
ကမ္ဘာတစ်ဝန်းမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံမတူညီကွဲပြားခြားနားတဲ့ ရိုးရာဓလေ့တွေအများကြီးရှိပါတယ်။ဥပမာ-အီဂျစ်ကို သွား မယ်ဆိုရင် သတို့သမီးကို မင်္ဂလာပွဲမတိုင်ခင်မှာ သူမရဲ့ သူငယ်ချင်းတွေဝိုင်းဆိတ်လိုက်ရင် ကံကောင်းတယ် ဆိုတဲ့ ထူးခြားတဲ့ ရိုးရာဓလေ့ယုံကြည်မှုရှိပါတယ်။အဲ့ဒီလိုပဲ တစ်နိုင်ငံနဲ့ တစ်နိုင်ငံမတူညီတဲ့ ရိုးရာဓလေ့တွေအများကြီး ထဲကမှ ထူးခြားတဲ့အရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁)အိန္ဒိယမှာ toilet paper မရနိုင်

brightside
အိန္ဒိယမှာအိမ်သာသုံးစက္ကူကို လိုက်ရှာရင်တော့ မောတပဲအဖတ်တင်ပါလိမ့်မယ်။အိမ်သာသုံးစက္ကူအစား ရေဘုံး သေးသေးလေးကိုပဲ တွေ့ရမှာပါ။
(၂)အင်ဒိုမှာ လက်ထပ်ပြီးခါစလင်မယား သန့်စင်ခန်းသုံးလို့ မရ

brightside
အင်ဒိုနီးရှားက Tidong မျိုးနွယ်တွေမှာ ကျင့်သုံးတဲ့ ရိုးရာအစဉ်အလာပါ။အဲ့ဒီမှာဆိုရင် လက်ထပ်ထားတဲ့ စုံတွဲ တွေ ဟာ လက်ထပ်ပြီး (၃)ရက်ကြာတဲ့အထိ သန့်စင်ခန်းသုံးခွင့် မရပါဘူး။မရှောင်ပဲ သုံးလိုက်မိရင် လက်ထပ်ထားတဲ့ စုံတွဲ ဟာ ကံဆိုးတာတွေနဲ့ ကြုံရတတ်တယ်ဆိုပြီးအယူရှိပါတယ်။ကြင်စဦးစုံတွဲ ကို တခြားမိသားစုဝင်တွေကပါ ရိုးရာအစဉ်အလာ မဖျောက်ဖျက်ရလောင်အောင် ဘေးကနေ စောင့်ကြပ်ကြည့်ရှု ပေးကြပါတယ်။သန့်စင် ခန်း မသုံးရဖူး ဆိုတဲ့အစဉ်အလာကို ထိန်းသိမ်းနိုင်အောင်အဲ့ဒီ (၃)ရက်အတွင်းမှာ ရေနဲ့ စားစရာကို နည်းနည်းပဲ ကျွေးကြ၊တိုက်ကြ ပါတယ်။
(၃)Maasai မျိုးနွယ်တွေမှာ တံထွေးထွေး နှုတ်ဆက်

eastnews
ကင်ညာက Maasai ဆိုတဲ့ မျိုးနွယ်စုက ရိုုးရာအစဉ်အလာပါ။အဲ့ဒီမှာဆိုရင် တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက် တာကို တံထွေးထွေးပြီး ဖော်ပြကြပါတယ်။လက်ဆွဲနှုတ်မဆက်ခင်မှာ လက်ကို တံထွေးထွေးထည့်ကြတာပါ။မွေး လာတဲ့ ကလေးလေးတွေကို ဆိုရင်လည်းအဲ့လို လုပ်ကြပါတယ်။ဒါဟာ ကောင်းချီးပေးတယ်၊ကံကောင်းခြင်းတွေကို ဆောင်ယူပေးတယ်လို့ လက်ခံယုံကြည်ထားကြတာပါ။
(၄)မက္ကဆီကိုမှာ နှင်းဆီဝါ မပေးရ

brightside
မက္ကီဆီကို မှာ နှင်းဆီဝါ ပေးလို့ မရပါဘူး။နှင်းဆီပန်းတိုင်းကလှတယ်ဆိုပေမယ့် တစ်ချို့ နိုင်ငံတွေ မှာက ပန်းရဲ့အရောင်အလိုက်အဓိပ္ပါယ်တွေ သတ်မှတ်ထားတာရှိပါတယ်။မက္ကဆီကိုမှာတော့ နှင်းဆီဝါက သေခြင်းလို့အဓိပ္ပါယ် ရပါတယ်။
(၅)ဂျာမနီမှာ မင်္ဂလာပွဲမှာ ကြွေထည်တွေကို ခွဲ

brightside
သတို့သား၊သတို့ သမီး ကံကောင်းစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကြွေထည် တွေကို ခွဲ ကြပါတယ်။ခွဲပြီးရင်တော့ သတို့ သား၊သတို့သမီးကအမှိုက်တွေကို ရှင်းလင်းရပါတယ်။ဒီလိုလုပ်ခြင်းဖြင့် ကံကောင်းခြင်းတွေ ရလာမယ်၊ပူးပေါင်းဆောင် ရွက် မှုကိုအားပေးတယ်ဆိုတဲ့ သဘောဆောင်ပါတယ်။
(၆)FA တွေကို သစ်ကြံပိုးခေါက်နဲ့ ပေါက်တဲ့ ဒိန်းမတ်

brightside
(၁၆)ရာစုလောက်တည်းကအစဉ်အလာပါ။အခုထိလည်း ကျင့်သုံးနေတုန်းပါ။လူတစ်ယောက်ဟာ သူ့ရဲ့ မွေးနေ့ မှာ Single ဖြစ်နေတယ်ဆိုရင်တော့အဲ့ဒီလူကို သူငယ်ချင်းတွေက သစ်ကြံပိုးခေါက်နဲ့ ဝိုင်းပေါက်ကြပါတယ်။
(၇)ဗင်နီဇွဲလားနဲ့ နောက်ကျတဲ့ ထုံးစံ

brightside
အစည်းအဝေး၊ပွဲ၊ပါတီ တွေကို ဗင်နီဇွဲ လားမှာ ကျင်းပမယ့်အချိန်ကွက်တိ သွားမိရင် မှားပါလိမ့်မယ်။ကျင်းပမယ့်အချိန် ထက် နောက်ကျ မှရောက်တာ ထုံးစံပါ။နောက်ကျမှ ရောက်တာဟာ ကောင်းတယ်လို့ မှတ်ယူထားကြတာပါ။
(၈)ဟန်ဂေရီမှာ ခွက်ချင်းတိုက်လို့မရ

brightside
ဟန်ဂေရီကိုအလည်သွားမယ်ဆိုရင်တော့ လူတွေက ဘားတွေမှာ သောက်ရင်းနဲ့ ခွက် ချင်း မတိုက်ကြတာကို တွေ့ရမှာပါ။တချွင်ချွင်နဲ့ ခွက်မတိုက်ကြပါဘူး။(၁၈၄၈)ခုနှစ်တည်းက စခဲ့တဲ့အစဉ်အလာ ဓလေ့ပါ။သြစတြီးယား တွေက ဟန်ဂေရီကို တိုက်နိုင်ဖို့ ခွက်ချင်းတိုက်အောင်ပွဲ ခံခဲ့ကြပါတယ်။ဒါကြောင့် ဟန်ဂေရီ လူမျိုးတွေက ခွက် ချင်းတိုက်တာကို ရှုတ်ချကြပြီးအဲ့ဒါကို ရှောင်လာတာ နှစ်(၁၅၀) ရှိပါပြီ။
(၉)ဘရာဇီးမှာအရွယ်ရောက်လာရင် ပုရွတ်ဆိတ်ကိုက်ခံရ

brightside
ဘရာဇီးနိုင်ငံက Sateré-Mawé ဆိုတဲ့ မျိုးနွယ်စုမှာတော့ ယောက်ျားလေးတွေဟာအရွယ်ရောက် လာပြီ ဆိုရင် ပုရွတ်ဆိတ်တွေ ပြည့်နေတဲ့ လက်အိတ်ကို ဝတ်ကြရပါတယ်။bullet ant ဆိုတဲ့ ပုရွတ်ဆိတ်လက်အိတ်ကို ဝတ်ရတာပါ။အဲ့ဒီ ပုရွတ်ဆိတ်တွေဟာ ကိုက်ရင်အနာဆုံးအင်းဆက်တွေထဲက တစ်ခုပါ။
(၁၀)ကောက်ပဲသီးနှံထွက်ဖို့ သစ်သားတာဝါတိုင်ပေါ်ကနေ ခုန်ချရ

brightside
Vanuatu ဆိုတဲ့ နိုင်ငံက Pentecost ဆိုတဲ့ ကျွန်းပေါ်မှာတော့ ကောက်ပဲသီးနှံတွေ ကောင်းကောင်း ထွက်အောင် လုပ်ကြတဲ့ ရိုးရာအစဉ်အလာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ သစ်သားတာဝါတိုင်ပေါ်ကနေ ခုန်ချရတာပါ။ခြေချင်းဝတ် မှာတော့ နွယ်ပင်တွေ ကို ချည်နှောင်ပြီး ခုန်ချရတာပါ။ဒီလို ခုန်ချခြင်းအားဖြင့် ယောက်ျားတစ်ယောက်ရဲ့ ရုပ် ပိုင်း ဆိုင်ရာ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေပြီး လာမယ့်နှစ်ကောက်ပဲသီးနှံရာသီမှာ သီးနှံအထွက် တိုးစေလိမ့်မယ် ဆိုပြီး လက်ခံယုံကြည်ထားပါတယ်။
(၁၁)ရယ်စရာဦးထုပ်ဆောင်းရတဲ့ ပြင်သစ်က Single တွေရဲ့ ဘဝ

brightside
ပြင်သစ်မှာတော့ နိုဝင်ဘာ (၂၅)ကျရင် Saint Catherine ပွဲကို ကျင်းပပါတယ်။အဲ့ဒီမှာ တကယ်လို့ သင်က များအသက် (၂၅)လည်းရောက်နေပြီ လက်မထပ်ရသေူတဲ့အမျိုးသမီးဆိုရင်တော့အစိမ်းနဲ့အဝါရောင် ရှိတဲ့ ရယ်စရာ ကောင်းတဲ့ ဦးထုပ်တွေကို ဆောင်းရပါတယ်။ဒါဟာ ပညာရှိမှုနဲ့ သစ္စာရှိမှုကို ပြတာပါ။
(၁၂)တောင်အာဖရိကမှာ ပရိဘောဂတွေကို လွှင့်ပစ်

brightside
တောင်အာဖရိကမှာတော့ နှစ်သစ်ကူးရင် လုပ်လေ့ရှိတဲ့ ထူးဆန်းတဲ့ ဓလေ့တစ်ခုရှိပါတယ်။တခြားနိုင်ငံတွေက နှစ်သစ် ကို မီးပန်းဖောက်ကြိုဆိုပေမယ့် တောင်အာဖရိကမှာတော့ ကိုယ့်အိမ်က ပရိဘောဂပစ္စည်းတွေကို ပြူတင်း ပေါက် ကနေ လွှင့်ပစ်တဲ့ နည်းလမ်းနဲ့ နှစ်သစ်ကို ကြိုကြပါတယ်။
(၁၃)Business meetings ကို ချွေးထုတ်ခန်းမှာ လုပ်တဲ့ ဖင်လန်

brightside
ချွေးထုတ်ခန်းကတော့ ဖင်လန်နိုင်ငံရဲ့ ယဉ်ကျေးမှု တစ်ခုပါ။စီးပွားရေးဆိုင်ရာ စည်းဝေးပွဲနဲ့ နိုင်ငံရေး စည်းဝေး ပွဲ တွေ ပြောစရာရှိလာရင် သူတို့ သုံးတဲ့ စည်းဝေးခန်းနေရာက ချွေးထုတ်ခန်းပါ။
(၁၄)မင်္ဂလာပွဲမှာ ငိုရတဲ့ တရုတ်

brightside
တခြားနိုင်ငံတွေက မင်္ဂလာပွဲမှာ ပျော်ရွှင် ရယ်မောရပေမယ့် တရုတ်မှာတော့အဲ့လို မဟုတ်ပါဘူး။တရုတ်ရိုးရာအစဉ်အလာအရ သတို့သမီးက ငိုရပါတယ်။လက်မထပ်ခင် တစ်လ ငိုရတာပါ။ရက်အနည်းငယ်အကြာ မှာတော့ သူမ နဲ့အတူ သူမရဲ့အမေနဲ့ ဆွေမျိုးတွေကပါ သူမနဲ့အတူ ငိုပေးရပါတယ်။ဒါဟာ သတို့သမီးရဲ့အနာဂါတ်အိမ်ထောင် ရေးအတွက် ဝမ်းသာမှုကို ပြတဲ့အနေနဲ့ ငိုပေးရတာပါ။
(၁၅)အရှေ့အလယ်ပိုင်းမှာ ဘယ်လက် သုံးမရ

brightside
အရှေ့အလယ်ပိုင်းနိုင်ငံ တွေ မှာ တစ်စုံတစ်ယောက်ကို နှုတ်ဆက်မယ်ဆိုရင် ဘယ်ဖက် လက်ကို သုံး လို့ မရပါဘူး။ဒါဟာ ရိုင်းတယ်၊မယဉ်ကျေးဖူးလို့အဓိပ္ပါယ်သက်ရောက်ပါတယ်။ဒါတင်မဟုတ်ပါဘူး။ညစာစားပွဲ မှာပါ ဘယ်လက်သုံးရင် ရိုင်းတယ်လို့ သတ်မှတ်ထားပါတယ်။
Source brightside