
ထိုင်းနိုင်ငံ ဖူခက်၊ ပတောင်းကမ်းခြေအနီး လိုမာပန်းခြံထဲတွင် ဆယ်ကျော်သက် မြန်မာလူငယ်အယောက် ၁၀၀ ခန့် ဓားတို၊ ဓားရှည်များ ကိုင်ဆောင် စုရုံးခဲ့ကြကြောင်း ပတောင်းကမ်းခြေ ထိန်းသိမ်းဖွံ့ဖြိုးရေး ဖေ့စ်ဘွခ်စာမျက်နှာတွင် ဖော်ပြခံခဲ့ရပြီး ထိုင်းမီဒီယာများကပါ ဆက်လက် ရေးသားဖော်ပြလျှက်ရှိပါတယ်။
“
Baywatch team patong & patong development foundation
” ဖေ့စ်ဘွခ်စာမျက်နှာတွင် ဖော်ပြထားသောသတင်းအရ မေလ ၂၇ ရက်နေ့ညပိုင်းတွင် ပန်းခြံထဲသို့ စုစုပေါင်း လူ ၁၀၀ ခန့် မြန်မာလူငယ်အဖွဲ့နှစ်ဖွဲ့ ရောက်ရှိလာပြီး သူတို့ကိုယ်စီ၏ လက်ထဲတွင် ဓားတို၊ ဓားရှည်များ ကိုင်ဆောင်ထားသဖြင့် သက်ဆိုင်ရာ ရဲဌါနကိုအကြောင်းကြားခဲ့ကြောင်း ဖော်ပြထားပါတယ်။
“ဒီလိုမျိုက ခဏခဏရှိပြီ ဖြစ်နေတာ၊ သူတို့ စစချင်းအယောက် ၂၀ လောက်ရှိမယ်၊ တစ်ဖြည်းဖြည်းနဲ့ လူစုလာတာအများကြီးပဲ၊ ဂိုဏ်းအဖွဲ့လိုပဲ၊ ဒီနေရာမှာ ဘာပြသနာမှ မဖြစ်သေးခင် ဒီကိစ္စကိုအရေးတစ်ကြီးဖြေရှင်းသင့်တယ်” လို့ ပတောင်းကမ်းခြေ ဖောင်ဒေးရှင်းအဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
ရဲတွေကအဲဒီအုပ်စုနောက်ကို လိုက်နေပြီး လူအချို့ကိုလည်း ဖမ်းဆီးရမိထားပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြနေကြပါတယ်။