မကြာသေးမီက သိပ္ပံနည်းကျ လေ့လာမှုတစ်ခုအရ အင်းဆက်ပိုးမွှားအရေအတွက်ဟာ စိုးရိမ်ဖွယ်ရာနှုန်းဖြင့် ကျဆင်းနေပြီး လာမယ့် ဆယ်စုနှစ်အတွင်းမှာ မျိုးစိတ် ၄၀ရာခိုင်နှုန်းခန့် မျိုးသုဉ်းပျောက်ကွယ်သွားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ကမ္ဘာဂြိုလ်ပေါ်မှာ အင်းဆက်ပိုးမွှားတွေ မရှိရင် ပိုမိုကောင်းမွန်တဲ့ နေရာဖြစ်လိမ့်မယ်လို့ သင်စိတ်ကူးမိခဲ့နိုင်ပါတယ်။ အမှန်တကယ်က သူတို့ပျောက်ကွယ်သွားခြင်းဟာ အာဟာရနှင့် သဘာဝပတ်ဝန်းကျင်ကို ပရမ်းပတာ ဖြစ်စေပါလိမ့်မယ်။ ဒါ့ကြောင့် ဒီတိရိစ္ဆာန်တွေဟာ ဂေဟစနစ်အပေါ် ဘယ်လိုအရေးပါကြောင်းနှင့် သူတို့မျိုးသုဉ်းသွားလျှင် ဖြစ်ပေါ်လာစေမယ့် အကျိုးဆက်တွေ အကြောင်းကို မျှဝေလိုပါတယ်။
၁။ ပျားတွေမရှိရင် ပန်းတွေနှင့် အစားအစာတွေ ပျောက်ကွယ်သွားပါလိမ့်မယ်
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပရဟိတလုပ်ငန်းဖြစ်သော Earthwatch က ပျားတွေဟာ ကမ္ဘာပေါ်မှာ အရေးကြီးဆုံး သက်ရှိသတ္တဝါများအဖြစ် ကြေငြာခဲ့ပါတယ်။ ပျားရည်ထုတ်လုပ်သူများ ဖြစ်တဲ့အပြင် ၎င်းတို့ဟာ တိရိစ္ဆာန်ကမ္ဘာရဲ့ အဓိက ဝတ်မှုန်ကူးသူတွေ ဖြစ်ပါတယ်။ ဒီဝတ်မှုန်ကူး သယ်ဆောင်ရေးသာမရှိရင် ကမ္ဘာပေါ်ရှိ စိုက်ပျိုးသီးနှံတွေ ထုတ်လုပ်မှုဟာ ၃၀ ရာခိုင်နှုန်း ကျဆင်းသွားပြီး ပန်းပင်တွေ ၉၀ရာခိုင်နှုန်းအထိ ပျောက်ကွယ်သွားပါလိမ့်မယ်။ လူ့စားနပ်ရိက္ခာ ဖူလုံမှုနှင့် ဇီဝမျိုးကွဲမျိုးစုံတွေရဲ့ အဓိကသော့ချက်ဖြစ်သော်လည်း ဒီ အင်းဆက်ဦးရေရဲ့ ၃၀ရာခိုင်နှုန်းခန့်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းက ကျဆင်းခဲ့ပြီး အချို့နိုင်ငံတွေမှာ မျိုးသုဉ်းလုနီးပါးဖြစ်နေပါပြီ။ မျိုးစိတ်တွေကို ခြိမ်းခြောက်တဲ့ အဓိကအချက်ကတော့ ရာသီဥတုပြောင်းလဲခြင်းနှင့် စိုက်ပျိုးရေးမှာ ဓါတုပစ္စည်းတွေအသုံးပြုခြင်းကြောင့် ဖြစ်ပါတယ်။
၂။ ပိုးဟပ်ဟာ နိုက်ထရနိုဂျင်သံသရာမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ပါတယ်
ပိုးဟပ်တွေဟာ အမုန်းဆုံးသတ္တဝါတွေထဲမှာပါပြီး ဒီအတွက် အကြောင်းရင်းများစွာရှိပါတယ်။ သူတို့ရဲ့ ပုံပန်းသဏ္ဍာန်က ရွံစရာကောင်းတဲ့အပြင် သူတို့ဟာ ဘက်တီးရီးယားပိုး ထုတ်လွှတ်သူတွေ ဖြစ်ပါတယ်။ ဓါတ်မတည့်မှုကို ဖြစ်စေပြီး သူတို့ ဖြတ်သွားတဲ့နေရာတိုင်းမှာ မစင်တွေ ချန်ထားခဲ့ပါတယ်။ ခန့်မှန်းခြေအားဖြင့် ၃၅၀၀ ကျော်ထဲက မျိုးစိတ် ၂၀လောက်သာ လူသားတွေကို စိတ်အနှောက်အယှက် ဖြစ်စေတယ်လို့ ခန့်မှန်းရပါတယ်။
မြို့ကြီးတွေနှင့် ဝေးကွာတဲ့ ပိုးဟပ်တွေဟာ နို့တိုက်သတ္တဝါတွေ၊ ငှက်တွေနှင့် တွားသွားသတ္တဝါတွေရဲ့ အစာဖြစ်ပါတယ်။ ထို့အပြင် ၎င်းတို့ဟာ ပုပ်သိုးဆွေးမြေ့နေတဲ့အရာတွေကို စားသောက်ကြပါတယ်။ သူတို့ စွန့်ပစ်လိုက်တဲ့ အရာတွေက နိုင်ထရိုဂျင်တွေ ပြည့်နေပြီး အပင်တွေ ကြီးထွားဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ ထို့ကြောင့် ဒီအင်းဆက်ပိုးတွေ မရှိရင် တိရိစ္ဆာန်နှင့် အပင်နှစ်မျိုးလုံးမှာ ဂေဟစနစ်မညီမျှမှုကို ဖန်တီးပါလိမ့်မယ်။
၃။ ပုရွက်ဆိတ်တွေက မျိုးစေ့တွေကို ပျံ့နှံ့စေပြီး ဇီဝမျိုးကွဲတွေကို တိုးပွားလာစေပါတယ်
ပုရွတ်ဆိတ်တွေဟာ အန္တာတိကတိုက်မှလွဲ၍ တိုက်ကြီးအားလုံးပေါ်မှာ ဆက်ရှိနေခြင်းနှင့်အတူ ၁၀၀၀ ဘီလီယံနှင့် ၁၀၀၀၀ ဘီလီယံအကြား ပျောက်ကွယ်သွားဖို့ ခက်ခဲလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ပုရွက်ဆိတ်တွေဟာ အဖျက်ပိုးမွှားတွေ သုတ်သင်ဖယ်ရှားခြင်းကဲ့သို့သော အကျိုးရှိသော ဂေဟစနစ်ဆိုင်ရာ လုပ်ငန်းဆောင်တွေနှင့် ပတ်သတ်ပြီး အကျိုးကျေးဇူးတွေရှိတာကြောင့် ဒီအင်းဆက်ပိုးမွှားတွေ မရှိတဲ့ ကမ္ဘာဟာ လူသားတွေအတွက် ကြီးမားသော ပြဿနာတွေကို ဆောင်ကြဉ်းပေးပါလိမ့်မယ်။ ပုရွက်ဆိတ် မျိုးစိတ်ပေါင်း ၁၄၀၀၀ကျော်ရှိသော်လည်း အချို့တွေက အပင်တွေကနေ မြေပေါ်ကျတဲ့ မျိုးစေ့တွေကို ဖြန့်ဖြူးပေးကြပါတယ်။ တခြားမျိုးစိတ်တွေက ဝတ်မှုန်ကူးတဲ့နေရာမှာ အဓိကကျပါတယ်။
၄။ ယင်ကောင်မရှိတဲ့ ကမ္ဘာဟာ ချောကလက်မရှိတဲ့ ကမ္ဘာတစ်ခု ဖြစ်ပါလိမ့်မယ်
ယင်ကောင်ဟာ နာမည်ဆိုးဖြင့် ကျော်ကြားတဲ့ အင်းဆက်များ ဖြစ်ပါတယ်။ သူတို့ဟာ အမှိုက်တွေကြားထဲမှာ တဝဲလည်လည်နေပြီး ရောဂါပိုးတွေကို ကူးစက်စေပါတယ်။ လူရဲ့ နားနားမှာ ကပ်ပြီး အိပ်လို့မရအောင် စိတ်အနှောက်အယှက်ဖြစ်စေတဲ့ အသံတွေကို ဖန်တီးပါတယ်။ သို့သော် ၎င်းတို့ဟာ လူသားတွေကို ကမ္ဘာမြေပေါ်မှာ ရှင်သန်ဖို့ ပိုလွယ်စေတဲ့ အပြုသဘောသက်ရောက်မှုတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ ယင်ကောင်တွေ မျိုးတုန်းပျောက်ကွယ်သွားပါက တိရိစ္ဆာန် အသေကောင်တွေရဲ့ ရှင်းလင်းသုတ်သင်ခြင်းနှင့် စားသုံးခြင်းကဲ့သို့သော လုပ်ငန်းစဉ်တွေကို များစွာကြန့်ကြာစေပြီး ဘက်တီးရီးယားနှင့် မှိုတွေသာ ကျန် ရစ်စေပါလိမ့်မယ်။ အချို့သော မျိုးစိတ်တွေက ဝတ်မှုန်ကူးသူတွေ ဖြစ်ပါတယ်။ Ceratopogonids မျိုးစိတ်ယင်ကောင်ဟာ ချောကလက်ပြုလုပ်တဲ့ ကိုကိုးကဲ့သို့သော ကောက်ပဲသီးနှံ့တွေအတွက် အရေးပါသော ဝတ်မှုန်ကူးသူတွေ ဖြစ်ပါတယ်။
၅။ ပိုးတောင်မာဟာ သဘာဝတရားရဲ့ recycler များဖြစ်ပါတယ်
ကမ္ဘာပေါ်မှာ အင်းဆက်ပိုးမွှားအများဆုံးအဖြစ် သတ်မှတ်ခံရတဲ့ ပိုးတောင်မာ မျိုးစိတ်ပေါင်း ၃၇၅၀၀၀ခန့်ရှိပါတယ်။ ၎င်းတို့အနက်မှ များစွာသော ပိုးမွှားတွေဟာ ဖျက်ပိုးတွေအဖြစ် သတ်မှတ်ခံရပြီး သီးနှံတွေကို ကြီးမားစွာ ဆုံးရှုံးစေပါတယ်။ အခြားမျိုးစိတ်တွေက အပြုသဘောသက်ရောက်မှု ရှိပါတယ်၊ ၌ပမာ- ပျစားပိုး ladybug ဟာ ပျပိုးတွေကို စားသုံးပြီး ကောက်ပဲသီးနှံတွေကို တိုက်ခိုက်တဲ့ အင်းဆက်ပိုးမွှားတွေကို ထိန်းချုပ်ပါတယ်။ coprophages တွေဟာ အခြေခံကျသော အခန်းကဏ္ဍမှ ပါဝင်ပြီး သူတို့ဟာ အကြီးမားဆုံးသော မြေသြဇာ recycler များဖြစ်ပါတယ်။
၆။ ပုရစ်ဟာ မြေဆီလွှာကျန်းမာရေးကို ညွှန်ပြနေပြီး အာဟာရရှိတဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်
အပြည်ပြည်ဆိုင်ရာ ကျွမ်းကျင်သူ ၁၅၀ ကျော်ပါဝင်တဲ့ အစီရင်ခံစာတစ်ခုမှာ အင်းဆက်ပိုး မျိုးစိတ်ပေါင်း ၁၀၈၂ ရဲ့ ၂၅.၇ ရာခိုင်နှုန်းဟာ နှံကောင်တွေနှင့်အတူ ဥရောပနိုင်ငံမှာ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ သူတို့ရဲ့ မူလနေရင်းဒေသတွေမှာ ထွန်ယက်စိုက်ပျိုးခြင်းနှင့် ပိုးသတ်ဆေးတွေ အသုံးပြုခြင်းက ဒီခြိမ်းခြောက်မှုရဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ ဒီပုရစ်ကောင်တွေ ပျောက်ကွယ်မသွားသင့်တဲ့ အကြောင်းရင်းတွေ များစွာရှိပါတယ်။ ၎င်းတို့ဟာ ငှက်များ၊ တွားသွားသတ္တဝါများနှင့် လူသားတွေရဲ့ အစားအစာဖြစ်ပါတယ်။ Chapulines ပရစ်တွေဟာ မက္ကဆီကန်အစားအစာတစ်ခုဖြစ်ပြီး ပရိုတင်းပမာဏများစွာပါဝင်ပြီး အဆီနည်းပါတယ်။ ဒီမျိုးစိတ်တွေဟာ ကျက်စားရာနယ်မြေရဲ့ ဇီဝမျိုးစုံမျိုးကွဲများနှင့် နယ်မြေကျန်းမာရေးကို ဖော်ပြနေပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-brightside