
မြန်မာတွေတော်တေ်ာများများ သွားလည်နေကြတဲ့ ဗီယက်နမ်က ဟာလောင်းပင်လယ်ကွေ့လေးရဲ့ လူတွေသိပ်သိတိမထားမိကြတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာလေးတွေကို မျှဝေပေးလိုက်ပါတယ်။

YouTube/Alexander Travelbum
(၁) ယူနက်စကိုမှအသိအမှတ်ပြုထားခံရတဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းထဲမှာ ဟာလောင်းပင်လယ်ကွေ့ပါဝင်နေပါတယ်။ ၁၉၉၄ ခုနှစ်မှစကာအဓိကလူတွေသွားလာတဲ့နေရာတွေကို စာရင်းထဲမှာ စတင်ထည့်သွင်းလိုက်ပေမယ့် ၂၀၁၂ ခုနှစ်လောက်ရောက်ကာမှ ကမ္ဘာကျော်သွားခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့အံ့သြမင်သက်စရာအံ့ဖွယ်နေရာသစ် ၇ ခုထဲမှာတောင် ဟာလောင်းပါဝင်နေခဲ့ပါပြီ။
(၂) ဟာလောင်းမှာ ကျွန်းငယ်ပေါင်း ၁၉၀၀ ကျော်ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။ ကျွန်းတစ်ကျွန်းစီတိုင်းမှာ မတူညီတဲ့နာမည်တစ်မျိုးစီရှိပြီး ကျွန်းပုံသဏ္ဍာန်နဲ့လိုက်ကာအကောင်နာမည်တွေ၊ ပန်းနာမည်၊အပင်နာမည်စတာတွေကို ပေးလေ့ရှိပါတယ်။ ဥပမာ Ga Choi ဆိုရင် တိုက်ကြက်၊ Mai Nha ဆိုရင် ခေါင်မိုး စသည်ဖြင့်ပေါ့။
(၃) ဟာလောင်းဆိုတာ နဂါးများပျော်မွေ့ရာ ပင်လယ်ကွေ့လို့ ဒေသခံတွေက ယူဆကြပါတယ်။ ရှေးအခါတုန်းက ဗီယက်နမ်ကို ကျူးကျော်သိမ်းပိုက်ချင်တဲ့ မသမာသူတွေလက်ထဲကနေ ကာကွယ်ဖို့ နိုင်ငံတွင်းဝင်ရာမှာ လွယ်ကူမယ့် ပင်လယ်လမ်းကြောင်းမှာ နဂါးတစ်ကောင်ချင်းစီတိုင်းဟာ ကျွန်းတွေအဖြစ်ဖန်ဆင်းကာ လမ်းခရီးကို တားဆီးပေးခဲ့တာပါတဲ့။
(၄) ဟာလောင်းမှာတည်ရှိတဲ့ ဆေးရုံလှိုင်ဂူ။အမေရိကန်-ဗီယက်နမ်စစ်ပွဲတုန်းက ဗီယက်နမ်က ခေါင်းဆောင်တချို့ဟာ ပုန်းအောင်းဖို့စခန်းကို ဟာလောင်းမှာရှိတဲ့ လှိုင်ဂူကြီးမှာ စတည်းချခဲ့ပါတယ်။ ဗုံးဒဏ်ခံနိုင်ပြီးအမေရိကန်တွေကို ပြန်လည်ခုခံပေးတဲ့တပ်သားတွေအတွက် ဆေးရုံကြီးသဖွယ်ပါအသုံးပြုခဲ့ကြတာပါ။ ဒါကြောင့်အခုအချိန်မှာအဲဒီလှိုင်ဂူထဲ သွားလေ့လာမယ်ဆိုရင် လူလုပ်အခန်းပေါင်း ၁၇ ခန်းကို တွေ့ရမှာဖြစ်ပြီး ၁၉၇၅ ခုနှစ်ကတည်းက လည်ပတ်ဖို့နေရာအဖြစ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဟာလောင်းရောက်ရင် သွားလည်သင့်ပါတယ်နော်။
(၅) ဟာလောင်းပင်လယ်ကွေ့ကို စတင်တွေ့ခဲ့သူကတော့ Vu Xuân Tao ဆိုတဲ့အမျိုးသားပါ။ လုပ်ငန်းအတွက် လိုအပ်တဲ့တွင်းထွက်တွေကိုရှာရင်း ဟာလောင်းကို ရောက်လာခဲ့ပြီး စစချင်းမှာတင် ကျောက်တုံးနဲ့လုပ်ထားတဲ့ ပုဆိန်တို့၊အသုံးအဆောင်ပစ္စည်းတို့ကို တွေ့ခဲ့တာပါ။ ဒီပစ္စည်းတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ထောင်ချီလောက်တုန်းက လူသားတွေရဲ့အသုံးအဆောင်ပစ္စည်းတွေဖြစ်ကြောင်း နေက်ပိုင်းမှသိခဲ့ရတဲ့အတွက် ဟာလောင်းမှာအရင်ကတည်းကိုက လူတွေနေထိုင်ခဲ့တယ်ဆိုတဲ့ သက်သေတစ်ခု ရရှိသွားခဲ့တာပဲဖြစ်ပါတယ်။
Penny