
Crazy Rich Asians ရုပ်ရှင် ကြည့်ပြီးသူတိုင်း ဇာတ်လမ်းထဲက Young မိသားစုရဲ့ လူနေမှုအဆင့်အတန်းပုံစံတွေကို သိကြမှာပါ။ ထင်ထင်ပေါ်ပေါ်နတယ်၊ ပစ္စည်းကောင်းတွေကို ထုတ်သုံးလေ့ရှိတယ်၊ တရုတ်စစ်စစ်တွေဖြစ်လို့ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြတယ်၊ ပါတီပွဲတွေ ကျင်းပလေ့ရှပြီး မီဒီယာတွေနဲ့အနုပညာရှင်တွေအတိုင်းအဆက်အဆံလုပ်ကြတယ်ပေါ့။ ဒါပေမဲ့လို့ တကယ့်လက်တွေ့ဘဝက စင်္ကာပူရဲ့အချမ်းသာဆုံးသူဌေးကြီး သုံးယောက်ကတော့အဲဒီရုပ်ရှင်ထဲကနဲ့ လားလားမှ မသက်ဆိုင်တဲ့ ပုံစံမျိုးတွေနဲ့ ဘဝကြီးကို ဖြတ်သန်းနေကြပါတယ်။ စင်္ကာပူရဲ့အချမ်းသာဆုံး ကိုယ်ထူကိုယ်ထ သူဌေးကြီးသုံးယောက်အကြောင်း ဖော်ပြပေးချင်ပါတယ်။
မီဒီယာတွေရှေ့ထွက်ပြရမှာရှက်လွန်းတဲ့ ဘောလုံးအသင်းပိုင်ရှင်
Peter Lim ဟာ Valencia ဘောလုံးအသင်းကို ပိုင်ဆိုင်ထားတဲ့ ဘီလီလျံနာသူဌေးတစ်ယောက်ဖြစ်ပါတယ်။ မီဒီယာတွေရှိတဲ့ လူရှေ့မှာ ထင်ထင်ပေါ်ပေါ်နေပြီး ရုပ်လုံးထွက်ပြဖို့အတွက် သိပ်ကိုရှက်တဲ့ သူဌေးကြီးပါ။ ဒါကြောင့်လည်းအခုအသက် ၆၅ နှစ် ရှိနေပြီဖြစ်ပေမယ့် သူ့ရဲ့ personal lifeအကြောင်း တိတိကျကျ မသိရသေးပါဘူး။ Forbes မဂ္ဂဇင်းမှာတော့အမေရိကန်ဒေါ်လာ ၂.၄၅ သန်း ပိုင်ဆိုင်ထားသူအဖြစ် မှတ်တမ်းတင်ခြင်း ခံထားရပါတယ်။ စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီးဟာ ၂၀၁၀ ခုနှစ် နောက်ပိုင်းမှာတော့အိမ်ခြံမြေဈေးကွက်၊ ကျန်းမာရေးစင်တာတွေနဲ့အားကစားအသင်းတွေဘက်ကို စိတ်အားထက်သန်လျက်ရှိခဲ့ပါသေးတယ်။ ၂၀၁၀ ခုနှစ်တုန်းက Liverpool ဘောလုံးအသင်းကို ဝယ်ယူဖို့ ကြိုးစားခဲ့ပေမယ့် လေလံပွဲမှာရှုံးနိမ့်ခဲ့ရပြီး ၂၀၁၄ ခုနှစ်မှာတော့ Calencia FCအသင်းကိုအမေရိကန်ဒေါ်လာ သိန်း ၄၈၀ ပေးဝယ်ခဲ့ကာ တင်နေတဲ့အကြွေး သိန်း ၂၀၀ ကျော်ကိုလည်းအဲဒီငွေထဲကနေပဲ ချေပေးခဲ့ပါတယ်။

AFP
ခရစ်ယာန်ယုံကြည်သက်ဝင်သူအိမ်ခြံမြေသူဌေးကြီး
တရုတ်လူမျိုးတိုင်းကို ဗုဒ္ဓဘာသာပဲ ကိုုးကွယ်လိမ့်မယ်လို့ ထင်ရင်တော့ သင်မှားသွားမှာပါ။ Philip Ng ဟာ ခရစ်ယာန်မိသားစုမှ မွေးဖွားလာသူတစ်ဦးပါ။ ဘာသာအပေါ် ယုံကြည်သက်ဝင်မှုရှိရုံတင်မကဘဲ ဘာသာတရားကိုင်းရှိုင်းသူလည်းဖြစ်ပါတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ နှိမ့်ချပြောဆိုနေထိုင်တတ်သူတစ်ဦးအဖြစ်အများကသိထားခဲ့ပြီး ကျမ်းစာထဲက ဘုရားရှင်ရဲ့ဆုံးမစာနည်းလမ်းတွေအတိုင်း ဘဝမှာ ကျင့်ကြံအားထုတ်လေ့ရှိတယ်လို့လည်းအင်တာဗျူးတော်တော်များများမှာ ဖြေကြားထားခဲ့ပါတယ်။ Forbes မဂ္ဂဇင်းအရတော့ Philip Ng ဟာ စင်္ကာပူရဲ့ဒုတိယမြောက်အချမ်းသာဆုံးသူဌေးကြီးအဖြစ် ပိုင်ဆိုင်မှုအမေရိကန်ဒေါ်လာ ၁၁.၉ သန်းနဲ့ စာရင်းဝင်နေခဲ့ပါတယ်။

Straits Times
Night life ကို မနှစ်သက်တဲ့ ပန်းချီကားစုဆောင်းသူ သူဌေးကြီး
သူဌေးတိုင်းဟာ ရုပ်ရှင်တွေထဲကလို ကလပ်တက်၊ ပျော်ပါးပြီး ညဉ့်ရဲ့အရသာတွေကို ငွေပေးပြီး ဝယ်ယူနေတယ်ဆိုပြီးတော့မထင်လိုက်ပါနဲ့။အသက် ၉၁ နှစ်အရွယ် Goh Cheng Liang ကတော့ စင်္ကာပူရဲ့ တတိယမြောက်သူဌေးကြီးအဖြစ် သတ်မှတ်ခံထားရပြီး လူငယ်ဘဝမှစလို့အခုအရွယ်အထိ ပျော်ပါးဖို့အတွက် ရုပ်ရှင်မကြိုက်၊ သီချင်းမကြိုက်၊ ကလပ်တက် ဘားသွားနဲ့အစွန်းဆုံဆုံး ကာရာအိုကီသွားတာတောင်မှ လုံးဝမနှစ်မြိုု့ဘူးလို့ ပြောထားပါတယ်။ Goh Cheng Liang ဟာ ငယ်စဉ်ကအလုပ်လက်မဲ့ဖခင်နဲ့ ခဝါသည်မိခင်၊ မောင်နှမလေးယောက်တို့နဲ့အတူအခန်းကျဉ်းလေးထဲမှာ တစ်နေ့ထမင်းနပ်မှန်အောင် စားရတဲ့ ဘဝကနေ ကြီးပြင်းလာခဲ့တာပါ။အရွယ်ရောက်လာတဲ့အချိန်မှာတော့ hardware ကုမ္ပဏီတစ်ခုမှာအရောင်းဝန်ထမ်းအဖြစ် ဆောင်ရွက်ရင်း ၁၉၄၉ ခုနှစ်မှာတော့ ဗြိတိသျှစစ်သားတွေရောင်းတဲ့ ပန်းချီကားတွေကို ဝါသနာအရ ဈေးသက်သက်သာသာနဲ့ဝယ်ကာ လိုက်လံစုဖြစ်ခဲ့ပါတယ်။ ဒါဟာ သူ့ဘဝရဲ့အောင်မြင်ရေးလမ်းကြောင်းအစပါပဲ။ Forbes မဂ္ဂဇင်းအရ ပိုင်ဆိုင်မှုတွေဟာအမေရိကန်ဒေါ်လာ ၈.၅ သန်းရှိတယ်လို့ သိရပါတယ်။

Forbes
Source: SCMP
Penny