မစ်ကီယူချန်းအသုံးပြုခဲ့တဲ့ မူးယစ်ဆေး ‘Philopon’အကြောင်းသိကောင်းစရာ
popolay.com
|
2019-04-24

တောင်ကိုးရီးယားနာမည်ကျော်အဆိုတော်သရုပ်ဆောင် မစ်ကီယူချန်းဟာ မူးယစ်ဆေးသုံးစွဲမှုနဲ့ လာမယ့် ဧပြီလ ၂၆ ရက်နေ့တရားရုံးမှာစစ်ဆေးခံရမှာပဲဖြစ်ပါတယ်။ ပတ်ယူချန်း သုံးစွဲခဲ့တဲ့ ဆေးကတော့ Philoponအမည်ရှိတဲ့ ဂျပန်နိုင်ငံကထုတ်လုပ်တဲ့ မူးယစ်ဆေးတစ်မျိုးပဲဖြစ်ပါတယ်။


>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<













Philoponအမည်ရှိအဆိုပါဆေးဟာ ဂရိစကားလုံး “Philoponus” မှဆင်းသက်လာတာပဲဖြစ်ပါတယ်။ Philopon ဟာဂျပန်နိုင်ငံမှာ ဒုတိယကမ္ဘာစစ်ဖြစ်နေစဉ်အတောအတွင်း စစ်သားများကို ညမအိပ်စေပဲအမြဲသတိရှိစေရန် စားသုံးစေခဲ့တဲ့ဆေးတစ်မျိုးပဲဖြစ်ပါတယ်။ ဒီဆေးဟာအင်မတန် ဈေးကြီးတဲ့ ဆေးတစ်မျိုးဖြစ်ပြီး လေယာဉ်မောင်းပိုင်းလော့တွေလဲအသုံးပြုလေ့ရှိတယ်လို့ သိရပါတယ်။







၁၉၅၄ ခုနှစ်ဂျပန်နိုင်ငံ၊ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးတဲ့အခါ စစ်တမ်းကောက်ယူချက်အရ လူဦးရေ (၅)သိန်းခွဲလောက်ဟာ Philopon မူးယစ်ဆေးစွဲနေခဲ့ကြပါတယ်။ Philopon စွဲနေတဲ့လူအများစုဟာ HIV ပိုး ၊ ဘီပိုး၊ စီပိုး ကူးစက်ခြင်းတွေခံရပါတယ်။ ကြာရှည်သုံးစွဲမိရင်တော့ မှတ်ဉာဏ်ချို့ယွင်းတာမျိုးဖြစ်စေမှာပါ။ ဒီဆေးရဲ့ ထူးခြားချက်ကတော့ တစ်ခါ သုံးစွဲလိုက်ရင် ချက်ချင်းဆိုသလို ကိုယ်အလေးချိန်လျော့ကျသွားစေတာပါပဲ။ သုံးစွဲပါများလာရင်တော့အရေပြား ရှုံ့တွသွားတာတွေ၊ စိတ်မတည်မငြိမ်ဖြစ်ခြင်း၊ ဆူပူသောင်းကျန်းခြင်း၊ နှိပ်စက်ခြင်း၊ ညအိပ်မပျော်ခြင်း ဝေဒနာတွေခံစားရစေမှာဖြစ်ပါတယ်။













ဒီ Philopon ဆေးကိုလက်ရှိအသုံးပြုအများဆုံး နိုင်ငံတွေကတော့အရှေ့တောင်အာရှနိုင်ငံတွေဖြစ်ပါတယ်လို့ တောင်ကိုးရီးယားမူးယစ် ရဲဋ္ဌာနမှထုတ်ပြန်ထားပါတယ်။ Philoponအများစုဟာ ဂျပန်ကဝင်တာမဟုတ်ပဲ ကိုးရီးယားကိုအရှေ့တောင်အာရှနိုင်ငံအများစုက တင်သွင်းလာတာဖြစ်လို့ လက်ရှိအရှေ့တောင်အာရှနဲ့ ပတ်သတ်တဲ့အွန်လိုင်းဈေးဝယ်ဆိုဒ်တွေကို ပိတ်ထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

(ပိုပိုလေး)

.


#ဆေး
#ကိုးရီးယား
#အရှေ့တောင်
#ဂျပန်
#မျိုးပဲ

Some text some message..