ပျားရည်နဲ့ မျက်နှာကို Glow Skin ဖြစ်အောင် ပေါင်းတင်နည်း
shwemom.com
|
2018-09-14

Glow Skin ဆိုတာကအသားအရေ ဝင်းပြီး စိုပြေနေတာကို ဆိုလိုတာပါ။ ဒီလို Glow Skin ဖြစ်ဖို့ကတော့ ပျိုမေတိုင်းရဲ့အိပ်မက်ပါ။ နောက်ပြီး Glow Skin ကို ထိမ်းဖို့ခက်ပါတယ် ၊အစားအသောက်ကြောင့် ၊အညစ်အကြေးကြောင့် ၊အသားအရေကိုထိခိုက်စေပါတယ်။ Glow Skin ရဖို့အတွက် ပျားရည်ကိုသုံးတာက တစ်ခုတည်းသော နည်းလမ်းပဲဖြစ်ပါတယ်။

(၁) ခရမ်းချဉ်သီးနဲ့ ပျားရည်
(၁) ခရမ်းချဉ်သီးနဲ့ ပျားရည်


ပါဝင်ပစ္စည်းများ – ခရမ်းချဉ်သီး (တစ်ဝက်) ၊ ပျားရည် (စားပွဲတင်ဇွန်း ၁ ဇွန်း) ၊အဝတ် ။ – Blender ထဲ ခရမ်းချဉ်သီး နဲ့ပျားရည်ထည့်ပေးပြီး ကောင်းကောင်းရောပေးပါ။ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပြီးအခြောက်သုပ်ပေးပါ။ ပြီးရင် ခုနကအရောနဲ့မျက်နှာပေါ်လိမ်းပေးပါ။ (၁၅)မိနစ်လောက်ပေါင်းတင်ပေးပြီး ရေအေးနဲ့ဆေးပေးပါ။ တစ်ပတ်ကို (၂)ကြိမ်လုပ်ပေးပါ။

(၂) သံပရိုရည် နဲ့ ပျားရည်
(၂) သံပရိုရည် နဲ့ ပျားရည်


ပါဝင်ပစ္စည်းများ – သံပရိုရည် (တစ်ဝက်) ၊ ပျားရည် (စားပွဲတင်ဇွန်း ၁ ဇွန်း) ။ – သံပရိုရည်နဲ့ ပျားရည်တို့ကို ရောပေးပါ။ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပြီးအခြောက်သုပ်ပေးပါ။ ပြီးရင် ခုနကအရောနဲ့မျက်နှာပေါ်လိမ်းပေးပါ။ မိနစ် (၂၀)လောက် ပေါင်းတင်ပေးပြီး ရေနွေးနွေးနဲ့ ဆေးပေးပါ။ တစ်ပတ်ကို (၁)ကြိမ်ပဲလုပ်ပေးပါ။

(၃) ငှက်ပျော်သီး နဲ့ ပျားရည်
(၃) ငှက်ပျော်သီး နဲ့ ပျားရည်


ပါဝင်ပစ္စည်းများ – ငှက်ပျော်သီး (၁လုံး) ၊ ပျားရည် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း ) ၊ သံပရိုရည် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ။ – ငှက်ပျော်သီးကို ချေပြီး ပျားရည် ၊ သံပရိုရည် တို့နဲ့ ရောပေးပါ။မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပြီးအခြောက်သုပ်ပေးပါ။ ပြီးရင် ခုနကအရောနဲ့မျက်နှာပေါ်လိမ်းပေးပါ။(၁၀-၁၅ )မိနစ်လောက်ပေါင်းတင်ပေးပါ။ ပြီးရင် ရေနွေးနွေးနဲ့ ဆေးပေးပါ။ တစ်ပတ်ကို (၁)ကြိမ်လုပ်ပေးပါ ။

Hannwe Soe




Some text some message..