ဖုန်းအဟောင်းအပ်၍ ဖုန်းအသစ်ရယူနိုင်မယ့်အစီအစဉ်ကို Xiaomi မိတ်ဆက်
shweinnlay.com
|
2019-07-18



တရုတ်နိုင်ငံပြီးသွားရင်အိန္ဒိယဟာ Xiaomiအတွက် ဒုတိယမြောက်အကြီးမားဆုံး မိုဘိုင်းဈေးကွက် တခုုဖြစ်လို့နေပါတယ်။ ဒါကြောင့် Xiaomiအနေနဲ့အိန္ဒိယမှာ Cashify နဲ့ ပူးပေါင်းပြီး ဖုန်းအဟောင်းအပ်၍ ဖုန်းအသစ်ရယူနိုင်မယ့်အစီအစဉ်ကို ပြုလုပ်ပေးလိုက်ပါတယ်။

Cashify က ဖုန်းအဟောင်းများရဲ့အခြေအနေအပေါ် မူတည်၍ တန်ကြေးကို တွက်ချက်ပေးမှာ ဖြစ်ပါတယ်။အဲဒီတန်ကြေးမှာ ငွေထပ်စိုက်၍ ဖုန်းအသစ်များကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းအဟောင်းများကိုအိမ်တိုင်ယာရောက် လာယူပေးတဲ့ ဝန်ဆောင်မှုလည်း ရှိပါတယ်။ ဥပမာအားဖြင့် သင်ဟာ Mi Store မှာ စမတ်ဖုန်းအသစ်တစ်လုံးကို ဝယ်ယူခဲ့ပြီး ငွေအပြည့်ပေးချေခဲ့တယ်ဆိုရင်အိမ်ရောက်တော့မှ Cashify နဲ့ ဆက်သွယ်ပြီး ဖုန်းအဟောင်းကို သင့်အိမ်ထံ လာရောက်ယူဆောင်ခိုင်းလို့ရပါတယ်။ Cashify က သင့် ဖုန်းအဟောင်းရဲ့ တန်ကြေးကို တွက်ချက်ပြီး ငွေပေးချေမှာ ဖြစ်ပါတယ်။

မကြာခင်က ရှောင်မီဟာအိန္ဒိယမှာ Redmi Note 4 ရဲ့ ဈေးနှုန်းကို လျှော့ချပေးခဲ့ပါတယ်။ ယခုနှစ် ဇန်နဝါရီလမှာ စတင် မိတ်ဆက်ခဲ့တဲ့အဲဒီ စမတ်ဖုန်းကို ရူပီး ၁၀၀၀ လျှော့ချပေးခဲ့ပါတယ်။ 3GB RAM Model ကို ယခင်က ရူပီး ၁၀ ၉၉၉ နဲ့ ရောင်းချခဲ့ပြီး ယခုတော့ ရူပီး ၉၉၉၉ သာ ကျသင့်မှာပါ။ 4GB RAM Model ကို ယခင်က ရူပီး ၁၂၉၉၉ နဲ့ ယခုတော့ ရူပီး ၁၁ ၉၉၉ သတ်မှတ်ထားပါတယ်။

ဒေလီ၊ ဘန်ဂါလာရူး၊ ဟိုက်ဒရာဘတ်၊ ပူနီ၊ မွန်ဘိုင်းနဲ့ ချန်နိုင်း စတဲ့ မြို့များမှ Mi Home မြေပြင်အရောင်းဆိုင်များမှာ ဖုန်းများကို လဲလှယ်နိုင်ပါတယ်။ လက်ရှိအချိန်အိန္ဒိယမှာ Mi Home စတိုးပေါင်း ၁၁ ခု ရှိပါတယ်။ Xiaomiအနေနဲ့လာမယ့် ၂နှစ်အတွင်းအိန္ဒိယမှာ Mi Home စတိုးပေါင်း ၁၀၀အထိ ဖွင့်လှစ်နိုင်စေဖို့အတွက် ကြိုးစားလျက်ရှိပါတယ်။

kk(shweinnlay)


#ရူပီး
#အဟောင်း
#ဖုန်း
#တန်ကြေး
#Xiaomi

Some text some message..