ကမ္ဘာပေါ်ရှိ အဖိုးတန်ဆုံးသော ရတနာများ
yoyarlay.com
|
2019-10-18


ကျောက်မျက်ရတနာဆိုသည်မှာ ကမ္ဘာပေါ်ရှိ အလွန်လှပသော သဘာဝ အဖိုးတန်ပစ္စည်းများပင် ဖြစ်သည်။ ကျောက်မျက် ရတနာတစ်ခုဖြစ်လာရန် သေးငယ်သော ဓာတ်ပြုမှုမှ အစပြု၍ နှစ်ထောင်သောင်းပေါင်းများစွာ၊ များစွာသော အပူချိန်၊ ကြီးမားသော ကမ္ဘာမြေ၏ဖိအား၊ ပုံဆောင်ခဲ အဆင့်ဆင့် လုပ်ဆောင်ချက်များကို ပေါင်းစုဖြတ်သန်းပြီးမှ ရတနာတစ်ခု လှပစွာ မွေးဖွားလာခဲ့သည်။ ထိုဖြစ်တည်လာသော ရတနာကို လူသားများသည် ကမ္ဘာမြေ၏ အတွင်းပိုင်းထိ ခက်ခဲစွာ ရှာဖွေတူးဖော်ရသည်။ ထို့ကြောင့်ပင် တန်ဖိုးကြီးလှသည်။ လူသားများသည် ကျောက်မျက် ရတနာများအား သမိုင်းတစ်လျောက် အမျိုးမျိုးသော ယုံကြည်ချက်များစွာဖြင့် အလေးထား အသုံးပြုခဲ့ကြသည်။ အချို့သူများမှာ အဆောင်အယောင် အဆင်တန်ဆာ အဖြစ်အသုံးပြုကြသလို၊ အချို့သူမှာ ဘာသာရေးအယူအဆများဖြင့် အသုံးပြုကြသည်။ အချို့သော ကျောက်မျက် ရတနာများအား ရောဂါဘယများကိုပင် ကုစားနိုင်ကြသည်ဟု ယုံကြည်ကြသည်။ မည်သို့ပင်ဖြစ်စေ ကျောက်မျက် ရတနာများအားလုံးတွင် ဆွဲမက်ဖွယ်ကောင်းသော အလှအပကိုယ်စီ ရှိကြသည်ကိုတော့ လူတိုင်းလက်ခံကြသည်။
ထိုအလှများထဲမှ ကမ္ဘာပေါ်ရှိ အဖိုးထိုက်တန်ဆုံးသော ရတနာစာရင်းဝင် ကျောက်မျက် ရတနာအချို့အား စာဖတ်သူများ ဗဟုသုတရစေရန် ဖော်ပြပေးလိုက်ပါသည်။

Tanzanite—$1,200 per carat




Tanzanite ဟုခေါ်သည့် ထိုကျောက်မျက်ရတနာကို Tanzania မြောက်ဘက်ပိုင်းတွင် ၁၉၆၇ ခုနှစ် ကတွေ့ရှိခဲ့သည်။ ထိုကျောက်မျက် ရတနာကို Kilimanjaro တောင်ခြေရှိ တောင်ပူစာတွင် တွေ့ရှိရသည်။ ထိုခရမ်းပြာရောင် Tanzanite ကျောက်မျက်ရတနာ အမျိုးအစားကို ကမ္ဘာကျော်လက်ဝတ် ရတနာ ကုမ္ပဏီ ဖြစ်သည့် Tiffany and Co. မှ စတင်အသုံးပြုပြီးနောက်တွင် ပို၍ခေတ်စားလာခဲ့သည်။

Black Opal—$9,500 per carat




Black opals အနက်ရောင် မဟူရာ များသည် ကမ္ဘာပေါ်တွင် အဖိုးထိုက်တန်ဆုံးသော အနက်ရောင် မဟူရာ များဖြစ်သည်။ ထိုအနက်ရောင် မဟူရာ များကို New South Wales ၏ Lightning Ridge Area တွင်သာ ထွက်ရှိသည်ဟု ဆိုသည်။ သူတို့ကို သြစတြေးလျ နိုင်ငံ၏ သဘာဝ အရင်းအမြစ်များဟု သတ်မှတ်သည်။ The Royal one ဟု အမည်ပေးထားသော အနက်ရောင် မဟူရာသည် တန်ဖိုးအားဖြင့် 3 million ရှိပြီး ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံးသော အနက်ရောင် မဟူရာဖြစ်သည်။ အလေးချိန်အားဖြင့် 306 carats ရှိပြီး တူးဖော်ရရှိပြီး ၁၄နှစ် အကြာမှ မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။

Red Beryl—$10,000 per carat




ထို red beryl ရတနာသည် အလွန်ရှားပါးပြီး New Mexico ရှိ Utah ဒေသတွင် အလွန်ရှားပါးစွာတွေ့ရသည်။ တန်ဖိုးအားဖြင့် $10,000 per carat ရှိပြီး လေလံပွဲများတွင် သာရောင်းချခြင်းရှိသည်။

Musgravite—$35,000 per carat




Musgravite ကို သြစတြေးလျ တွင် ၁၉၆၇ ခုနှစ်က Musgrave တွင် တွေ့ရှိခဲ့သည်။ ၂၀၀၅ ခုနှစ်တစ်နှစ်လုံးတွင် Musgravite ရတနာ စုစုပေါင်း ရှစ်ခုသာ ရှာတွေ့ခဲ့သည်။ ထိုမျှရှားပါးသော သဘာဝ အရင်းအမြစ် ဖြစ်သောကြောင့် အလွန်ပင် တန်ဖိုးကြီးလှသည်။ အလွန်ရှားပါးစွာတွေ့ရသည်။ တန်ဖိုးအားဖြင့် $35,000 per carat ရှိသည်။

Ruby—$1.18 million per carat




ပတ္တမြားကို King of Gemstones ဟုပင် တင်စားကြသည်။ ပတ္တမြားကို ပန်းနုရောင်မှ အနီရင့်ရောင်ထိ လှပစွာတွေ့ရတတ်သည်။ ပတ္တမြား သည် ရှားပါးသော ရတနာတစ်ခုလဲဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံမှ အလွန်ရှားပါးသော ပတ္တမြားကို ဆွတ်ဇာလန်နိုင်ငံ ဂျနီဗာ မြို့တွင် $30 million ဖြင့် လေလံတင်ရောင်းချခဲ့သည်။

Pink Diamond—$1.19 million per carat




အရောင်ရှိသောစိန်များသည် အလွန်ရှားပါးလှသည်။ ထိုတွင် ပန်းရောင်ရှိသောစိန်များသည် အရှားပါးဆုံးဖြစ်သည်။ တစ်ကမ္ဘာလုံးအတိုင်း အတာဖြင့် စိန်တူးဖော်ရရှိမှုတွင် ပန်းရောင်ရှိသောစိန်များသည် ဝ.၁% သာရှိသည်။ တန်ဖိုးအားဖြင့် $1.19 million per carat ရှိသည်။

မေ(ရိုးရာလေး)


#ရတနာ
#မဟူရာ
#ကျောက်
#အနက်ရောင်
#ပတ္တမြား

Some text some message..