
ရေဘဝဲဆိုတာ ရုပ်ပြောင်းရုပ်လွဲလုပ်တဲ့ နေရာမှာ အင်မတန်ဆရာကျတဲ့ အကောင်တွေပါပဲ။ သူတို့ရဲ့ အရေပြားအောက်က ဆဲယ်လ်တွေရဲ့ အကူအညီနဲ့ သူတို့ ခန္ဓာကိုယ်ရဲ့ အရောင်ကို ချက်ချင်းပြောင်းလဲနိုင်စွမ်းလည်းရှိတယ်။ နောက်ပြီး ထူးဆန်းတဲ့ သူ့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်း တည်ဆောက်မှုပုံစံက ဒီကမ္ဘာပေါ်က သတ္တဝါတစ်ကောင်မဟုတ်ဘဲ တခြားကမ္ဘာက ရောက်လာတဲ့ မျိုးစိတ်တစ်ခုအဖြစ်လည်း ရှု့မြင်ကြသူတွေလည်း ရှိပါတယ်။ ဥပမာဆိုရရင် ရေဘဝဲတွေမှာ နှလုံးသုံးခုပါပါတယ်။ ဒါ့အပြင် သူ့ရဲ့ သွေးကလည်း တခြားသတ္တဝါတွေလို အနီရောင်မဟုတ်ဘဲ အပြာရောင်ဖြစ်ပါတယ်။ ဒါ့ကြောင့်လည် ရေဘဝဲတွေဟာ တခြားသတ္တဝါတွေနဲ့ မတူတဲ့ သတ္တဝါတစ်ကောင်ဖြစ်တယ်လို့ ထင်မြင်ကြသူတွေတွေလည်း ရှိလာကြတာပါပဲ။
အခုတစ်ခေါက် ပြောပြချင်တာကတော့အဲဒီလို ရေဘဝဲတစ်ကောင် အိပ်မက်မက်နေတဲ့ အခါ အရောင်တွေ ပြောင်းလဲသွားခြင်းပါ။ ဟုတ်ပါတယ်။ ရေဘဝဲတစ်ကောင် အိပ်စက်နေချိန်အတွင်းမှာပဲ သူ့ရဲ့ ကိုယ်ခန္ဓာဟာ အရောင်တွေ ထွက်လာလိုက်၊ အကွက်တွေဖြစ်လာလိုက်နဲ့ အချိန်နဲ့ အမျှ ပြောင်းလဲနေတဲ့ ပုံရိပ်များကို ဗီဒီယိုဖိုင်ကနေ တဆင့် ရယူမိခဲ့ခြင်းလည်းဖြစ်ပါတယ်။

YouTube/CBS Nature
အဏ္ဏဝါဇီဝဗေဒပညာရှင်တစ်ယောက်ဖြစ်တဲ့ ပါမောက္ခတစ်ယောက်ဖြစ်တဲ့ ဒေါက်တာDavid Scheelဟာ ပင်လယ်ပြင်ကို စိတ်ဝင်စားသူတစ်ယောက်ပါ။ သူဟာ ပင်လယ်ပြင်မှာ ရှိနေတဲ့ အကောင်တွေ၊ ထူးဆန်းတဲ့အဖြစ်အပျက်တွေနဲ့ သဘာဝလွန်အဖြစ်အပျက်တွေကို စိတ်ဝင်စားသူတစ်ယောက်ပါ။ သူဟာ ရေအောက်သတ္တဝါတွေအကြောင်းကို အမြဲလိုလို လေ့လာနေတတ်ပါတယ်။ အခုလည်း သူဟာ ရေဘဝဲတွေအကြောင်းကို စိတ်ဝင်စားလာပြန်ပါပြီ။ PBS ရုပ်သံလိုင်းတစ်ခုမှာ သူဟာOctopus: Making Contactလို့ ခေါ်တဲ့ ရုပ်သံအစီအစဉ်တစ်ခုကို သူ ကိုယ်တိုင်စီစဉ်ခဲ့ပြီး အဆိုပါ အစီအစဉ်မှာပဲ ရေဘဝဲတစ်ကောင် အိပ်မက်မက်နေတဲ့အဖြစ်အပျက်ကို အမိအရ ရိုက်ကူးနိုင်ခဲ့ပါတယ်။

YouTube/CBS Nature
အဆိုပါ ရုပ်သံအစီအစဉ်ဟာ ရေဘဝဲတစ်ကောင်ရဲ့ လှုပ်ရှားမှုမှန်သမျှကို ရိုက်ကူးထားတဲ့ အစီအစဉ်လည်းဖြစ်ပါတယ်။ မှတ်တမ်းရုပ်ရှင်ထဲမှာတော့ အဆိုပါ ရေဘဝဲဟာ အိမ်မွေးတိရစ္ဆာန်တစ်ကောင်လို ပြုမှုလှုပ်ရှားနေတဲ့ ပုံရိပ်များကိုလည်း မြင်တွေ့ရပါတယ်။ ပဟေဠိတွေကို ဖြေရှင်းတာ၊ ဂိမ်းကစားတာတွေကို ကောင်းကောင်းလုပ်နိုင်ပါတယ်။ ဒါ့အပြင် အဆိုပါရေဘဝဲဟာ အနီးအနားနားက လူတွေရဲ့ မျက်နှာကို မှတ်မိနိုင်စွမ်းလည်း ရှိပြီး သူ မှတ်ထားတဲ့လူတစ်ယောက် ရေကန်အနားမှာ ရောက်လာချိန်ဆိုရင် သူဟာ တမူထူးခြားတဲ့ အပြုအမူတွေ လုပ်ပြတတ်ပါတယ်။

YouTube/CBS Nature
ရေဘဝဲတွေဟာ ပတ်ဝန်းကျင်ကို လိုက်ပြီး သူတို့ရဲ့ ကိုယ်ခန္ဓာအရောင်တွေကိုလည်း ပြောင်းလဲတတ်ပါတယ်။ အဆိုပါ ရုပ်သံမှတ်တမ်းကနေဖမ်းယူရရှိထားတဲ့ အဆိုပါ ရေဘဝဲတစ်ကောင်ရဲ့ အရောင်ပြောင်းလဲခြင်းဟာ တကယ်ဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာကိုတော့ Dr. Scheel ကိုယ်တိုင်က အခုလို ပြောထားပါတယ်။
“ပထမဆုံး ပြောချင်တဲ့ အချက်က ကျနော့်က အိပ်စက်ခြင်းတွေကို လေ့လာတဲ့နေရာမှာမှာ ပါရဂူတစ်ယောက်မဟုတ်ဘူးဗျ။ ဒါပေမယ့် ကျနော်က ရေဘဝဲတွေရဲ့ သဘောသဘာဝကိုကောင်းကောင်း သိတယ်။ ဒီလိုအရောင်ပြောင်းတယ်ဆိုတာ ထူးခြားတဲ့ဖြစ်စဉ်တစ်ခုဆိုတာတော့ သေချာတယ်”လို့ ဆိုပါတယ်။
ဒီလို ကိုယ်ခန္ဓာအရောင်တွေ ပြောင်းလဲရာမှာ သိပ်လှတဲ့ အကွက်တွေ၊ အရောင်တွေ ပြောင်းလဲသွားတဲ့ ဗီဒီယိုဖိုင်ကို ရှု့စားလိုက်ပါဦး။
Ye Yint Kyaw