တရုတ်၊ တိုင်ပေတွင် လိင်တူချစ်သူများလက်ထပ်ပေါင်းသင်းပြီး တစ်အိုးတစ်အိမ်ထူထောင်နိုင်စေဖို့တရားဝင်ခွင့်ပြု
popolay.com
|
2019-04-30

တရုတ်၊ တိုင်ပေအစိုးရဟာ ပြီးခဲ့တဲ့အချိန်ကာလအပိုင်းအခြားတွေမှာ လိင်တူချစ်သူတွေကို လက်ခံပေးဖို့ ခွင့်ပြုခဲ့ပါတယ်။အရှေ့အာရှနဲ့အာရှနိုင်ငံတွေမှာ တိုင်ပေဟာ လိင်တူချစ်သူတွေလွတ်လပ်စွာ သွားလာနေထိုင်ဖို့အလုံခြုံဆုံးတစ်နေရာဖြစ်ခဲ့ပါတယ်။ သို့ပေမဲ့ လိင်တူချစ်သူ၊LGBT တွေကို လက်ထပ်ပြီး တစ်အိုးတစ်အိမ်ထူထောင်ခွင့် မျိုး လုပ်ပိုင်နိုင်ခွင့်မပေးအပ်ခဲ့ပါဘူး။


>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<







တရုတ်တိုင်ပေ၊အုပ်ချုပ်စီမံခန့်ခွဲရေးကော်မတီ Executive Yuan ဟာ ၂၀၀၃ ခုနှစ်မှာ လိင်တူချစ်သူတွေကို လက်ထပ်ပေါင်းသင်းစေပြီး တစ်အိုးတစ်အိမ်ထူထောင်နိုင်စေဖို့အဆိုတင်သွင်းခဲ့ပေမဲ့ မဲပေးစနစ်မှာ ရှုံးနိမ့်သွားပြီး မအောင်မြင်နိုင်ခဲ့ပါဘူး။ ၂၀၀၄ ခုနှစ်မှာတော့ လိင်တူချင်းကြိုက်နှစ်သက်သူတွေကို ပညာသင်ခွင့်မပေးတာမျိုးတွေတောင် ရှိလာခဲ့ပါတယ်။







၂၀၀၇ ခုနှစ်မှသာ လိင်ပိုင်းဆိုင်ရာတိမ်းညွှတ်မှု မခွဲခြားရေးဥပဒေပေါ်ထွက်လာခဲ့တာပါ။ ထိုအချိန်ကစပြီး လိင်တူချစ်သူတွေကို သာမန်လူတွေနဲ့ တစ်သားတည်း မခွဲခြားဆက်ဆံပေးဖို့အခွင့်အရေးတွေပေးလာခဲ့တာဖြစ်ပါတယ်။













2017 မေလ ၂၄ ရက်နေ့မှာတော့ တိုင်ပေတရားရုံးချုပ်မှ လိင်တူချစ်သူအချင်းချင်းလက်ထပ်စေနိုင်ဖို့ ထပ်ပြီးအဆိုတင်သွင်းခဲ့ပေမယ့် သမ္မတရုံးမှ တုန့်ဆိုင်းထားခဲ့ပါတယ်။ တိုင်ပေမှာရှိတဲ့ လိင်တူချစ်သူ စုံတွဲတွေဟာ ဒီကိစ္စနဲ့ စပ်လျဉ်းပြီး ၂နှစ်တိုင်တိုင် မပျက်မကွက် ထုတ်ဖော်ဆန္ဒပြခဲ့ကြပါတယ်။ ၂နှစ် ကာလ ကြာတဲ့အခါမှာတော့ လိင်တူချစ်သူတွေရဲ့ ကြိုးစားအားထုတ်မှုကို တိုင်ပေအစိုးရကအသိအမှတ်ပြုတဲ့အနေနဲ့ လာမယ့် မေလ ၂၄ ရက်နေ့ကစပြီး လိင်တူချင်း လက်ထပ်နိုင်စေဖို့ ခွင့်ပြုချက်ပေးလိုက်ပြီပဲဖြစ်ပါတယ်။



















နောင်လာမယ့် မေလ ၂၅ ၊ ၂၀၁၉ မှာတော့ တရားရုံးမှာ လိင်တူအတွဲပေါင်း ၁၅၇ တွဲလက်မှတ်ထိုးပြီး သမ္မတအိမ်တော်ရှေ့မှာ လိင်တူလက်ထပ်ပွဲအခမ်းအနားပြုလုပ်သွားမယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။

(ပိုပိုလေး)






#တူ
#ချစ်သူ
#တိုင်
#မေလ
#အိုး

Some text some message..