တစ်သက်မှာတစ်ကြိမ်တော့အီဂျစ်နိုင်ငံဆီ သွားလည်သင့်တဲ့အကြောင်းများ
shwemom.com
|
2019-06-14

အီဂျစ်နိုင်ငံဟာ ရှေးဟောင်းရတနာတွေနဲ့ ထူးခြားတဲ့သမိုင်းတွေကြောင့် ကျော်ကြားပါတယ်။အိပ်မက်ဆန်ဆန် ဂန ္တဝင်အလှတွေနဲ့ ကျယ်ဝန်းလှတဲ့ ကမ်းခြေတွေ၊ ရွှေရောင်သဲပွင့်တွေရယ်ကအီဂျစ်ကို ပိုပြီးအသက်ဝင်စေပါတယ်။ ရှေးခေတ်အနုပညာလက်ရာတွေကို လေ့လာလိုသူတွေအဖို့အီဂျစ်ဟာအလည်သွားသင့်တဲ့ နေရာလည်း ဖြစ်ပါတယ်။


Shutterstock/ givaga

အီဂျစ်ဟာ စိတ်ဝင်စားစရာကောင်းပြီး ရှေးအကျဆုံး လူနေမှုစနစ်တစ်ရပ် ဖြစ်ထွန်းခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ဂါဇာပိရမစ်တွေကတော့ မပါမဖြစ်ပါ။ ရှေးတုန်းကအီဂျစ်လူမျိုးတွေ ဆောက်လုပ်ခဲ့တဲ့ ရုပ်ထုတွေ၊အုတ်ဂူတွေရယ်က ကမ္ဘာ့ထိပ်တန်း ရှေးဟောင်းသုတေသနပညာရှင်တွေကို ယနေ့တိုင် ဖမ်းစားနိုင်နေဆဲ ဖြစ်ပါတယ်။အီဂျစ်မှာ Jabal Al Tor လို့လူသိများတဲ့ Mount Moses လည်း ရှိပါတယ်။ Mount Moses ဟာအစ္စလမ်၊ ခရစ်ယာန်နဲ့ ဂျိန်းဘာသာတို့အတွက်တော့ ဘာသာရေးဆိုင်ရာ မြင့််မြတ်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။


Shutterstock/ eFesenko

ကမ္ဘာ့အရှည်ဆုံးမြစ်ဖြစ်တဲ့ နိုင်းမြစ်ဟာအီဂျစ်နိုင်ငံမှာ ရှိပါတယ်။ နိုင်းမြစ်ဟာ မိုင်ပေါင်း (၄,၁၆၀) ကျော် ရှည်လျားပြီး မြေထဲပင်လယ်ထဲကို စီးဝင်ပါတယ်။အီဂျစ်မှာ ပင်လယ်နီကတော့အတော်လေး ကျော်ကြားတဲ့နေရာပါ။ တောက်ပတဲ့ သန္တာကျောက်တန်းတွေနဲ့ ထူးခြားတဲ့ ငါးရောင်စုံတွေက ပင်လယ်ထဲဆင်းပြီး ရေကူးလို့ မဝလောက်အောင်ကို ဖြစ်နေမှာပါ။


Shutterstock/ Merydolla

ကိုင်ရိုမြို့မှာတော့အကောင်းဆုံးအစ္စလာမ်မစ် ဗိသုကာလက်ရာတွေနဲ့အနုပညာတွေကို တွေ့နိုင်ပါတယ်။အချို့ဗလီတွေဟာဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း(၁,၂၀၀) ကတည်းက ဆောက်လုပ်ထားတဲ့ ဗလီတွေ ဖြစ်ပါတယ်။အီဂျစ်မှာ လူမျိုးစုံပါတယ်။အီဂျစ်နိုင်ငံထဲကအချို့မြို့တွေဆိုရင် ဘာသာစကားအမျိုးမျိုးနဲ့ ပြောဆိုကြပါတယ်။အီဂျစ်လူမျိုးတွေရဲ့အစားအသောက်ဟာအရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့အိမ်နီးချင်းနိုင်ငံတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ပါတယ်။ ဟင်းလျာတွေဟာအရသာထူးခြားကောင်းမွန်ရုံတင်မကပဲ ဟင်းလျာတွေထဲမှာအီဂျစ်ရဲ့ ယဉ်ကျေးမှုတွေပါ ပါဝင်စပ်ယှက်နေပါတယ်။

အီဂျစ်နိုင်ငံရဲ့ ရာသီဥတုအခြေအနေကတော့ ခရီးထွက်လို့ကောင်းတဲ့ ရာသီဥတုဖြစ်ပါတယ်။အီဂျစ်နိုင်ငံရဲ့ (၉၀) ရာခိုင်နှုန်းသော နယ်မြေဟာ ကန ္တာရတွေဖြစ်ပါတယ်။ ကန ္တာရထဲ ခရီးသွားပြီးအတွေ့အကြုံသစ်ရှာလိုသူတွေအတွက်တော့အီဂျစ်ဟာအကောင်းဆုံးနေရာတစ်နေရာ ဖြစ်ပါတယ်။ သဲတောင်ကုန်းတွေပေါ်မှာ မြင်းစီးနိုင်ပြီး ရေကန်တွေနဲ့ ပင်လယ်ကမ်းခြေတွေရဲ့အလှကိုအပေါ်စီးကနေ ကြည့်ရှုခံစားနိုင်ပါတယ်။


Shutterstock/ eFesenko

ပင်လယ်ရေအောက်အလှအပတွေကို ခံစားရင်း ရေငုပ်၊ ဒိုက်ဗင်ထိုး၊ လှေစီးစတဲ့အားကစားအမျိုးမျိုးကို လုပ်နိုင်တာကြောင့် ရေငုပ်သမားတွေအတွက် သုခဘုံလု့ိလည်း ဆိုနိုင်ပါတယ်။အီဂျစ်နိုင်ငံထဲက ပင်လယ်ကမ်းခြေတွေကတော့ ဟန်းနီးမွန်းထွက်လာတဲ့ ကြင်စဦးဇနီးမောင်နှံတွေအတွက်တော့အသင့်တော်ဆုံးပါပဲ။ ဖန်လိုကြည်နေတဲ့ ရေပြာပြာရယ်၊ သဘာဝအတိုင်း ရှိနေတဲ့ ရေကန်တွေရယ်၊ ရွှေအိုရောင် သဲနုနုလေးတွေကတော့ လူကိုအီဂျစ်ကနေ မပြန်ချင်တော့လောက်အောင် ဆွဲဆောင်နိုင်ပါတယ်။

ဒါ့အပြင်အီဂျစ်မှာအနာရောဂါတွေကို ပျောက်ကင်းစေနိုင်တယ်ဆိုတဲ့ ရေပူစမ်းတွေလည်း ရှိပါတယ်။ ရေပူစမ်းအချို့ကတော့အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ ကျောက်ကပ်၊အရိုးနဲ့အခြားအရေပြားပြဿနာတွေကို ပျောက်ကင်းအောင် ကုသနိုင်တယ်ဆိုပြီး နာမည်ကြီးသလို သဲထဲမြှုပ်ပြီးအနှိပ်ခံတာဟာလည်းအီဂျစ်မှာ ကျော်ကြားနေတဲ့ ဆေးကုသနည်းတစ်မျိုးဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် ထူးခြားဆန်းကြယ်မှုအသွယ်သွယ်၊ လှပတဲ့ ရေမြေသဘာဝနဲ့ စွဲမက်ဖွယ်ဟင်းလျာတွေပေါလှတဲ့အီဂျစ်နိုင်ငံကို တစ်ကြိမ်လောက်တော့အရောက်သွားဖူးသင့်ကြောင်းကို insider ကနေ တဆင့် ဖော်ပြပေးလိုက်ပါတယ်။

လင်းလင်း (ShweMom)


#အီဂျစ်
#ရေပူစမ်း
#ဟင်းလျာ
#ကန္တာရ
#ပင်လယ်ကမ်းခြေ

Some text some message..