Vietjet လေကြောင်းလိုင်းသည် ယနေ့တွင် ဗီယက်နမ် Kien Giang နယ်၌ ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှှုအစည်းအဝေးတွင် ဗီယက်နမ်၏ထိပ်တန်းကမ်းခြေဖြစ်သောဖူကွာကျွန်းသို့လေကြောင်းလိုင်းခရီးစဉ်သစ်များနှင့် ရီးစဉ်ပျံသန်းမှှုကြိမ်နှှုန်းများကို ထပ်မံတိုးချဲ့ပြေးဆွဲသွားမည့်အစီအစဉ်များကို ပြောကြားခဲ့ပါသည်။အဆိုပါအခမ်းအနားကို ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc နှင့်အခြား ဗီယက်နမ်ရာထူးမြင့်အရာရှိခေါင်းဆောင်များက တက်ရောက်ခဲ့ကြပြီး နိုင်ငံတကာနှင့်ပြည်တွင်းမှ စီးပွားရေးအဖွဲ့အစည်းများနှင့်ရင်းနှီးမြှုပ်နှံသူများ၏စိတ်ဝင်စားမှှုကိုလည်းရရှိခဲ့ပါသည်။သို့ဖြစ်၍Vietjetလေကြောင်းလိုင်းသည် ၎င်း၏ပြည်တွင်းခရီးစဉ်သစ်နှစ်ခုဖြစ်သော ဖူကွာ-ဒါနန်း (Phu Quoc-Da Nang) နှင့် ဖူကွာ-ဘန်ဒွန် (Phu Quoc – Van Don)အသွားအပြန်ခရီးစဉ်ကို ယခုနှစ်ကုန်နှင့် လာမည့်နှစ်လည်တွင် တစ်ပတ်လှျှင် ခုနှစ်ရက် ပြေးဆွဲသွားမည်ဖြစ်သည်။ နိုင်ငံတကာခရီးစဉ်အနေဖြင့် ဖူကွာ-ချန်ဒူ (တရုတ်) Phu Quoc – Chengdu (China) နှင့် ဖူကွာ- ချောင်ကွင်း Phu Quoc – Chongqing (China)အသွားအပြန်ခရီးစဉ်ကို ၂၀၁၉ နှစ်ကုန်မှစပြီး တစ်ပတ်လျှင် ၃ရက်ပြေးဆွဲသွားမည်ဖြစ်သည်။
အထူးသဖြင့်နိုင်ငံတကာခရီးစဉ်ဖြစ်သည့်ဖူကွာ-ဟောင်ကောင်နှင့်ဖူကွာ-အင်ချွန်း(တောင်ကိုရီးယား)ခရီးစဉ်များကို တစ်ပတ်လျှင် ၆ရက် နှင့် ၁၄ရက်အသီးသီးဖြင့်ဖူကွာသို့သွားရောက်လည်ပတ်ကျသည့် ခရီးသွားဧည့်သည်များ၏ လာမည့်ဆောင်းတွင်း ခရီးသွားရာသီ လိုအပ်ချက်များဖြည့်စွတ်ပေးရန်အတွက် တိုးချဲ့ပြေးဆွဲခြင်းဖြစ်ပါသည်။ ဤအထိမ်းအမှတ်အနေဖြင့်Vietjetလေကြောင်းလိုင်းသည်လေယာဉ်လက်မှတ်အစောင်ရေ၈သောင်းခွဲကိုအထူးဈေးနှုန်းဖြစ်သည့် “သုည”ကျပ်မှ (အခွန် နှင့်အခြားအခွန်အခများမပါ) စတင်ပြီး ရန်ကုန်-ဟနွိုင်းခရီးစဉ်အပါအဝင်အခြားနိုင်ငံတကာ ပြည်တွင်း ပြည်ပခရီးစဉ်များအတွက် ရောင်းချပေးသွားမည်ဖြစ်ပါသည်။ လက်မှတ်များကို ယခုချိန်မှစပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လ ၃၁ ရက်ထိ နေ့လည် ၁၁ နာရီခွဲမှ ၁ နာရီခွဲအတွင်း (မြန်မာစံတော်ချိန်) ဝယ်ယူနိုင်မှာဖြစ်ပါသည်။အဆိုပါ လေယာဉ်လက်မှတ်များသည် ပြည်တွင်းခရီးစဉ်အတွက် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ နှင့် နိုင်ငံတကာ ခရီးစဉ်များအတွက် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့မှ ၂၀၂၀ ဇွန်လ ၂၅ ရက်နေ့အထိ (ပိတ်ရက်များမပါ) စီးနင်းနိုင်မည် ဖြစ်သည်။