်ကာ လေ့လာရေးမှတ်တမ်းတွေ ရိုက်ကူးဖို့လည်းအခွင့်ရှိစေပါတယ်။

လာအိုနိုင်ငံရဲ့ တတိယအမြင့်ဆုံး တောင်ထိပ်ဖြစ်တဲ့ Phou Louey တောင်ထိပ်ကို ရောက်ရှိမှာဖြစ်ပြီး ဝါးတဲတွေမှာ တည်းခိုရင်း တောရိုင်းတိရိစ္ဆာန်တွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။

Ref: CNN

Matthew (ShweMOM)

#လမ်း
#ခြေလျင်
#တောင်ထိပ်
#လမ်းခရီး
#တံတိုင်း

Some text some message..