![]()
ရှောက်သီးကိုအလှအပနှင့် သဘာဝအိမ်သုံးပစ္စည်းများအဖြစ်အသုံးပြုနိုင်တာကို သင်သိပါသလား။ ရှောက်သီး ဟာ သင့်အတွက်အသုံးဝင်စေတယ် ဆိုတာကို သိစေနိုင် မယ့်အချက်တချို့ကို ဖော်ပြပေးထားပါတယ်။ (၁) ဆံသားတောက်ပြောင်စေခြင်းခေါင်းလျှော်ပြီးတဲ့အခါ ဆံသားအနှံ့ကို ရှောက်ရည်တစ်ဆနဲ့ ရေတစ်ဆရောထားတဲ့အရည်ကို လိမ်းပါ။ မိနစ်အနည်းငယ် ထားပြီးနောက် ရေနဲ့ သန့်စင်ပေးပါက ဆံသားတွေ တောက်ပြောင်လှပစေပါတယ်။ (၂) မျက်နှာလိမ်း တိုနာအဖြစ်အသုံးပြုနိုင်ခြင်းရှောက်ရည်က ချွေးပေါက်တွေကို ကျုံ့စေတဲ့အာနိသင်ရှိပါတယ်။ ရှောက်ရည်အနည်းငယ်ကို ဂွမ်းစအနည်းငယ်နဲ့ တို့ယူပြီး တိုနာအဖြစ် သင့်မျက်နှာပေါ်မှာ လိမ်းပေးပါက မျက်နှာအဆီပြန်တာကို သက်သာစေပါတယ်။ (၃) လက်သည်းဖြူစေခြင်းလက်သည်းအရောင်က ဝါကြန့်ကြန့်ဖြစ်လို့အရောင်မလှ ဖြစ်နေရင် ရှောက်ရည်ကိုအသုံးပြုနိုင်ပါတယ်။ ရှောက်သီးကိုအရည်ညှစ်ပြီး ပန်းကန်တစ်ခုထဲ ထည့်ပါ။အဲဒီ ပန်းကန်ထဲကို လက်ချောင်းလေးတွေ ထည့်စိမ်ထားပြီး မိနစ်အနည်းငယ် ကြာတဲ့အခါ လက်မှာ စွန်းထင်းနေတာတွေ ပျောက်ပြီး လက်သည်းတွေ ဖြူဖွေးလာပါလိမ့်မယ်။ (၄) ချွေးနံ့ပျောက်စေခြင်းရှောက်ရည်ထဲမှာပါဝင်တဲ့ စစ်ထရစ်အက်စစ်ကအနံ့အသက်ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားနိုင်တဲ့အာနိသင် ရှိတာကြောင့် ချိုင်းချွေးနံ့ ပျောက်လိုပါက ချိုင်းအောက်မှာ သုတ်လိမ်းပေးနိုင်ပါတယ်။ (၅) တင်းတိပ်များကို ဖယ်ရှားပေးခြင်းရှောက်ရည်က တင်းတိပ်နဲ့ သက်ကြီးအစက်အပြောက်တွေကို ဖယ်ရှားပေးတယ် လို့ ယုံကြည်မှုအစွဲအလမ်းတွေ ရှိတတ်ကြပါတယ်။ ရှောက်ရည်ကို ဂွမ်းစနဲ့တို့ပြီးအစက်အပြောက်ရှိတဲ့ နေရာကို တစ်နေ့တစ်ကြိမ် လိမ်းပေးပါ။ (၆)အစွန်းအထင်းတွေကို ဖယ်ရှားပေးခြင်းအဝတ်အစားတွေမှာအစွန်းအထင်းတွေ ရှိခဲ့ရင် ရှောက်ရည်နဲ့အစွန်း ချွတ်ပေးနိုင်ပါတယ်။ မပျက်ဘဲ စွဲထင်နေမယ်ဆိုရင်တော့ ရှောက်ရည်ကို ဆားနဲ့ရောပြီးအစွန်း ချွတ်ပေးနိုင်ပါတယ်။အဝတ်စက နူးညံ့လွန်းတဲ့အစ ဖြစ်နေရင်တော့ရှောက်ရည်တစ်မျိုးတည်းကိုသာ အစွန်းချွတ်ဆေးအဖြစ်အသုံးပြုပါ။ (၇) ဗောက်ပျောက်စေခြင်းရှောက်ရည်ကို ဗောက်မထအောင် ကာကွယ်တဲ့အနေနဲ့တော့အသုံးပြုလို့ မရပါဘူး။ ဗောက်ထနေခဲ့ရင်တော့ ဦးရေပြားပေါ်က ဗောက်တွေကို ဖယ်ရှားဖို့အသုံးပြုနိုင်ပါတယ်။ ရှောက်ရည်ကို ဆံသားအနှံ့လိမ်းပြီး ညင်သာစွာ နှိပ်နယ်ပါ။ ၁၀ မိနစ်လောက် ထားပြီးမှ လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်ပါ။ (၈) ကြေးချွတ်ဆေးအဖြစ်အသုံးပြုနိုင်ခြင်းရှောက်ရည်၊ ဆားနဲ့ သံလွင်ဆီတို့ကို ဆတူရောပြီး သဘာဝ ကြေးချွတ်ဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။ Source : Beliefnetသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။