အရည်အသွေးမြင့်စံချိန်စံနှုန်းတွေနဲ့အတူ မြန်မာနိုင်ငံရဲ့ ပြည်တွင်းဖြစ် ထုတ်ကုန်တစ်ခုအနေနဲ့ ရပ်တည်သွားမယ့် Chang Lager Beer
mystylemyanmar.com
|
2019-10-27

(Zawgyi)

အရှေ့တောင်အာရှရဲ့ ထိပ်တန်းစားသုံးသူအဖွဲအစည်းတစ်ခုဖြစ်ပြီး စားသောက်ကုန်လုပ်ငန်းနှင့် ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းနယ်ပယ်တို့တွင် ထင်ရှားကျော်ကြားတဲ့ Fraser and Neave, Limited (F&N) အနေနဲ့ Emerald Brewery Myanmar Limited (Emerald Brewery) နှင့် ပြည်တွင်းလုပ်ငန်းရှင် များ အတူပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ ခိုင်မြဲရေးအား အလေးထားသော ဘီယာချက်စက်ရုံကို မြန်မာနိုင်ငံတွင်တည်ထောင်ကာ ထိုင်းနိုင်ငံတွင် ထင်ရှားကျော်ကြားပြီး နိုင်ငံတကာ ဆုတံဆိပ်များစွာ ရရှိထားတဲ့ Chang Lager Beer ကို နောက်ဆုံးပေါ် ခေတ်မှီစက်အသစ်များဖြင့် ချက်လုပ်ပြီး မြန်မာနိုင်ငံအနှံအပြားရှိ နေရာဒေသများသို့ ဖြန့်ချီသွားမှာဖြစ်ပါတယ်။

Chang Beer ဆိုတာကတော့ မြန်မာလူမျိုးတွေနဲ့မစိမ်းတဲ့ ထုတ်ကုန်ပစ္စည်းတစ်ခုဖြစ်ပြီး ၁၉၉၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှာ စတင်ဖြန့်ချီခဲ့တဲ့ ဘီယာအမှတ် တံဆိပ်တစ်ခုဖြစ်ပါတယ်။ သောက်သုံးသူများရဲ့ သဘောကျနှစ်ခြိုက်မှုကို ရရှိကာ နှစ်အနည်းငယ်အတွင်း ပြည်တွင်းသာမက နိုင်ငံတကာတွင်ပါ လူကြိုက်အများဆုံး ဘီယာအမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိပါတယ်။ ဒါ့အပြင် Chang Beer ဟာ ဆုတံဆိပ်များစွာ ရရှိထားပြီး နိုင်ငံပေါင်း (၅၀) ကျော်ကို တင်ပို့ဖြန့်ချီလျက်ရှိတာကြောင့် ကမ္ဘာ့နေရာတိုင်းတွင် သုံးဆောင်နိုင်ပြီပဲ ဖြစ်ပါတယ်။

Emerald Brewery တွင်လုပ်ဆောင်တဲ့ ဘီယာချက်လုပ်ငန်းစဉ်များကို ထိုင်းနိုင်ငံရှိ Chang Lager ဘီယာထုတ်လုပ်တဲ့ လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် သန့်စင်ထားတဲ့ ရေ၊ ဖျော်စပ်နည်းနှင့် ပါဝင်တဲ့ပစ္စည်းများကို အသုံးပြုကာ မြန်မာနိုင်ငံတွင်ထုတ်လုပ်မယ့် Chang Lager ဘီယာရဲ့အရည်အသွေးကို အမြင့်အမားဆုံး အာမခံမှုတွေနဲ့အတူ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ရေအရည်အသွေး အကောင်းဆုံးရရှိရန်အတွက်လည်း နေရာပေါင်း (၃၇) ခုတွင် အသေးစိတ်ကွင်းဆင်းစိစစ်ပြီးနောက် Emerald Brewery ရဲ့စက်ရုံတည်နေရာကို ရွေးချယ်ခဲ့တာပါ။

ထိုသို့ စနစ်တကျရွေးချယ်ခြင်းဖြင့် ဘီယာချက်လုပ်ခြင်း လုပ်ငန်းအဆင့်ဆင့်အတွက် အသုံးပြုတဲ့ရေဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲအစည်းမှ သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းများကို ကျော်လွန်ပြီး သန့်စင်မှုအမြင့်မားဆုံး ရေအရင်းအမြစ်ကို ရရှိမှာဖြစ်ပါတယ်။ ဘီယာချက်လုပ်ရန်အတွက်လိုအပ်တဲ့ အရည်အသွေးမြင့် ကုန်ကြမ်းများကိုလည်း နိုင်ငံခြားမှတင်သွင်းပြီး ဥရောပနိုင်ငံမှ မုယောစပါး၊ ဂျာမနီနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ ဗျစ်ပွင့်များကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒီလိုအဆင့်မီအရည်အသွေးမြင့် ပြည်တွင်းထုတ် Chang Lager ဘီယာရရှိရန် လုပ်ဆောင်ရတဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်တွင်း စစ်ဆေးမှုအဆင့်ပေါင်း (၂၅၀) ကျော်ထားရှိကာ အရည်အသွေးကို ဆက်လက်ထိန်းသိမ်းထားတာဖြစ်ပါတယ်။

စက်ရုံတွင်ဘီယာချက်လုပ်တဲ့ လုပ်ငန်းလည်ပတ်မှုမစတင်မီ အချိန်မှာလည်း Emerald Brewery မှ ဝန်ထမ်း (၈၀) ယောက်ကို ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ လုပ်ငန်းကျွမ်းကျင်တဲ့ Chang ဘီယာအဖွဲ့သားများထံမှ အထူးလေ့ကျင့်သင်ကြားရန် တစ်လတာစေလွှတ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါသင်တန်းပြီးဆုံးပြီး နောက်မှာလည်း ဘီယာချက်လုပ်တဲ့လုပ်ငန်းအသေးစိတ်၊ အရည်အသွေးစစ်ဆေးခြင်းနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးသင်တန်းကို ရန်ကုန်တွင်ထပ်မံ သင်ကြားပေးခဲ့ပါသေးတယ်။

Emerald Brewery မှ Chang Lager Beer ကို သံဗူး 330 ml နှင့် 500ml ၊ ပုလင်း 320ml နှင့် 620ml တို့အပြင် 30- litre စည် အစရှိတဲ့ထုတ်ပိုးမှုပုံစံ (၅) မျိုးဖြင့် ထုတ်ပိုးဖြန့်ချီသွားမှာဖြစ်ပါတယ်။ ထို့အပြင် စက်ရုံမှ လာမယ့်နှစ်များတွင် ထုတ်လုပ်နိုင်မှုစွမ်းရည် တိုးချဲ့နိုင်ရန် လုပ်ဆောင်သွားဦးမယ်လို့ သိရပါတယ်။

F&N သည် Emerald Brewery မှတဆင့် မြန်မာပြည်သူတွေအတွက် ကောင်းမွန်တဲ့အလုပ် အကိုင် အခွင့် အလမ်းများ၊ ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊ လူမှုဝန်းကျင်တိုးတက်အောင် ပံ့ပိုးရေးလုပ်ငန်းများနဲ့အတူ မြန်မာနိုင်ငံရဲ့ လူမှုစီးပွားတိုးတက်အောင်မြင်ရေးမှာ တစ်ဘက်တစ်လမ်း မှပါဝင်ကူညီပေးသွားမှာဖြစ်ပြီး စားသုံးသူပြည်သူများအတွက် အရည်အသွေးအာမခံချက် အပြည့်နဲ့ ပြည်တွင်းမှာ ထုတ်လုပ်မယ့် Chang Lager Beer ကိုနောက်ဆုံးပေါ် ခေတ်မှီစက်ကြီးများဖြင့် စတင်ထုတ်လုပ်သွားမှာဖြစ်ကာ လာမယ့်သီတင်းပတ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖြန့်ချီပေးသွားမှာပဲ ဖြစ်ပါတယ်။

Photo Credit: Emerald Brewery

(Unicode)

The post

အရည်အသွေးမြင့်စံချိန်စံနှုန်းတွေနဲ့အတူ မြန်မာနိုင်ငံရဲ့ ပြည်တွင်းဖြစ် ထုတ်ကုန်တစ်ခုအနေနဲ့ ရပ်တည်သွားမယ့် Chang Lager Beer appeared first on

MyStyle Myanmar .

#ဘီယာ
#အရည်အသွေး
#ထု
#မြား
#စားသုံးသူ

Some text some message..