ခရီးသွားတဲ့အခါအလှမပျက်စေဖို့ ဆောင်ထားသင့်တဲ့အလှကုန်ပစ္စည်းများ
myanmaplatform.com
|
2019-01-11



အလှအပကြိုက်တဲ့ ပျိုမေတွေအနေနဲ့ ခုလိုခရီးသွားရာသီမှာ ခရီးသွားလာဖို့ ခရီးဆောင်အိတ်ကို ကြိုတင်ပြင်ဆင်ထားတဲ့အခါမှာ မမေ့မလျော့ ယူဆောင်သွားသင့်တဲ့အလှကုန်ပစ္စည်းများကို ဖော်ပြပေးချင်ပါတယ်။ ဟိုတယ်မှာ တည်းခိုတာပဲဖြစ်ဖြစ်၊ ကိုယ်နဲ့မကွာ ဆောင်ထားသင့်တဲ့အလှကုန်ပစ္စည်းတွေကတော့ ရှိထားသင့်ပါတယ်။ ဒီလိုမဟုတ်ရင် ခရီးသွားပြီးပြန်အလာမှာအသားအရေပျက်စီးနေတာမျိုး၊ ပြန်ပြီး Treatment ပြုလုပ်နေရတာမျိုးဆိုရင်အချိန်ကုန် လူပင်ပန်း ရပါလိမ့်မယ်။ ဒါ့ကြောင့်မို့လို့ ခရီးသွားတော့မယ်ဆိုရင်အခုဖော်ပြပေးမယ့်အလှကုန်ပစ္စည်း၊အသုံးအဆောင်ပစ္စည်းတွေကို သယ်သွားဖို့ မမေ့ပါနဲ့နော်။


(၁) Moisturizing cream (အစိုဓာတ်ထိန်းခရင်မ်)







ခြောက်သွေ့တဲ့ဒေသ၊အအေးပိုင်းဒေသတွေကို သွားတဲ့အခါမှာ မဖြစ်မနေယူသွားသင့်တဲ့အရာပါ။အသားအရေခြောက်သွေ့ခြင်းကလည်းအလှပျက်စေပြီးတော့ ခရီးသွားတဲ့အခါမှာ စိတ်ကသိကအောက် ဖြစ်ရပါတယ်။ ဒါ့ကြောင့်အစိုဓာတ်ထိန်းခရင်မ်ကိုလည်း မဖြစ်မနေ ယူဆောင်သွားသင့်တယ်လို့အကြံပြုပါရစေ။


(၂) မျက်နှာသစ်ဆပ်ပြာ

အသားအရေပျက်စီးခြင်းရှိ၊ မရှိဆိုတာက ကိုယ်နေ့စဉ်အသုံးပြုနေတဲ့ မျက်နှာသစ်ဆပ်ပြာအမျိုးအစားပေါ် မူတည်ပါတယ်။ ကိုယ့်ရဲ့အသားအရေနဲ့ ကိုက်ညီမှုရှိတဲ့ မျက်နှာသစ်ဆပ်ပြာကို သေချာရွေးချယ်အသုံးပြုတတ်ဖို့လည်း လိုပါတယ်။ ဒါ့အပြင် ခရီးသွားတဲ့အခါမှာလည်း နေ့စဉ်အသုံးပြုနေကျ မျက်နှာသစ်ဆပ်ပြာကိုပဲ ယူသွားဖို့အကြံပြုပါရစေ။


(၃) ခေါင်းလျှော်ရည်







အသားအရေလှပဖို့အတွက်ပဲ ကြိုးပမ်းမနေပါနဲ့။ ဆံကေသာအလှကိုလည်း မေ့ထားလို့မရပါဘူး။ ကိုယ့်ရဲ့ဆံပင်ကအဆီပြန်တာလား၊ ခြောက်သွေ့တာလား၊အရောင်ဆိုးထားတဲ့ ဆံပင်လား၊ ပျက်စီးနေတဲ့ ဆံသားလားဆိုတဲ့အပေါ် မူတည်ပြီး သင့်တော်မယ့် ခေါင်းလျှော်ရည်ကို ရွေးချယ်ပြီး ခရီးသွားတဲ့အခါမှာလည်း ယူဆောင်သွားဖို့ မမေ့ပါနဲ့နော်။


(၄) Hand Gel

ခရီးသွားချိန်မှမဟုတ်ပါဘူး။အပြင်သွားတဲ့အခါတိုင်း ကိုယ်နဲ့မကွာဆောင်ထားသင့်တဲ့အသုံးအဆောင်ပစ္စည်းတစ်မျိုးပါပဲ။ လက်မှာကပ်ငြိနေတဲ့ ဘတ်တီးရီးယားပိုးမွှားများကအစားအသောက်ထဲ ဝင်ရောက်သွားရင် ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းနဲ့အခြားကျန်းမာရေး ဆိုင်ရာ ပြဿနာများ ကြုံတွေ့ရတတ်တဲ့အတွက် ခရီးသွားတဲ့အခါမှာ စိတ်အနှောင့်အယှက်ဖြစ်ရတတ်ပါတယ်။ ဒါ့ကြောင့် hand gel ကိုနေရာတိုင်း ကိုယ်နဲ့မကွာသယ်ဆောင်သွားဖို့ မမေ့ပါနဲ့။


(၅) မျက်ခုံးဆွဲတံ







မျက်နှာတစ်ပြင်လုံးမှာ မျက်ခုံးအလှက ပိုပြီးအရေးကြီးတယ်လို့ မထင်ဘူးလား။ မိတ်ကပ်ပြင်ဆင် ခြယ်သတဲ့အခါမှာ ပရော်ဖက်ရှင်နယ်ဆန်ဆန် မပြင်တတ်ရင်တောင်မှ မျက်ခုံးမွှေးကို လှလှလေးပုံဖော်တတ်ရင်ပဲ လုံလောက်နေပါပြီ။ ခရီးသွားတဲ့အခါမှာလည်း သယ်ရလွယ်ကူပြီး ဘယ်နေရာရောက်ရောက်အလွယ်တကူထုတ်ဆွဲနိုင်တဲ့ မျက်ခုံးဆွဲတံတစ်ချောင်းလောက် ဝယ်ထားလိုက်ပါတော့။


(၆) နှုတ်ခမ်းနီ

နှုတ်ခမ်းနီကိုလည်း နှစ်ရောင်လောက် ယူသွားရင်ရပါပြီ။ ပန်းရောင်နဲ့ ကိုယ်နဲ့လိုက်ဖက်မယ့်၊ ကိုယ်ကြိုက်တဲ့အရောင်တစ်ရောင်ကို ဆောင်ထားပါ။ မိတ်ကပ်ပြင်ဆင်ခြယ်သတဲ့အခါမှာ နှုတ်ခမ်းနီတစ်ချောင်းရှိရုံနဲ့အလုပ်ဖြစ်တယ်ဆိုတာ သင်သိပါသလား။ ပန်းရောင်နှုတ်ခမ်းနီ၊ ဒါမှမဟုတ်အနီရောင်နှုတ်ခမ်းနီကိုအိုင်းရှဲဒိုးအတွက်ရော၊ ပါးနီအတွက်ရောအသုံးပြုနိုင်ပါတယ်။ ဒီတော့ ပါးနီ၊အိုင်းရှဲဒိုးဘူးတွေကို ယူသွားစရာမလိုတော့ဘဲ နှုတ်ခမ်းနီတစ်ချောင်းရှိရုံနဲ့ ပြီးပြည့်စုံသွားပါပြီ။


(၇) Foundation နဲ့ ပေါင်ဒါ







မိန်းကလေးတွေအများစုကတော့ မိတ်ကပ်လိမ်းပြီဆိုတာနဲ့အလှကုန်ပစ္စည်းအစုံအလင်နဲ့ သေချာပြင်ဆင်ရတာကို ဝါသနာပါကြပါတယ်။ ဒါပေမယ့် ခုက ခရီးသွားမှာဆိုတော့အလှပြင်ချိန်ကို သီးသန့်ကြီးအချိန်ပေးတာမျိုးတော့ မလုပ်ပါနဲ့။ ဖောင်ဒေးရှင်းလိမ်းပြီး ပေါင်ဒါလေးပုတ်လိုက်ရုံနဲ့ လုံလောက်ပါပြီ။ ဒီလိုအချိန်မှာ Eyecream၊ concealer တွေကို ခဏမေ့ထားလိုက်ပါ။




Some text some message..