အိမ်က ခြံထဲမှာ ထိုင်းရင် လောကကြီးကို ခံစားနိုင်မယ့် လိပ်ခုံးပုံတဲအိမ်…..
shwemom.com
|
2019-06-25

အခုနောက်ပိုင်းမှာ တဲ စခန်းချပြီး ခရီးထွက်တာ တော်တော်လေး ခေတ်စားလာတာကိုတွေ့ရပါတယ်။ ခရီးသွား ဝါသနာရှင်တွေရဲ့ ကမ္ဘာ့အနှံ့ရှိအထင်ကရနေရာတွေ၊ ရေမြေတောတောင် မတိမ်ကောသေးတဲ့ နေရာတွေမှာ တဲ၊ စခန်းထိုးပြီး သဘာဝကြီးကို ခံစားနေကြပုံတွေကိုလည်းအင်တာနက်မှာ ခဏခဏ မြင်ရပါတယ်။

ဒါတင်မကသေးပဲ… လူချမ်းသာတွေရဲ့ နေအိမ်တွေမှာဆိုအနောက်ဖေး ပန်းခြံ၊ ဥယျာဉ်စတဲ့နေရာတွေမှာအမိုးအကြည်ထိုးပြီး ဧည့်ခန်းလို၊အနားယူစရာနေရာလို သတ်မှတ်နေထိုင်လာကြတာကိုလည်း တွေ့ရပါတယ်။


Amazon


အခု Amazon မှာ တင်ရောင်းနေတဲ့

geodesic garden dome ဆိုတဲ့ လိပ်ခုံးပုံစံ မှန်လုံအိမ်အမျိုးအစား တဲကို လူတော်တော်များများ စိတ်ဝင်စား နှစ်သက်နေတာကို တွေ့ရပါတယ်။ ဒီလို ခမောက်ပုံအိမ်ငယ်လေးမှာအချိန်တွေကို သုံးစွဲရင်းနဲ့အပြင်လောကကြီးရဲ့အငွေ့အသက်တွေ၊အလှအပတွေကို ခံစားနိုင်ဖို့ ရည်ရွယ်တယ်လို့ သိရတယ်။

ဒီ လိပ်ခုံတဲအိမ်ကို တိုက်စားမှုဒဏ်ခံနိုင်တဲ့ PVC နဲ့ PA6 ပါတဲ့ စွန့်ပစ်ပစ္စည်းတွေကနေ ရာနှုန်းပြည့် ပြန်လည်အသုံးချပြီး ဖန်တီးထားတယ်။ နေ့ကောင်းကင်၊ ညကောင်းကင်တို့ကိုအကောင်းဆုံး မြင်တွေ့ခံစားနေအောင်လည်း ကြံဆထားတယ်။


Amazon

အောက်ခြေ ဧရိယာ ပတ်လည်က ၁၀၇ ပေ ကျယ်တယ်၊အမြင့်က ၇ ပေ နှစ်လက်မ မြင့်တယ်၊ လူတစ်ယောက် ကောင်းကောင်း မတ်တပ်ရပ် နေနိုင်အောင် ချိန်ဆထားတယ်။ တဲအိမ်ငယ်အတွင်းအပူချိန် မျှမျှတတရှိအောင် လေဝင်ပေါက်တွေ ချုံ့ထားတဲ့ ဒီဇိုင်းဖြစ်တယ်။ နှင်းဒဏ်နဲ့ လေဒဏ်ကို ကောင်းကောင်း ခံနိုင်တယ်လို့ သိရတယ်။

ဖန်လုံအိမ်အဖြစ်အသုံးချဖို့ ဝယ်ယူနေကြတာလည်းရှိပြီး စားသောက်ခန်း၊ ဒါမှမဟုတ် ကိုယ်ပိုင် စိတ်ချမ်းသာရာနေရာလည်း တစ်ခုအဖြစ်အသုံးချနေကြတဲ့ သူတွေလည်းရှိပါတယ်။ တန်ဖိုးကတော့အမေရိကန် ဒေါ်လာ ၁၁၉၉ ကျပ်ပါ။




Matthew (ShweMOM)
 

 


#အသုံးချ
#ကောင်းကင်
#အိမ်
#လိပ်ခုံး
#လေဝင်ပေါက်

Some text some message..