
ခွေးသေးသေးလေးတွေဟာ ချစ်စရာကောင်းသလိုအရမ်းလည်း ဆော့ကြပါတယ်။အရွယ်အစားသေးတဲ့အတွက် ဘယ်သွားသွားအလွယ်တကူသယ်သွားနိုင်တာကြောင့်လည်း ခွေးလေးတွေဟာ လူတွေအတွက်အဖော်ကောင်းဖြစ်လို့နေပါတယ်။ ခွေးလေးတွေဟာ လူသားတွေရဲ့ဘဝကို ပျော်ရွှင်မှူပေးနိုင်တာအမှန်ပါပဲ။ ခွေးမျိုးစိတ်တွေထဲမှာတော့ ကမ္ဘာ့အသေးငယ်ဆုံး ခွေးလေးတွေဟာ ချီဟွာဟွာမျိုးဖြစ်ပါတယ်။ ချီဟွာဟွာလို့အမည်တွင်ရတာကတော့ မက္ကစီကိုက ပြည်နယ်တစ်ခုရဲ့ နာမည်ကိုအစွဲပြုမှည့်ခေါ်ထားတာပါ။
ချီဟွာဟွာခွေးလေးတွေမှာ သေးငယ်ပြီး လုံးဝိုင်းတဲ့ ဦးခေါင်း၊ ထောင်မတ်နေတဲ့ နားရွက်လေးတွေနဲ့ ဝိုင်းစက်နေတဲ့ မျက်လုံးလေးတွေ ရှိပါတယ်။ ချီဟွာဟွာလေးတွေဟာအမွှေးတိုရော၊အမွှေးရှည်ရော ရှိနိုင်ပါတယ်။ သူတို့လေးတွေဟာ သေးငယ်ပေမယ့် ဉာဏ်ကောင်းသလို စူးစမ်းတတ်ပြီး သင်လွယ်တတ်လွယ်တဲ့ ခွေးလေးတွေလည်း ဖြစ်ပါတယ်။ ချီဟွာဟွာလေးတွေဟာ ပိုင်ရှင်တွေအပေါ်ခင်တွယ်တတ်ပြီးအထူးသဖြင့် မိသားစုတစ်စုက လူတစ်ယောက်တည်းနဲ့ပဲ ချစ်ခင်နီးကပ်စွာနေလေ့ရှိပါတယ်။
ပိုမီရေးနီယန်းလေးတွေလိုပဲ ချီဟွာဟွာလေးတွေကိုလည်း စာဖတ်သူသွားလေရာကိုအလွယ်တကူခေါ်ဆောင်သွားနိုင်ပါတယ်။ သခင့်နောက်ကို မငြီးမငြူနဲ့အမြဲတမ်းတကောက်ကောက်လိုက်နေတာကိုပဲ ပျော်နေသူလေးတွေ ဖြစ်ပါတယ်။ သူတို့လေးတွေဟာအရွယ်ငယ်ပေမယ့် စွာပြီး သခင်ကို ကာကွယ်တတ်တဲ့ သတ္တဝါလေးတွေပါ။ လူစိမ်းမြင်ရင် ဟောင်လေ့ရှိပြီး ထူးဆန်းတဲ့အသံကို ပြုလုပ်တတ်ပါတယ်။ ဒါပေမယ့် ချီဟွာဟွာလေးတွေဟာအခြားတိရစ္ဆာန်တွေရဲ့ တိုက်ခိုက်တာကိုအလွယ်တကူ ခံရနိုင်တဲ့အတွက်အပြင်မှာ တစ်ကောင်တည်း လွှတ်ထားတာမျိုးတော့ မပြုလုပ်သင့်ပါဘူး။ချီဟွာဟွာလေးတွေဟာ များသောအားဖြင့် ကမ္ဘာ့ဂင်းနစ်မှတ်တမ်းမှာအသေးဆုံးအငယ်ဆုံး ခွေးလေးတွေအဖြစ် ကမ္ဘာ့စံချိန်တင်ကြပါတယ်။
လက်ရှိမှာတော့ မီလီအမည်ရတဲ့ ချီဟွာဟွာလေးက ယခုနှစ်(၂၀၁၉) ခုနှစ်အတွက် ကမ္ဘာ့အသေးဆုံးသက်ရှိခွေးလေးအဖြစ် မှတ်တမ်းတင်ခံထားရပါတယ်။ မီလီလေးဟာ (၃.၈) လက်မအမြင့်ပဲ ရှိပါတယ်။
အောက်မှာတွေ့ရမယ့် ချီဟွာဟွာလေးက ဘရန်ဒီပါ။ ဘရန်ဒီလေးကတော့ ကိုယ်လုံးအလျားဟာ နှာခေါင်းကနေအမြီးထိကို (၆) လက်မပဲရှိတာကြောင့် ကိုယ်အလျားအတိုဆုံး ခွေးလေးအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ထားပါတယ်။
ဒန်ဆာလေးဟာအမွှေးရှည်တဲ့ ချီဟွာဟွာလေးတစ်ကောင်ပါ။ ဒန်ဆာလေးဟာ (၁၈)အောင်စသာ ကိုယ်အလေးချိန်ရှိပြီး မတ်တပ်ရပ်လိုက်တဲ့အခါ (၅) လက်မပဲ ရှိပါတယ်။
အောက်မှာတွေ့ရတဲ့ ခွေးမလေးကတော့ ပက်ဂ်ခွေးအမျိုးအစား ဖြစ်ပါတယ်။ ပက်ဂ်ကိုအင်္ဂလန်မှာတော့အသေးငယ်ဆုံး ပက်ဂ်မျိုးစိတ်ခွေးလေးအဖြစ် မှတ်တမ်းတင်ထားပါတယ်။
လင်းလင်း (ShweMom)