နီပေါနိုင်ငံ ဟိန္ဒူနတ်ဘုရားမ ကာလီမယ်ပွဲတော်တွင် တိရစ္ဆာန်များဖြင့် ယဇ်ပူဇော်
mizzimaburmese.com
|
2019-12-04

ဒီဇင်ဘာ ၄။ ။ အိန္ဒိယနယ်စပ်အနီး နီပေါနိုင်ငံတောင်ပိုင်း ဘာရီယာပါအရပ်တွင် ဟိန္ဒူနတ်ဘုရားမ ကာလီမယ်တော်ကို ပူဇော်ပသသည့်အနေဖြင့် Gadhimai ပွဲတော်ကို ၅ နှစ်တစ်ကြိမ် ကျင်းပလေ့ရှိပြီး ယခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့က စ၍ ၂ ရက်တာ ကျင်းပခဲ့သည်။

သားသတ်သမား ၂၀၀ ခန့်သည် ကျွဲ၊ ဆိတ်၊ ကြွက် ၊ ကြက်၊ ဝက်၊ ခို စသည့် တိရစ္ဆာန်များကို ဘောလုံးကွင်းထက်ကျယ်သည့် မြေနေရာတွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်ပြီး ယဇ်ပူဇော်ကြခြင်းဖြစ်သည်။ လွန်ခဲ့သည် ၅ နှစ်ကလည်း တိရစ္ဆာန်အကောင်ရေ ၂၀၀ ၀၀၀ ခန့်သတ်ဖြတ်ခဲ့သည်။

ကျွန်တော်တို့က ဒီလိုပွဲမျိုးကို မထောက်ခံဖို့ ကြိုးစားခဲ့ကြဖူးပါတယ် ၊ ဒါပေမယ့် လူတွေက ရိုးရာဓလေ့ကို ယုံကြည်ပြီး သူတို့အကောင်တွေကို လာလှူကြတာပါဟု ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

" " https://adclick.g.doubleclick.net/pcs/click?xai=AKAOjstmtbczu4KOFTi55LSQwe8TETeDQZs7asPSmhDsp68cHyq01JN31732S8zMfxO1qcN27RfNRBAmKazrqZfcjzmr4uyCcZDNP_M3TU_PXQRKsmZWoN8Lf4R0gDg6lYGfZQoHB7sJy3IyHgdRaqxBUr_Woq_zO_pCHrmm7IMRusMICLNcoef4gouAo8U5Of4yiIL3C5_ue505Y0kvups01Wg7eTVsv-BMZ_CFjesk5naDpqDo7Q52a_sN6MarXMLGyXlB5A&sai=AMfl-YTOkH9IyPzwQ10_VwRrG34YjLrHRz-D4mjIslIqkwmE-rleWI5JeCQX40cJash9cUyOZJbzfXek3D-FVnAbuYyqTX-zKy6jqjXhLxt2&sig=Cg0ArKJSzAKb7AjyklWWEAE&urlfix=1&adurl=

နီပေါနှင့် အိန္ဒိယမှ ထောင်ပေါင်းများစွာသော ပွဲလာသူများသည် ပွဲမတိုင်ခင်ကတည်းက ဘာရီယာပါသို့ ညအိပ်ညနေလာရောက်ကာ ဆုတောင်းပွဲများပြုလုပ်ကြသည်။ ပွဲကျင်းပသည့် ကွင်းပြင်တွင် ရဲ ၂၀၀၀ ခန့် လုံခြုံရေး ယူထားသည်။

ဒဏ္ဍာရီအရ လွန်ခဲ့သောနှစ်ပေါင်း နှစ်ရာကျော်ခန့်က ဟိန္ဒူနတ်ဘုရားမ ကာလီမယ်တော်သည် သူ့အတွက် သွေးလှူရန် နှင့် ဘုရားကျောင်းဆောက်ပေးရန် အကျဉ်းသားတစ်ဦးအား အိပ်မက်ပေးခဲ့သည်ဟုဆိုသည်။ ထိုအကျဉ်းသား အိပ်ရာမှနိုးသည့်အခါ လက်ထိပ်သံကြိုးများ ခတ်ထားခြင်းမရှိတော့ဘဲ ထောင်မှ လွတ်မြောက်လာခဲ့သည်။ ၎င်းက မယ်တော်အား ကျေးဇူးဆပ်သည့်အနေဖြင့် ဘုရားကျောင်းဆောက်ပြီး တိရစ္ဆာန်များကို သတ်ဖြတ် ယဇ်ပူဇော်ခဲ့ ရာမှ အဆိုပါ ရိုးရာဓလေ့ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းသိရသည်။

၂၀၁၅ ခုနှစ်က ဘုရားကျောင်းတာဝန်ရှိသူများက အဆိုပါလုပ်ရပ်ကို တားမြစ်ရန် ကြေညာချက်ထုတ်ပြန်ခဲ့သလို နီပေါတရားရုံးကလည်း ၎င်းပွဲကိုအားမပေးဖို့ အစိုးရကို ညွှန်ကြားခဲ့သည်။

သို့သော် အစိုးရရော ဘုရားကျောင်းတာဝန်ရှိသူများပါ အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့သည်ဟု တိရစ္ဆာန်အရေးလှုပ်ရှားသူများက ဆိုသည်။


Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website:

http://building.mizzimafoundation.org/

#မယ်တော်
#ဘုရားကျောင်း
#နီပေါ
#တိရစ္ဆာန်
#ဘုရားမ

Some text some message..