
Matthijs Kuijpers ဟာ ဒတ်ချ်လူမျိုး စွန့်စားသူနဲ့ ဓာတ်ပုံဆရာတစ်ဦး ဖြစ်ပါတယ်။ သူဟာ (၂၇) နှစ်တိုင်တိုင် ခရီးထွက်ပြီး တောထဲကအန ္တရာယ်အများဆုံးနဲ့ ကြောက်စရာအကောင်းဆုံး၊အဆိပ်အပြင်းဆုံးဆိုတဲ့ သတ္တဝါတွေကို ရှာပုံတော်ဖွင့်ခဲ့ပါတယ်။ Matthijs ဟာ သူ့ရဲ့အကောင်းဆုံးရိုက်ချက်တွေကို သူ့ရဲ့ပထမဆုံးစာအုပ်ဖြစ်တဲ့ Cold Instinct ဆိုတဲ့ စာအုပ်ထဲမှာ ဖော်ပြခဲ့ပါတယ်။ ခုအောက်မှာတွေ့ရတဲ့ ပုံတွေကတော့ ၎င်းစာအုပ်ထဲမှာ ရည်ညွှန်းကိုးကားထားတဲ့ သတ္တဝါတွေဖြစ်ပြီး ၎င်းတို့ဟာ ကမ္ဘာမြေပေါ်ကအထူးဆန်းဆုံးလို့ဆိုနိုင်တဲ့ သတ္တဝါမျိုးစိတ်တွေလည်း ဖြစ်နေပြန်ပါတယ်။
Atheris Hispida

boredpanda
အာဖရိတိုက်အလယ်ပိုင်းမှာပဲ ရှိတဲ့ မြွေဟောက်တစ်မျိုးပါ။ သူတို့ရဲ့အဆိပ်ဟာ လူတစ်ယောက်ကို ချက်ချင်း တုံးခနဲလဲ ပြီး သေစေတာမျိုး မဟုတ်ပဲ ကိုယ်တွင်းအင်္ဂါတွေ တဖြည်းဖြည်းနဲ့ ပျက်စီးပြီး မချိမဆန့်နဲ့ ဝေဒနာခံစားရစေတာမျိုး ဖြစ်ပါတယ်။
Blue White-Lipped Island Pit Viper

boredpanda
အရေေှ့တောင်အာရှမှာ ရှိတဲ့ ကိုမိုဒိုကျွန်းပေါ်မှာပဲ တွေ့ရနိုင်တဲ့ ရှားပါးမြွေမျိုးစိတ် ဖြစ်ပါတယ်။
Satanic Leaf-Tailed Gecko

boredpanda
မဒါဂါစတာကျွန်းပေါ်မှာပဲ တွေ့ရနိုင်တဲ့ ရှားပါးပုတ်သတ်ညိုလေးတွေ ဖြစ်ပါတယ်။
Cordylus Cataphracus

boredpanda
ရွှေရောင်ဖွတ်တွေဆိုပြီးလည်း လူသိများတဲ့ တိရစ္ဆာန်လေးတွေပါ။အာဖရိကအနောက်ဘက်ကမ်းရိုးတန်း ဒေသတွေမှာ တွေ့နိုင်ပါတယ်။
Gran Canaria Blue Tailed Skink

boredpanda
စပိန်နိုင်ငံက ပိုင်ဆိုင်တဲ့ ကနေရီကျွန်းစုတွေပေါ်မှာပဲ မြင်ရနိုင်တဲ့ တိရစ္ဆာန်လေးတွေပါ။
Masobe Gecko

boredpanda
ဒီတိရစ္ဆာန်လေးတွေကိုလည်း မဒါဂါစကာကျွန်းမှာပဲ တွေ့နိုင်ပါတယ်။ မျိုးသုဉ်းပျောက်ကွယ်ဖို့အန္တရာယ်ရှိတဲ့ စာရင်းထဲ ဝင်နေပါပြီ။
Siamese Peninsula Pitviper

boredpanda
မြန်မာပြည်မှာတော့” မြေစွမ်းမြှီးခြောက်”လို့ လူသိများပါတယ်။အရှေ့တောင်အာရှနိုင်ငံတွေမှာပဲ ရှိတဲ့ မြွေမျိုးစိတ်ပါ။
Alligator Mississippiensis Albino

boredpanda
ကမ္ဘာ့အရှားပါးဆုံး မိချောင်းမျိုးစိတ်ပါ။အမေရိကန်နိုင်ငံ လူဝီးဆီးနီးယားပြည်နယ်ထဲမှာပဲ တွေ့နိုင်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆို ဆယ်ဂဏန်းလောက်ပဲ ကျန်တော့တယ်လို့ သိရပါတယ်။
Jackson’s Chameleon

boredpanda
အရှေ့အာဖိရကမှာ တွေ့ရနိုင်တဲ့ ပုတ်သင်ညို တစ်မျိုးပါ။
Strawberry Poison Frog

boredpanda
အမေရိကတိုက်အလယ်ပိုင်းဒေသတွေမှာ တွေ့နိုင်တဲ့အဆိပ်ရှိ ဖားမျိုးပါ။
Dyeing Poison Frog

boredpanda
ဗင်နီဇွဲလား၊ ဘရာဇီးလ်စတဲ့ တောင်အမေရိကတိုက်နိုင်ငံတွေမှာပဲ တွေ့ရနိုင်ပြီးအဆိပ်တွေ မှုတ်ထုတ်နိုင်တဲ့ ဖားတစ်မျိုးပါ။
လင်းလင်း (ShweMom)
Ref: boredpanda