အင်စတာဂရမ်မှာ ဝင်ငွေအကောင်းဆုံး အဖြစ် စီရော်နယ်ဒို ဦးဆောင်
popolay.com
|
2019-10-18

ဂျူဗင်တပ်စ်တိုက်စစ်မှုး စီရော်နယ်ဒိုဟာ အင်စတာဂရမ်မှာ ဝင်ငွေအကောင်းဆုံးအဖြစ် ရပ်တည်နေပါတယ်။ စီရော်နယ်ဒိုဟာ အင်စတာဂရမ်မှာ Follower ၁၈၆ သန်းအထိရှိနေပြီး ပြီးခဲ့တဲ့နှစ်က အင်စတာဂရမ်ကနေ ဝင်ငွေ ပေါင် ၃၈.၂ သန်းအထိ ရရှိနေခဲ့တာ ဖြစ်ပါတယ်။




Buzz Bingo ရဲ့ ဖော်ပြချက်အရ အင်စတာဂရမ်မှာ ရော်နယ်ဒိုနဲ့ စပွန်စာ စာချုပ် ချုပ်ဆိုထားတဲ့ ကုမ္ပဏီ ၄၉ ခုအထိ ရှိနေပြီး အင်စတာဂရမ်မှာ ပို့စ်တစ်ခုတင်တိုင်း ယူရို ၇၈၀၀၀၀ ရရှိတယ်လို့သိရပါတယ်။

ရော်နယ်ဒိုရဲ့ နောက်မှာတော့ ဘာစီလိုနာ တိုက်စစ်မှူးမက်ဆီက ဝင်ငွေ ပေါင် ၁၈.၇ သန်း အထိ ရရှိနေပြီး ၊ ပို့စ်တစ်ခုတင်တိုင်းမှာ ပေါင် ၅၁၈၀၀၀ ရရှိနေတယ်လို့ သိရပါတယ်။




ရော်နယိဒို ၊ မက်စီတို့ ပြီးနောက် အမေရိကန်မော်ဒယ် Kendall Jenner က ယူရို ၁၂.၇ သန်းဖြင့် ရပ်တည်နေတာ ဖြစ်ပါတယ်။ ထို့နောက်မှာတော့ မန်ယူအသင်း ဂန္တဝင်ကစားသမား ဒေဗစ် ဘက်ခမ်းက ယူရို ၈.၆ သန်းဖြင့် ရပ်တည်နေပါတယ်။




သူတို့ပြီးနောက်မှာ အဆိုတော်မလေး ဆယ်လီနာ ဂိုးမတ် နဲ့ ဘောလုံးလောကမှ နေမာ ၊ ဇလာတန် အီဗီရာဟီမိုဗစ် တို့က အသီးသီရပ်တည်နေကြပါတယ်။ အင်စတာဂရမ်မှာ ဝင်ငွေအကောင်းဆုံး (၁၀) ဦးစာရင်းမှာ အနာယူသွားပြီးတဲ့ ဘရာဇီးသားကြီး ရော်နယ်ဒင်ဟိုလည်း ပါဝင်လာခဲ့ပါတယ်။


#ဂရမ်
#ရော်နယ်ဒို
#ယူရို
#ဝင်ငွေ
#ခုတင်

Some text some message..