![]()
ဆောင်းရာသီမှာ မိန်းကလေးတွေအတွက် သဘာဝကရတဲ့ ပျားရည်ကိုအသုံးပြုပြီး
ာအသားအရေ ထိန်းသိမ်းလို့ ရမယ့်နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။
လည်းအဆင်ပြေရင် လုပ်ကြည့်လို့ ရတယ်နော်။အချိန်လည်း သိပ်ပေးစရာမလိုပဲ ကိုယ့်အိမ်မှာ ရှိတဲ့ ပစ္စည်းလေးတွေနဲ့အလွယ်တကူ လုပ်လို့ရတဲ့ နည်းလမ်းလေးတွေဖြစ်လို့အားလပ်ချိန်တွေမှာ
ကို ထိန်းသိမ်းချင်သူတွေအတွက် သင့်လျော်မယ်လို့ ထင်ပါတယ်။
အစိုဓာတ်ထိန်းပေးမယ့် ပျားရည် Mask
၁။ ပထမနည်းလမ်းကတော့
ကို ဇွန်းအပြည့် တစ်ဇွန်းခပ်ပြီး မျက်နှာအနှံ့ ပွတ်လိမ်းပေးပါ။ ၅မိနစ်ကနေ နာရီဝက်လောက် မျက်နှာပေါ်မှာ ဒီအတိုင်းထားပြီးမှ ရေနွေးနွေးလေးနဲ့ သေချာသန့်စင်ပေးပါ။ ၂။ ဒုတိယနည်းလမ်းက နွားနို့တစ်ဇွန်း၊ ပျားရည်တစ်ဇွန်း၊ ကြက်ဥအနှစ် တစ်လုံးကို သေချာမွှေပေးပါ။ မျက်နှာသစ်ပြီးမှ မွှေထားတဲ့ ပျားရည်အနှစ်ကို မျက်နှာပေါ်မှာ သုတ်လိမ်းပေးပါ။ မိနစ် ၂၀လောက် ဒီအတိုင်းထားထားပြီးရင် ရေနွေးလေးနဲ့ သေချာသန့်စင်ပေးပါ။ ပျားရည်မှာအရေပြားကို သဘာဝအတိုင်း
ထိန်းပေးနိုင်တဲ့အာနိသင်ပါတဲ့အပြင် ဒီနည်းလမ်းတွေအသုံးပြုပြီးတဲ့အချိန်မှာ ကိုယ့်အသားအရေလေးက နူးညံ့ပြီး ချောမွတ်နေတာကို ခံစားမိမှာပါ။ မျက်နှာကို သွေးလည်ပတ်မှု ကောင်းစေဖို့ Mask ကို စက်ဝိုင်းပုံစံ သုတ်လိမ်းပေးတာ ပိုကောင်းပါတယ်။
မျက်နှာသန့်စင်ပေးဖို့အတွက် ပျားရည် Cleanser
ပျားရည်ကို သဘာဝအုန်းဆီတစ်ဇွန်းနဲ့ ရောမွှေပြီး မျက်နှာအနှံ့ ပွတ်လိမ်းပေးရုံပါ။ ၃မိနစ်လောက်နေရင် ရေနွေးနဲ့ သေချာပြန်ဆေးပေးပါ။ ပျားရည်ဟာ ချွေးပေါက်ထဲမှာ ပိတ်နေတဲ့အညစ်အကြေးတွေ၊အဆီတွေကို သန့်စင်ပေးနိုင်တဲ့အပြင် မိန်းကလေးတွေ
ဖျက်တဲ့နေရာမှာလည်းအသုံးပြုလို့ ရပါတယ်။အသုံးပြုတဲ့နေရာမှာ မျက်လုံးထဲ မဝင်သွားစေဖို့တော့ ဂရုစိုက်ပေးရမယ်နော်။
အသားအရေကို နူးညံ့ချောမွေ့သွားစေတဲ့ ပျားရည် Lotion
ပျားရည် တစ်ဇွန်း၊ သံလွင်ဆီ တစ်ဇွန်းနဲ့
(သံပုရာသီး တစ်ခြမ်းစာလောက် ညှစ်ပေးရင် လုံလောက်ပါတယ်) ကို ရောမွှေပြီးအသားအရေခြောက်နေတဲ့ နေရာတွေကို ပွတ်လိမ်းပေးပါ။ မိနစ် ၂၀လောက်နေရင်အဝတ်သန့်သန့်လေးနဲ့ ပြန်သုတ်လိုက်ရုံပါပဲ။ ဆေးစရာတော့ မလိုပါဘူး။ ဆောင်းရာသီမှာအရေပြားမကြာခဏ
့တဲ့သူတွေနဲ့အသားမပပ်အောင် ကာကွယ်ဖို့အတွက် မကြာခဏ သုံးပေးသင့်တဲ့ နည်းလမ်းဖြစ်ပါတယ်။
အရေပြားပေါ်က ဆဲလ်အသေတွေကို ကွာကျစေတဲ့ ပျားရည် Exfoliant
ပျားရည် ၂ဇွန်း၊ မုန့်ဖုတ်ဆိုဒါ တစ်ဇွန်းကို သေချာမွှေပြီး မျက်နှာကို ၃မိနစ်ခန့် သေချာပွတ်ပေးပါ။ ပြီးရင် ရေနွေးလေးနဲ့ ပြန်ဆေးချပေးရုံပါပဲ။ မျက်နှာအတွက်သာမက ခန္ဓာကိုယ်နေရာအနှံ့အတွက်ပါအသုံးပြုလို့ ရပါတယ်။ တစ်ပတ် တစ်ကြိမ်အသုံးပြုပေးရုံနဲ့အရေပြားပေါ်က ပျက်စီးနေတဲ့ ဆဲလ်အသေတွေကိုအလွှာလိုက် ကွာကျစေပြီးအသားအရေကိုလည်း ဝင်းပလာစေနိုင်ပါတယ်။အပေါ်မှာ ပြထားခဲ့တဲ့ နည်းလမ်း ၄ခုကို ပုံမှန်လေး လုပ်ပေးသွားမယ်ဆိုရင်အချိန်တိုအတွင်း သိသာထင်ရှားတဲ့ ရလဒ်ကို တွေ့ရှိရမှာအသေအချာပါပဲ။အထူးသဖြင့်အခုလို
အေးစက်နေတဲ့ ရာသီဥတုမျိုးမှာ ဖြစ်တတ်တဲ့အရေပြားပြဿနာတွေ၊အသားအရေခြောက်သွေ့တာတွေကိုလည်း ကာကွယ်ပေးနိုင်ပြီးအရေပြားကို သဘာဝအတိုင်း နူးညံ့စိုပြည်စေမှာပါ။
အသားအရေထိန်းသိမ်းလိုသူတွေအတွက် ပျားရည်ရဲ့ ကောင်းကျိုး။
၁။ ပျားရည်ဟာအရေပြားကို သဘာဝအတိုင်းအစိုဓာတ်ထိန်းပေးနိုင်တယ်။ ၂။ ခြောက်သွေ့တဲ့အရေပြားပိုင်ရှင်အတွက်အသားအရေကို စိုပြေချောမွတ်စေပြီးအဆီပြန်တတ်တဲ့သူတွေအလည်း သုံးလို့အဆင်ပြေစေပါတယ်။ ၃။ ဝက်ခြံကြောင့် ကျန်ခဲ့တဲ့အမာရွတ်တွေကို သက်သာပျောက်ကင်းစေတယ်။ ၄။အမည်းစက်တွေ၊ ဝက်ခြံတွေကို ပျောက်စေပြီးအသားအရောင်ကိုလည်း ညီညာစေတယ်။ ၅။ ချွေးပေါက်အတွင်းထဲထိ ပိတ်နေတဲ့ ဖုန်မှုန့်တွေ၊အညစ်အကြေးတွေကို သန့်စင်ပေးနိုင်တယ်။ ၆။ မျက်နှာပေါ်က
ကို သက်သာစေပြီးအရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ၇။အလွယ်တကူ ဝယ်ယူလို့ ရတဲ့အပြင်အချိန်လည်း သိပ်မပေးရတာကြောင့် ကျား၊ မ မရွေး၊အသက်အရွယ်မရွေးအသားအရေကို ထိန်းသိမ်းလိုသူတွေ၊အလှကြိုက်သူတွေအတွက်အဆင်ပြေစေပါတယ်။
သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။