![]()
-အမျိုးသမီးလေးဦးမှာ သုံးဦးဆံပင် ဆေးဆိုးကြပါတယ်။ ဆံပင်ဖြူကိုဖုံး ကွယ်ဖို့ဖြစ်စေ၊ ဖက်ရှင်အလှဆင်ဖို့ ဖြစ်စေ ဆေးဆိုးကြသလိုအချို့က တော့အပြောင်းအလဲလုပ်ချင်လို့ဆေးဆိုးကြပါတယ်။ ဆံပင်အရောင်ချွတ်လိုက်တဲ့အခါအဖြူရောင် (သို့) နို့နှစ်ရောင် ကျန်ခဲ့ ပေမယ့် ဆံပင်မကျွတ်စေနိုင်ပါဘူး။- ဆံပင်တစ်ခါတစ်ခါဆေးဆိုးချိန် ကြားမှာအနည်းဆုံး တစ်လခန့် ခြား သင့်ပါတယ်။ မကြာခဏဆေးဆိုးနေ မယ်ဆိုလျှင် ဆံပင်နှစ်ခွဖြစ်ခြင်း၊ ခြောက်သွေ့ခြင်းတို့ဖြစ်စေပါတယ်။ ဆံပင်အရောင်နှင့်လိုက်ဖက်အောင် မျက်ခုံးမွေးအရောင်မဆိုးသင့်ပါ။ ဆံပင်ဆိုးဆေးကိုမျက်ခုံးမွေးမှာ သုံးတဲ့အခါအရေပြားဓါတ်မတည့်မှု ဆိုးဆိုးရွားရွားဖြစ်စေပါတယ်။ မျက်ခုံး မွေးဆွဲခဲတံ၊ ပေါင်ဒါ၊ ဂျယ်လီတို့ကိုသာအသုံးပြု၍မျက်ခုံးမွေးအလှဆင်ပါ။ -ဆံပင်ဆိုးဆေးတစ်ခုခုမိမိနှင့်တည့်မတည့်သိလိုလျှင်အနံ့ခံကြည့်ပါ။နှာချေလာတာ၊ ချောင်းဆိုးလာတာရှိ လျှင် မတည့်ပါ။ ဆံပင်ဆိုးဆေးတစ် စက်ခန့် လက်မောင်းမှာဖြစ်စေ၊ နား ရွက်အနောက်မှာဖြစ်စေ တို့ထိကြည့် ပြီး နှစ်ရက်အတွင်းအဖုအပိမ့်တွေ ပေါက်လာလျှင်မတည့်ပါ။ - မိမိလိုချင်တဲ့အရောင်ရဖို့ ဆံ ပင်ဆိုးဆေးနှစ်ခုကို မစပ်ပါနှင့်။- lead acetate ဓါတုပစ္စည်းဟာ ဆံပင်အနက်ဆိုးဆေးတို့မှာအတွေ့ ရများပါတယ်။ ၎င်းပါဝင်တဲ့ဆိုးဆေးတွေကို ဥရောပနှင့် ကနေဒါတို့မှာ ပိတ်ပင်ထားပေမယ့် ကျန်နိုင်ငံတွေ မှာ သုံးနေကြဆဲဖြစ်ပါတယ်။ - ဆံပင်ဆေးဆိုးတဲ့အခါ ဓါတုပစ္စည်းအနည်းငယ်ဦးရေပြားကတစ်ဆင့် ဝင်ရောက်တတ်ပေမယ့် သန္ဓေသားကို ထိခိုက်မှုမရှိပါဘူး။ Source : WebMDသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။