
ဆာဒါဂိုအိုဂါတာ။ ဓာတျပုံ - အပေီ
ဆာဒါဂိုအိုဂါတာ။ ဓာတျပုံ - အပေီ
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးဟောင်း အိုဂါတာ ကွယ်လွန်
တိုကျို - ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီကို ဆယ်စုနှစ်တစ်ခုကြာ ဦးဆောင် ခဲ့သူ ဆာဒါဂိုအိုဂါတာသည် အောက်တိုဘာ၂၂ ရက်က အသက် ၉၂ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့ကြောင်း အစိုးရက ထောက်ပံ့ထား သည့် ဂျပန် အပြည်ပြည်ဆိုင်ရာ ကော်ပိုရေး ရှင်း အေဂျင်စီက အောက်တိုဘာ ၂၆ ရက် တွင် ထုတ်ပြန်ကြေညာခဲ့သည်။
၁၉၂၇ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်တွင် မွေးဖွားခဲ့သော အိုဂါတာသည် ဂျပန်ဝန်ကြီး ချုပ်ဟောင်း ဆူယိုရှီအိုင်နူကိုင်၏ မြစ်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဟောင်း ကင်ကီချီ ယိုရှီဇာဝါ၏ မြေးဖြစ်သည်။ ငယ်စဉ်က တရုတ်ပြည်နှင့် အမေရိကန်ပြည်ထောင်စုတို့ တွင် နေထိုင်ခဲ့ပြီး ဂျော့ခ်ျတောင်းတက္ကသိုလ် မှ မဟာဝိဇ္ဇာဘွဲ့နှင့် ဘာကလေရှိ ကယ်လီ ဖိုးနီးယားတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဘာသာ ရပ်ဖြင့် ပါရဂူဘွဲ့ရရှိခဲ့သည်။
သို့ရာတွင် သူသည် ပညာရှင်တစ်ဦး ဖြစ်လာမည့်အစား မိသားစု၏ နိုင်ငံရေး အစဉ်အလာအတိုင်းလိုက်၍ သံတမန်တစ်ဦးအဖြစ်ရွေးချယ်ခဲ့သည်။ တိုကျိုမြို့ ဆိုဖီယာ တက္ကသိုလ်တွင် ဆရာမတစ်ဦးအဖြစ် သင်ကြားပို့ချခဲ့သည်။
၁၉၇၉ ခုနှစ်တွင် ကုလသမဂ္ဂ၌ ဂျပန်နိုင်ငံ၏အမြဲတမ်း ကိုယ်စားလှယ်ဖြစ်လာခဲ့သည်။ အိုဂါတာသည် ယင်းရာထူးကိုရသည့် ပထမဆုံးသော ဂျပန်အမျိုးသမီးဖြစ်သည်။ သူသည်ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်တွင်၁၉၈၂ မှ ၁၉၈၅ ခုနှစ်အထိ အမှုထမ်းခဲ့သည်။
၁၉၉၁ မှ ၂ဝဝဝ ပြည့်နှစ်အထိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးဖြစ်ခဲ့သည်။အခြေခံမူနှင့်စပ်လျဉ်း၍ တည့်မတ်စွာ ကျင့်သုံးခဲ့သော ပုဂ္ဂိုလ်တစ်ဦးအဖြစ် နိုင်ငံ ပေါင်း ၄ဝ ကျော်သို့ မဟာမင်းကြီးရာထူးဖြင့် သွားရောက်လေ့လာခဲ့သည်။ ပင်လယ်ကွေ့ စစ်ပွဲပြီးနောက် အီရတ်သို့ ထွက်ပြေးခဲ့သော ကာ့ဒ်လူမျိုးတို့၏ ဒုက္ခသည်စခန်းသို့ အကြိမ် ကြိမ် သွားရောက်ခဲ့သည်။(အေပီ)
တင်စိန်
ဘာသာပြန်သည်။