ပန်ကာကြောင့် ပိုပူနိုင်
ဒီလေ့လာဆန်းစစ်ချက်ကိုအကျိုးအမြတ်မယူ သုတေသနအဖွဲ့ The Cochrane Collaboration က ကျန်းမာရေးအာဏာပိုင်တွေအတွက် စုစည်းလေ့လာခဲ့တာဖြစ်ပါတယ်။အပူချိန်အရမ်းပြင်းနေတဲ့အချိန်မှာ ပန်ကာအသုံးပြုခြင်းက ခန္ဓာကိုယ်ကိုအေးစေတဲ့အစား ပိုပူစေနိုင်ပြီး ထိခိုက်မှုတွေရှိစေနိုင်တယ်လို့ စိုးရိမ်ကြတာပါ။အပူချိန်မြင့်လွန်းတဲ့အခါ ပန်ကာတွေကြောင့် ချွေးပိုထွက်စေနိုင်ပြီး (ပန်ကာနဲ့ချွေးခဏတိတ်သလိုဖြစ်စေပေမယ့်အသားတွေပူလာတာ ခံစားဖူးမှာပေါ့) ရေဓာတ်ခန်းခြောက်တာနဲ့ ဓာတ်ဆားမမျှတာတွေဖြစ်စေနိုင်တယ်။အဲဒီကနေ နှလုံးကအစအာရုံကြောတွေအထိ ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်တွေကို ကမောက်ကမဖြစ်စေနိုင်တယ်။ ဒီအခြေအနေမျိုးဆို သက်ကြီးပိုင်းအရွယ်တွေ၊ သိပ်ငယ်သေးတဲ့ကလေးတွေနဲ့ ရောဂါအခံရှိသူတွေအပါအဝင် ထိခိုက်လွယ်တဲ့သူတွေမှာအထူးသဖြင့်ပိုဂရုစိုက်သင့်ပါတယ်။ သုတေသနများစွာကို လေ့လာဆန်းစစ်ခဲ့တဲ့အခါ ပန်ကာကအပူနဲ့ပတ်သက်တဲ့ထိခိုက်မှုအန္တရာယ်လျော့နည်းစေတယ်ဆိုတဲ့ ရလဒ်တွေရယ်၊ ပန်ကာကြောင့်အပူနဲ့ပတ်သက်တဲ့ကျန်းမာရေးအန္တရာယ်တွေပိုဆိုးစေတယ်ဆိုတာတွေရယ် ရောထွေးနေပါတယ်။ သုတေသနအထောက်အထားတွေကိုအခြေခံတဲ့ ပညာရှင်တွေရဲ့နောက်ဆုံးကောက်ချက်ကတော့အပူချိန် 95 F ရောက်နေပြီဆိုရင် လျှပ်စစ်ပန်ကာတွေကအခန့်မသင့်ရင် ကျန်းမာရေးပြဿနာတွေရှိနိုင်တယ်ဆိုတာပါပဲ။
အပူဒဏ်အောက် ဘယ်လိုနေထိုင်ကြမလဲ
ပန်ကာနဲ့အဲယားကွန်းကိုအားကိုးနေတာထက် တခြားနည်းလမ်းတွေနဲ့ရောအပူဒဏ်အောက်ကအန္တရာယ်တွေရှောင်လို့ရပါတယ်။အရိပ်ထဲမှာနေဖို့တော့လိုတာပေါ့။အမေရိကန်ကြက်ခြေနီအသင်းရဲ့အကြံပြုချက်တွေက -
ရေများများသောက်ပါ။ ရေမဆာရင်တောင် ပုံမှန်ဝင်အောင်သောက်ပါ။ ကဖင်းနဲ့အယ်လ်ကိုဟောကို လျှော့ပါ။
နေ့ရဲ့အပူဆုံးအချိန်တွေမှာ ဖြည်းဖြည်းလှုပ်ရှားပါ။အားစိုက်ပြီးမြန်မြန်လှုပ်ရှားတာတွေမလုပ်ပါနဲ့(အားကစားလုပ်တာမျိုး)။
အပူချိန်အပြောင်းအလဲကို သတိထားပါ။ သိပ်ပူနေရာကအေးတဲ့နေရာကို ရုတ်တရက်အဝင်အထွက်လုပ်တဲ့အခါ ခန္ဓာကိုယ်အပူချိန်မှာ ကမောက်ကမဖြစ်ပြီး ဦးနှောက်သွေးကြောပြတ်နိုင်ပါတယ်။
ချောင်ချောင်ချိချိ၊အသားအေးတဲ့အဝတ်အစားကိုဝတ်ပါ။အရောင်ဖျော့တာပိုကောင်းပါတယ်။အရောင်ရင့်လေ နေရောင်ခြည်အပူကို ပိုစုပ်ယူထားလေဖြစ်လို့ပါ။
မဖြစ်မနေအပြင်သွားရတယ်ဆိုအရိပ်အောက် ခဏတော့ ဝင်ဝင်နားပေးပါ။
ပန်ကာဖွင့်ပြီးအိပ်မယ်ဆိုရင်တော့ လူပေါ်ကို လေတိုက်ရိုက်မကျစေဘူးဆိုရပါတယ်။ ပန်ကာလေလမ်းကြောင်းကို ဘေးဘက်လွှဲထားရင်အနီးတဝိုက်မှာအေးမြစေမှာပါ။
Hello Health Group
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။