![]()
မိန်းကလေးတိုင်းကတော့ နေ့တိုင်းအလှဆုံးဖြစ်ချင်ကြတာပါ။ ဒါပေမဲ့ တစ်ခါတစ်ရံမှ ဒါကအကျင့်ဆိုးလေးတွေ ဖြစ်သွားတတ်ပါတယ်။ ဥပမာ- ညဘက် မိတ်ကပ်မဖျက် မျက်နှာမသစ်ဘဲအိပ်တတ်တာ၊ ဆယ်ကျော်သက် ညီမငယ်လေးတွေ ဆေးလိပ်စမ်းသောက်ကြည့်တတ်တာ ဒါမှမဟုတ် မမကြီးတွေ စိတ်ညစ်ညစ်နဲ့အရက်၊ ဆေးလိပ်တွေ စမ်းရင်း စွဲသွားတာ၊ နေရောင်ထဲသွားတဲ့အခါ ထီး၊ ဦးထုပ်မပါ၊ နေလောင်ခံခရင်မ်မလိမ်းဘဲ ခပ်ကြာကြာနေမိတတ်တာ၊အသင့်စား စားစရာတွေ ဝယ်စားတတ်တာ စသဖြင့်အများကြီးပါပဲ။ ဒီလမှာဖော်ပြပေးမှာကတော့ သင့်ရဲ့နေ့စဉ် ဘဝထဲကို ဆောင်ယူလာသင့်တဲ့အလှအပအတွက်အလေ့အကျင့်ကောင်း ၁ဝ ချက်ဖြစ်ပါတယ်။ ၁။ မိတ်ကပ်ပါးနေပါစေအကယ်ဒမီဆုပေးပွဲတွေ၊ ဖျော်ဖြေပွဲတွေ သွားတာမဟုတ်ရင်၊ ကိုယ်တိုင်ကအဓိက တင်ဆက်ရမယ့်သူမဟုတ်ရင် နေ့စဉ်လိမ်းခြယ်တဲ့အခါ မိတ်ကပ်နဲ့ပေါင်ဒါကို ခပ်ထူထူသုံးဖို့အကြောင်းမရှိပါဘူး။ မိတ်ကပ်ထူသွားရင်အနီးကပ်ကြည့်လေလေ သင့်ကို သဘာဝ မကျ မလှမပဖြစ်သွားစေလေပါပဲ။အထူးသဖြင့် နေ့ခင်းဘက်မှာပေါ့။ နောက်ပြီး သင့်အသားအရေကိုအသက်ရှူပေါက်မပေးရာရောက်လို့အမြဲတမ်းဖောင်ဒေးရှင်းကို ခပ်ထူထူလူးရင် ချွေးပေါက်တွေပိတ်စေပါတယ်။ မျက်လုံး မိတ်ကပ်ကိုလည်း ခပ်များများလိမ်းရင်အရေးအကြောင်းဖြစ်စေပါတယ်။ ပြီးတော့ မျက်လုံးနားကအရေပြားက နူးညံ့လွန်းတဲ့အတွက် ညင်ညင်သာသာနဲ့ ခပ်ပါးပါးပဲလိမ်းပေးသင့်ပါတယ်။ ဒါ့ကြောင့် နေ့စဉ်မိတ်ကပ်ကို ခပ်ပါးပါးပဲလိမ်းပါ။ တစ်ပတ်မှာ ၁ ရက် သို့မဟုတ် ၂ ရက်လောက် မိတ်ကပ်မလိမ်းဘဲနေလို့ရရင်နေပါ။ သင့်အရေပြားအတွက်အနားပေးခြင်း တစ်မျိုးအနေနဲ့ပေါ့။ နေ့စဉ်လိမ်းဖို့လိုအပ်ရင်တော့အပြင်က ပြန်လာတာနဲ့ ဖျက်ပစ်ခြင်းအားဖြင့် သင့်အရေပြားအတွက်အနားယူချိန်ပေးနိုင်ပါတယ်။ ၂။ ကျန်းမာတဲ့အစားအသောက်ကိုစားပါ ဆံနွယ်၊အသားအရေ၊ လက်သည်းကစလို့ တစ်ကိုယ်လုံးလှပဖို့အရေးကြီးဆုံးအချက်က ကျန်းမာတဲ့အစားအသောက်ကို စားဖို့ပါပဲ။ ရေကိုတစ်နေ့ ၈ ခွက်သောက်ပါ။ မိမိစားတဲ့အစာထဲမှာ ကျန်းမာမှုကိုအားပေးတဲ့အဆီမျိုး၊ သစ်သီး၊အသားဓာတ်၊ဟင်းရွက်များပါဝင်ပါစေ။ သစ်သီးအစစ်နဲ့လတ်လတ်ဆတ်ဆတ် ဖျော်သောက်တဲ့ဖျော်ရည်များကအသင့်သောက်အချိုရည်များထက်သာလွန်ကောင်းမွန်ပါတယ်။ ဒါ့ကြောင့်အပြင်စာများများစားတတ်တဲအကျင့်ဆိုးလေးတွေရှိရင် ဂရုစိုက်ပြင်ပါ။ ၃။ ချေးချွတ်ပြီး ပေါင်းတင်ပါ လေထဲက မီးခိုးနဲ့ဖုန်မှုန်တွေကြောင့်အပြင်ထွက်တာများလေလေ၊ လေတိုက်ဒဏ်ခံလေလေအသားအရေကညစ်ပတ်ပြီး ဆဲလ်သေတွေက သင့်မျက်နှာပြင်ပေါ်မှာ စုပုံလာလေပါပဲ။ ဒါ့ကြောင့် တစ်လကိုအနည်းဆုံး ၂ ကြိမ်လောက် မျက်နှာကိုချေးချွတ်သင့်ပါတယ်။ ဆိုင်မှာချေးချွတ် ပေါင်းတင်လို့ရသလို မိမိကိုယ်တိုင် Scrub လုပ်ပြီးအသင့်ကပ် Beauty Maskအမျိုးအစား မြောက်မြားစွာထဲက ကိုယ်နဲ့သင့်တော်တာကို ရွေးချယ်ပြီးကပ်လို့ ပေါင်းတင်နိုင်ပါတယ်။ ခရင်မ်ကို လိမ်းလိုက်တော့မှ Mask ဖြစ်သွားပြီး ပေါင်းတင်နင်တာတွေလည်းရှိပါတယ်။ ထောက်ခံချက်ပေးချင်တဲ့ပေါင်းတင်အမျိုးအစားထဲမှာ Clay Mask လည်းပါဝင်ပြီး သန့်စင်တဲ့ရွှံတွေက ချွေးပေါက်တွေကိုကျုံ့ကာအဆိပ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ၄။ သင့်တော်တဲ့ ဝတ်စားဆင်ယင်မှုကိုပြုပါ ကိုယ်အပြင်ထွက်ရမယ့်နေ့၊အချိန်၊ သွားမယ့်နေရာအားလုံးကို ချင့်ချိန်ပြီးအဝတ်အစားကို ရွေးချယ်ပါ။ နွေးနွေးထွေးထွေးနဲ့စတိုင်ကျတဲ့ ဝတ်စုံဝတ်ရမယ့်အချိန်မှာ တိုတိုပြတ်ပြတ်လေးဝတ်မိရင် တကယ့်သွားရမယ့်နေရာမှာအဆင်မပြေဖြစ်နိုင်သလို၊ ပူအိုက်တဲ့နေရာကို သိပ်ကိုအိုက်တဲ့ပူတဲ့အဝတ်အစားမျိုးနဲ့သွားမိရင် စိတ်ကျဉ်းကျပ်နေမှာ ပါ။ နေပူတဲ့နေရာဆိုရင်အပူဒဏ် သိပ်မခံရအောင်အရောင်နုကို ရွေးဝတ်ပါ။ တကယ့်အဝတ်အစားကောင်းဆိုတာ လူကိုလှပ စေသလို နေရထိုင်ရ လှုပ် ရှားရတဲ့အခါမှာလည်း သက်သောင့်သက်သာ ဖြစ်စေပါတယ်။ ဒါ့ကြောင့် ဒီဇိုင်းတစ်ခုတည်းကို မကြည့်ဘဲ ကျန်းမာရေးအတွက် ကိုက်ညီတဲ့ပိတ်စနဲ့ ချုပ် လုပ်ထားတာ ကို ရွေးချယ်ပါ။အထူးသဖြင့် Underwear တွေကို လည်း ချည်သားကို ရွေးချယ်ဝတ်ရင် ဘယ်ရာသီအတွက်မဆိုအဆင်ပြေစေပါတယ်။ ချွေးသိပ် ထွက်ပြီး လူထူတဲ့နေရာ ကိုသွားရင် ဆံပင်ချတဲ့ စတိုင်ကို မသုံးသင့်တာမျိုးလိုပဲအခြေအနေအချိန်အခါကိုကြည့်ပြီး ဆံပင်စတိုင်ကိုရွေးချယ်ပါ။ ဖိနပ်ကိုလည်းအလားတူပါပဲ။ ၅။ နှုတ်ခမ်းနဲ့ မျက်လုံးကို တချိန်တည်းမှာ ပြင်လွန်းတာမျိုးမဖြစ်ပါစေနဲ့ သင့်မျက်ဝန်းကို ထင်ရှားတောက်ပစေချင် လို့အရောင်တွေခြယ်ဖြစ်တဲ့အခါ နှုတ်ခမ်းကို တောက်တောက်ပပကြီး မခြယ်မိပါစေနဲ့။မျက်လုံး ရော နှုတ်ခမ်းကို တစ်ပြိုင်နက်အလွန်အမင်းခြယ် ထားလွန်းရင် ကြည့်ရဆိုးစေပါတယ်။ နှုတ်ခမ်း နီတောက်တောက်လေးသုံးရင်မျက်လုံးကိုအသင့်အတင့်ပဲ ပြင်ပါ။ ၆။ တစ်ပတ်တစ်ခါ ခေါင်းလျှော်ပါ ခေါင်းကိုနေ့တိုင်းလျှော်တာမကောင်းပေမဲ့ တစ်ပတ်ကို နှစ်ကြိမ်အနည်းဆုံး တစ်ကြိမ်လျှော် သင့်ပါတယ်။ တစ်ပတ်လောက်ဆို စေးကပ်နေတဲ့ ဆံနွယ်တွေက ဖုန်တွေ၊ ဆီတွေ၊ ကော်တွေကို လျှော်ချဖို့သင့်ပါပြီ။ သင်နဲ့သင့်တော်တဲ့ ခေါင်း လျှော်ရည်ကိုရွေးချယ်ပြီးသုံးပါ။ ခေါင်းလျှော် ရည်စင်အောင် ရေဆေးပါ၊ ဆံပင်ပျော့ဆေးသုံး ရင် လည်းအလားတူပါပဲ။ ပြီးရင် သဘာဝဆီ များနဲ့ သင့်ကေသာကို လိမ်းကျံပါ။ ဦးရေပြားကို ဆီလိမ်းပြီး နှိပ်ပေးပါ။ ဘီးများကို ပုံမှန်သန့်စင် ပေးဖို့ မပျင်းရိပါနဲ့။ ၇။အလှကုန်များကို မကြာခဏလဲသုံးပါ တစ်ခါတစ်ရံမှာ ထုတ်ကုန်တစ်မျိုးတည်းကို ကာလရှည်သုံးနေတာ မသင့်တော်တာမျိုးရှိပါတယ်။ တံဆိပ်တူရင်တောင်မှအမျိုးအစားပြောင်းသင့်လားဆိုတာ မိမိအသားအရေနဲ့ ရာသီ ဥတုအပြောင်းအလဲ၊ ဒီထုတ်ကုန်ပေါ်ကရတဲ့ ကောင်းကျိုးဆိုးကျိုးကို ချိန်ဆပြီး ပြောင်းသုံးပါ။Skin care နဲ့ Naturalအလှကုန်များစွာရှိ နေပြီဖြစ်လို့ ရွေး ချယ်စရာများစွာရှိပါတယ်။ ၈။ ညတိုင်းမျက်နှာသစ်အိပ်ပါ မိတ်ကပ်လူးရင် မိတ်ကပ်ဖျက်ပြီးမှအိပ်သင့်သလို သနပ်ခါးလူးရင်လည်း မျက်နှာသစ်ပြီးမှပဲအိပ်သင့်ပါတယ်။ မဟုတ်ရင် ဝက်ခြံပေါက်တတ်သလို သင့်ခေါင်းအုံးတွေကိုလည်း ညစ်ပေစေနိုင်ပါတယ်။ ၉။ မဝယ်မီ မိတ်ကပ်ကိုစမ်းပါ မိတ်ကပ်ကို စမ်းသပ်လိမ်းလို့ရတဲ့ Tester ရှိတဲ့ဆိုင်တွေမှာ ဝယ်တာက ပိုအဆင်ပြေပါတယ်။ ဝယ်ပြီးမှအဆင်မပြေရင် နှမြောစရာကောင်းပါတယ်။ မလိမ်းဖူးတဲ့ မိတ်ကပ်ကိုအလောတကြီးဝယ်ဖို့မလိုသလို ကုန်ဆုံးရက်ကို ကြည့်ဖို့လည်း မမေ့ပါနဲ့။ ၁ဝ။အသားအရေကို ကာကွယ်ပါအရိပ်ထဲမှာနေသူတွေအတွက် ရေဓာတ်ကို ထိန်းပေးတဲ့ Lotionအမျိုးအစားမြောက်မြားစွာရှိပါတယ်။ နေပူထဲကိုသွားရင်တော့ Sun screen ဒါမှမဟုတ် UV ကာကွယ်ေ ပးနိုင်တဲ့ Lotin တွေရှိပါတယ်။အရေပြားရဲ့နုပျိုမှုကိုထိန်းပြီး ရင့်ရော်မှုကိုကာကွယ်ဖို့ကတော့ နေနဲ့လေကို တိုက်ရိုက်မထိအောင် Sunscreen များ၊ Lotion များနဲ့ ကာကွယ်ထားခြင်းကအကောင်းဆုံးပါပဲ။ ရက်စွဲမလွန်၊ စေးကပ်မှုမရှိတဲ့အမျိုးအစားကိုရွေးချယ်ပါ။ စတိုင်အတွက်မဟုတ်ဘဲအန္တရာယ်ရှိတဲ့နေရောင်ကို ကာကွယ်ဖို့ မျက်လုံးအတွက်ကတော့ UV ရောင်ခြည်တွေအမှန်တကယ်ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်သုံးပါ။ ထီး၊ ဦးထုပ်စတဲ့လိုအပ်တဲ့အသုံးအဆောင်များကိုလည်းသုံးပါ။ Ref: မာဦး ရတီကျန်းမာရေး သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။