![]()
ဝက်ခြံပုန်းတွေကိုအိမ်မှာအလွယ်တကူ ကုသနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။အန္တရာယ်လည်းကင်းပြီး ပြုလုပ်ရလည်း လွယ်ကူစေမယ့် နည်းလမ်းတွေ ဖြစ်တာကြောင့်ဖော်ပြပေးပါတယ်။ သင့်အတွက် လွယ်ကူမယ့်နည်းလမ်းကို ရွေးချယ်လုပ်ဆောင်ကြည့်ပါ။ ပျားရည်နှင့်နွားနို့ပျားရည်မှာ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်တဲ့ သဘာဝအာနိသင်တွေ ပါဝင်ပါတယ်။အရေပြားကို ပျော့ပျောင်းနူးညံ့စေပြီး နို့က ရေဓာတ်ကို ရရှိစေတာကြောင့်နှစ်မျိုးပေါင်းလိုက်ရင်အကောင်းဆုံးအာနိသင်ကို ရရှိစေမှာပဲဖြစ်ပါတယ်။ လိုအပ်တာကပျားရာ်တစ်ဇွန်း၊ နို့တစ်ဇွန်းနဲ့ ဂွမ်းဖတ်လေးအနည်းငယ် လိုအပ်ပါတယ်။ ပြုလုပ်နည်းပျားရည်နဲ့ နို့ကိုရောပြီး ၁၀ စက္ကန့်အပူပေးပါ။ သငါခံနိုင်တဲ့အပူချိန်လောက်ထိ ခဏအအေးခံထားပြီး မျက်နှာတစ်ပြင်လုံးကို လိမ်းပေးပါ။ ဂွမ်းစကိုအရည်ထဲစိမ်လိုက်ပြီးပြန်ဆယ်ယူလိုက်ကာ ဝက်ခြံတွေပေါ်မှာ ဖုံးအုပ်ထားလိုက်ပါ။ မိနစ်၂၀ လောက်ထားပြီးမှဖယ်ရှားကာ မျက်နှာသစ်လိုက်ပါ။ ကြက်ဥအကာအရေပြားအတွက်အာဟာရတွေပါဝင်တဲ့ ကြက်ဥဟာအရေပြားခြောက်သွေ့တာနဲ့ ဝက်ခြံပုန်းတွေကို သက်သာစေတဲ့အာနိသင်ရှိပါတယ်။ ပြုလုပ်နည်းကြက်ဥကို ပန်းကန်လုံးထဲ ခွဲထည့်လိုက်ပြီးအနှစ်ကို သီးသန့်ဖယ်ထားလိုက်ပါ။အကာကို မျက်နှာပေါ်မှာ သုတ်လိမ်းပြီး၊အပေါ်ကနေ တစ်သျှူးကို ကပ်လိုက်ပါ။ တစ်သျှူးစပေါ်မှာ ကျန်သေးတဲ့အကာတွေကို ထပ်သုတ်လိမ်းပါ။ လက်ချောင်းတွေနဲ့ မျက်နှာပေါ်မှာ သေချာကပ်အောင် ပွတ်သပ်ပေးပါ။ မျက်နှာပေါ်က တစ်သျှူးစခြောက်သွားချိန်မှ ခွာလိုက်ပြီး ရေဆေးလိုက်ပါ။ သံပရာသီးအရေပြားပေါ်က ချွေးပေါက်တွေကို ပွင့်စေပြီး၊အသားအရေလှပဖို့ လိုအပ်တဲ့ ဗီတာမင်စီလည်း ပါဝင် တာကြောင့် သံပရာသီးဟာအသုံးဝင်တဲ့ ပစ္စည်းတစ်မျိုးပါပဲ။ လိုအပ်တာကသံပရာသီးတစ်လုံး၊ ဂွမ်းဖတ်နှင့် ပုလင်းအသေးတစ်လုံး လိုပါတယ်။ ပြုလုပ်နည်းသံပရာသီးတစ်လုံးကိုအရည်ညှစ်ပြီး ဝက်ခြံပုန်းတွေပေါ်မှာ မိနစ် ၂၀အတွင်းလေး၊ ငါးကြိမ်လောက် ပွတ်လိမ်းပေးပါ။ ပုလင်းထဲကို ကြက်သီးနွေးရည်ထည့်ပြီး မျက်နှာပေါ်မှာ လိမ်းကာ နှိပ်နယ်သလို ပြုလုပ်ပေး ပါ။ သံပရာရည် သောက်တာကလည်း တူညီတဲ့အကျိုးကို ရရှိစေပါတယ်။ ချွေးထုတ်ခြင်းမျက်နှာအဆိပ်ထုတ်တယ်လို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ နည်းလမ်းတစ်ခုပါ။ မျက်နှာပေါ်ကအညစ်အကြေးတွေကို သန့်စင်စေပြီး ချွေးပေါက်တွေ ပွင့်စေပါတယ်။ လိုအပ်တာကအိုးတစ်လုံး၊ ရေနဲ့ ပဝါပါးပါးတစ်ထည် လိုအပ်ပါတယ်။ ပြုလုပ်နည်းဆူပွတ်နေသော ရေကိုအိုးထဲထည့်တည်ထာပြီး၊ မီးငြိမ်လိုက်ပါ။အငွေ့ထွက်နေတဲ့အိုးပေါ်က ပဝါပါး ကိုအုပ်လိုက်ပြီး ပဝါပေါ်က ထွက်လာတဲ့အငွေ့ကို မျက်နှာက ပေါင်းခံပါ။ ပေါင်းခံ မလုပ်ခင် မျက်နှာအရင် သစ်ထားလိုက်ပါ။ သကြားသုံးပါမျက်နှာပေါ်မှာ သွေးလည်ပတ်မှု ကောင်းစေပြီးအရေပြား ခြောက်သွေ့မှုကင်းစင်ကာအရေပြားအတွက် လိုအပ်တဲ့အောက်ဆီဂျင်ကို ရရှိစေပါတယ်။ လိုအပ်တာကသကြားတစ်ဇွန်းနဲ့ သံလွင်ဆီလေးဇွန်း လိုအပ်ပါတယ်။ ပြုလုပ်နည်းသင့်လက်ချောင်းထိပ်ကို သံလွင်ဆီအနည်းငယ်တို့လိုက်ပြီး နှိပ်နယ်ပေးပါ။ ကျန်တဲ့ဆီကို သကြား တစ်ဇွန်းနဲ့ ရောလိုက်ပါ။ မျက်နှာပေါ်မှာ ခပ်ဖွဖွလိမ်းပေးပါ။ ဝက်ခြံပုန်းနေရာတွေကို ပွတ်သပ်နှိပ်နယ်ပေးပါ။ ၁၀ မိနစ်လောက် နှိပ်နယ်ပေးပြီးရေနွေးနွေးနဲ့ မျက်နှာသစ်လိုက်ပါ။ Ref: လမင်းလေးသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။