ဘူတန်နိုင်ငံအကြောင်း သိကောင်းစရာ စိတ်ဝင်စားဖွယ်အချက်အလက်များ
shwemom.com
|
2019-05-02

အိန္ဒိယနဲ့ တရုတ်နိုင်ငံကြားမှာ တည်ရှိတဲ့ ဘူတန်နိုင်ငံဟာ ထူးခြားဆန်ကြယ်ပြီး မျက်စိပသာဒဖြစ်တဲ့ ရှုခင်းတွေရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ်မတိုင်ခင်ကတည်း ကမ္ဘာလှည့်ခရီးသွားတွေ နဲ့လည်းအကျွမ်းတဝင်ရှိခဲ့တယ်။ ဒီနေ့ခေတ်မှာတော့ ပိုက်ဆံ တတ်နိုင်တဲ့လူတွေနဲ့ များစွာသော ထုံးတမ်းအစဉ်အလာတွေကို လေ့လာချင်တဲ့ သူတွေ သွားရောက်လည်ပတ်နေကြတာကို တွေ့ရပါတယ်။

နိုင်ငံရဲ့ နယ်စပ်လမ်းတွေ ပွင့်နေပြီဆိုတဲ့တိုင် ဘုရင်က လက်ရှိအချိန်ထိ ကမ္ဘာလှည့်ခရီးသွားအရေအတွက် ပမဏကို နည်းမျိုးစုံနဲ့ ကန့်သတ်နေဆဲလို့ သိရတယ်။

ဘူတန်က လူတိုင်း ဘာကြောင့်အဲ့ဒီ့မှာနေရတာ သိပ်ပျော်တာလဲ သင့်အနေနဲ့ စိတ်ဝင်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် ၎င်းနိုင်ငံရဲ့ ရိုးရာ ယဉ်ကျေးမှု ဓလေ့တွေနဲ့ များစွာသော တားမြစ်ချက်တွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

ရုပ်မြင်သံကြားမရှိဘူး၊အင်တာနက်မရှိဘူး

instagram

ဘူတန်နိုင်ငံမှာ တီဗီနဲ့အင်တာနက်ကို ၁၉၉၉ ခုနှစ် မတိုင်ခင်အထိ တရားဝင် ပိတ်ပင်တားမြစ်ထားပါတယ်။ ဒါပေမယ့် ခေတ်မှီ နည်းပညာတွေနဲ့ နိုင်ငံကိုအဆက်အသွယ်ဖြတ်ထားဖို့ကလည်း မရနိုင်ပါဘူး။ ဒါကြောင့် ဘုရင်က ဒီ ဥပေဒကို ပြန်လည် ပြင်ဆင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါတွေကြောင့် ဘူတန်ဟာ ကမ္ဘာပေါ်မှာ ရုပ်မြင်သံကြားကို နောက်ဆုံးမှအသုံးပြုတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်သွားခဲ့ပါတယ်။

အပျော်အပါး ဝန်ကြီးရုံး

Eastnews

လူတွေရဲ့အတွင်းစိတ် ငြိမ်းအေးမှုကို ပြုစုစောင့်ရှောက်ဖို့အတွက် ၂၀၀၈ ခုနှစ်မှာ နိုင်ငံတော် ပျော်ရွှင် ကော်မတီကို ဖွဲ့စည်းခဲ့တယ်။အိမ်ထောင်စု စာရင်း စစ်တမ်းမေးခွန်းမှာတောင် ကိုယ် ဘာမှနေပျော်လဲ မပျော်လဲ ညွှန်းဆိုနိုင်တဲ့ ကော်လံပါဝင်ကြောင်း သိရပါတယ်။

နှစ်စဉ် ပြည်တွင်းထုတ်ကုန် စုစုပေါင်းကို တွက်ချက်သလိုပဲ နိုင်ငံ့ ပျော်ရွှင်မှုကိုလည်း တိုင်းတာကြတယ်လို့သိရပါတယ်။ ဘဝရဲ့အရည်အသွေးကို စီးပွားရေးနဲ့ စိတ်ပိုင်းဆိုင်ရာ တန်ဖိုးထားမှုတွေကြာ မျှတမှုရှိဖို့နဲ့ ဆုံးဖြတ်သတ်မှတ်ကြပါတယ်။

အိမ်ယာမဲ့ မရှိ

Eastnews

ဘူတန်နိုင်ငံမှာ လမ်းဘေးမှာနေတဲ့သူ တစ်ယောက်တစ်လေမှ မရှိပါဘူး။ လူတစ်ယောက်အိမ်ဆုံးရှုံးသွားတဲ့အခါမှာ ၎င်းအနေနဲ့ ဘုရင်နဲ့ တွေ့ဖို့သာလိုအပ်ပြီး၊ ဘုရင်က နေဖို့အိမ်ဆောက်နိုင်ပြီး စိုက်ပျိုးနိုင်တဲ့ မြေနေရာကို ပေးတယ်လို့ သိရပါတယ်။ ဘူတန်နိုင်ငံသားတွေ ဘာကြောင့် ဒီလောက်ပျော်ရွှင်ကြလဲ နားလည်စပြုလာခဲ့ပါပြီ။

အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု

instagram

ဘူတန်နိုင်ငံကအိမ်ထောင်စုတိုင်းအခမဲ့ ကျန်းမာရေး စောက်ရှောက်မှုကို ရရှိကြပါတယ်။ ရိုးရာရော၊ ခေတ်မီဆေးဝါရော နှစ်မျိုးလုံး ဘူတန်နိုင်ငံမှာ သုံးကြပါတယ်။ ကိုယ်ကြိုက်တဲ့ ကုသထုံးကို ရွေးချယ်ကုသနိုင်သေးကြောင်းလည်း သိရတယ်။

ရိုးရာ ဝတ်ဝုံ

instagram

ဘူတန်လူမျိုးတွေဟာ ရိုးရာ ဝတ်စုံကိုသာ ဝတ်ဆင်ကြပါတယ်။အမျိုးသားတွေက လေးလံပြီး ဒူးလောက်ထိရှိတဲ့ ရုံလွှာကို ဝတ်ဆင်ကြတယ်။အမျိုးသမီးတွေကတော့ ဝတ်စုံအရှည်တွေကို ဝတ်ဆင်ကြတယ်။ လူမှု ဂုဏ်ပုဒ်တွေနဲ့အလွှာတွေကို ပုခုံးပေါ်ရုံတဲ့ ပဝါအရောင်နဲ့ ခွဲခြားသတ်မှတ်ကြောင်းသိရပါတယ်။ သာမန် လူတန်စားကအဖြူရောင် ပဝါကို ခြုံပြီးအထက်တန်းလွှာနဲ့ ဘုန်းကြီးတွေကအဝါရောင်ကိုအသုံးပြုတယ်လို့ သိရပါတယ်။

ဆေးလိပ်သောက်တာကို တားမြစ်ထားတယ်

instagram

ဘူတန် ဘုရင်ဟာ ဆေးရွက်ကြီး စိုက်ပျိုးခြင်း ရိတ်သိမ်းခြင်းနဲ့ ရောင်းချခြင်းတွေကို ဥပဒေပြု တားမြစ်ထားပါတယ်။ ဆေးရွက်ကြီးအဲ့ဒီ့မှာ ဝယ်ဖို့က ဘယ်လို့ မဖြစ်နိုင်ပါဘူး။ နိုင်ငံခြားသားတွေဆိုလည်း ဆေးလိပ်ဘူးသယ်လာမိရင် နယ်စပ်ဖြတ်တဲ့အခါအခွန်အကြီးကြီးဆောင်ရတယ်လို့ သိရပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့ တိရိစ္ဆာန်တွေကို စောင့်ရှောက်ခြင်း

flickr

ဘူတန်နိုင်ငံက ဂေဟဗေဒစနစ်နဲ့ သဘာဝပတ်ဝန်းကျင်ကို တကယ်အလေးထားတဲ့ နိုင်ငံပါ။အပင် စိုက်ပျိုးဖို့ကိုအလွန်အလေးထားကြတယ်။ ဘူတန်နိုင်ငံသားတွေ တစ်နာရီတည်းနဲ့အပင် ၅၀၀၀၀ ကို စိုက်ခဲ့ပြီး ကမာ့္ဘ မှတ်တမ်းထဲဝင်သွားတယ်လို့ သိရတယ်။

စားသောက်ပုံ

instagram

ဘူတန်နိုင်ငံသားအများစုက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။ သက်သက်လွတ်စားတဲ့သူတွေလည်း တကယ်ကို များပြားပါတယ်။ ဆန်ကိုအဓိကထား စားသုံးကြတယ်။ ဒါပေမယ့်အဲ့ဒီ့မှာ ရိုးရိုးဆန် ရေမြေသဘောဝအရ မပေါက်ရောက်နိုင်တဲ့အတွက် လူတွေက ဆန်နီတွေကို စိုက်ပျိုးကြတယ်။ နောက်ပြီးတော့ လက်ဖက်ရည်ကိုအင်မတန်အလေးထား သောက်သုံးကြတယ်။ လက်ဖက်နက်နဲ့ လက်ဖက်စိမ်းကို ဆား၊ ငရုပ်ကောင်း၊ ထောပတ် တစ်ဇွန်းအပြည့် စတာတွေနဲ့ တွဲဖက် သုံးဆောင်ကြလေ့ရှိပါတယ်။

ကမ္ဘာ့ခရီးသွားတွေကို လည်ပတ်ခွင့် မပြုတဲ့နေရာတွေအများကြီး ရှိပါတယ်

Homocosmicos / Easyfotostock / Eastnews

ကမ္ဘာ့လှည့် ခရီးသွား လည်ပတ်ခွင့်ကို ဘုရင်က ခွင့်ပြုခဲ့ပေမယ့် တစ်နိုင်ငံလုံးတော့ ခွင့်မပြုဘူးလို့ သိရပါတယ်။ ဘူတန်နိုင်ငံကို တခြား ကမ္ဘာလှည့်ခရီးသွားအဖွဲ့တွေနဲ့သာ လည်ပတ်နိုင်ပါတယ်။ သတ်မှတ်ထားတဲ့ ခရီးသွား ကုမ္ပဏီတစ်ခုတည်းနဲ့ စာရွက်စာတမ်းကိစ္စ၊ ဗီဇာကိစ္စတွေကို ဆောင်ရွက်ရမှာဖြစ်တယ်။ ပါမစ်ရဖို့အတွက် ဈေးကြီးတဲ့အရာမှှန်သမျှ ပေးချေရတယ်လို့ သိရတယ်။ ( လေယာဉ်လက်မှတ်၊ ဟိုတယ်၊ ဂိုက်နဲ့အာမခံ စသဖြင့်..)

အမွေဆက်ခံမှု ထုံးစံ

Eastnews

ဘူတန်နိုင်ငံမှာအမျိုးသမီးတွေဟာ လေးစာသမှုပြုခံရပြီး ဂုဏ်ပြုခြင်းခံရပါတယ်။ ဒါကို မျိုးရိုးစဉ်ဆက်အလိုက် ကျင့်သုံးပြီး သက်သေပြကြတယ်။ ပိုင်ဆိုင်မှုအမွေအားလုံးကိုအကြီးဆုံး သမီးကိုပဲ လွှဲပြောင်းပေးတယ်လို့ သိရပါတယ်။

ဂေဟဗေဒစနစ်ဟာအရေးပါဆုံးအရာတစ်ခု

instagram

ဘူတန်နိုင်ငံဟာ ဓာတုထုတ်ကုန်တွေကို သွင်းတာရော၊အသုံးချတာရော တားမြစ်ထားပါတယ်။ သူတို့ သုံးသမျှက နိုင်ငံတွင်း စိုက်ပျိုးထုတ်လုပ်တာဖြစ်ပြီး တကယ်ကို သဘာဝစစ်စစ်ဖြစ်ပါတယ်။

လက်ထပ်ထိမ်းမြားမှု ဓလေ့ရိုးရာ

instagram

ဘူတန်နိုင်ငံမှာ နိုင်ငံခြားသားနဲ့ ထိမ်းမြားလက်ထပ်ခွင့်ကို ပိတ်ပင်ထားပါတယ်။ မင်္ဂလာအခမ်းအနားကျင်ပတဲ့အချိန်မှာဆိုလည်း ဘုန်းကြီးတွေ က မန္တန်တွေကို ရွတ်ကြလေ့ရှိတယ်။ ဒါ မင်္ဂလာဦးမှာ မြဲမြံတဲ့ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုရှိစေဖို့လို့ သိရပါတယ်။

Changphoed လို့ခေါ်တဲ့ ရိုးရာဓလေ့တစ်ခုလည်း ရှိပြီးအဲ့ဒါကတော့ ဒေသတွင်းအထူးတလည်း ချက်လုပ်ထားတဲ့အဖျော်ယာမကာနဲ့ နတ်ဘုရားတွေကို ဆက်ကပ်ကြတယ်။ ကျန်တာတွေကိုတော့ သတို့သားနဲ့ သတို့သမီးက ဝေမျှ ဧည့်ခံကြပါတယ်။

အရေးကြီးတဲ့အစီအစဉ်တွေကို ဆောင်ရွက်ပြီးတာနဲ့အကြင်လင်မယားအဖြစ်ကို ရောက်ရှိပါပြီ။အဲ့ဒီမှာအမျိုးသားကအမျိုးသမီးအိမ်ကို စည်းမျဉ်းအရအရင်လိုက်နေရပါတယ်။ နောက် လုံလုံလောက်လောက်ရှာနိုင်တော့မှာ တခြားအိမ်ကို ရွှေ့ပြောင်းကြတယ်လို့ သိရတယ်။

လမ်းမများ

instagram

ဘူတန်မြို့တော်ထဲမှာ မီးပွိုင့်မရှိပါဘူး။အားလုံးသော လမ်းမအချက်ပြ သင်္ကေတတွေကို လက်နဲ့ပဲ ပြသကြောင်း သိရပါတယ်။

Gingerbreadအိမ်

instagram

ဘူတန်လူမျိုးတွေဟာအိမ်အလှဆင်ရတာကို သဘောကျကြတယ်။ သူတို့ဟာ ငှက်တွေ၊ တိရိစ္ဆာန်တွေနဲ့ ထူးခြားတဲ့ ပတ်တန်တွေကို နံရံတွေပေါ်မှာ ရေးဆွဲကြပါတယ်။ ရိုးရာအိမ်ဟာ တိုက်အသေးစားလိုမျိုးဖြစ်ပြီး သုံးထပ်တည်ဆောက်ကြတယ်။ မြေညီထပ်မှာ တိရိစ္ဆာန်တွေထားတယ်၊အလယ်ထပ်မှာ ဧည့်ခန်းနဲ့ လူနေတယ်၊အပေါ်ဆုံးထပ်ကတော့ မြက်ခြောက်တွေ သိုလှောင်တယ်လို့ သိရတယ်။

အခုဖော်ပြခဲ့သလို တားမြစ်ချက်တွေ၊ တင်းကြပ်မှုတွေ များတဲ့တိုင် ဘူတန်နိုင်ငံက လူတွေဟာ ရင်နှီးဖော်ရွေပြီးအလွန် ပျော်ရွှင်တတ်ကြတယ်။ ကမ္ဘာလှည့်ခရီးသွားတွေဟာလည်း ပိုပိုပြီး ဒီ သီးသန့်ဖြစ်တည်နေတဲ့ နိုင်ငံလေးကို စိတ်ဝင်တစားရှိလာနေကြပါတယ်။

Ref: Brightside

Matthew (ShweMOM)
 

 

 


#ဘူတန်
#ဘုရင်
#ခရီးသွား
#ရိုးရာ
#နိုင်ငံ

Some text some message..