![]()
လှတဲ့သူတော်တော်များများ ဆားဝက်ခြံပြဿနာနဲ့ မကင်းကြပါဘူး…အက်လဲ့
ဆားဝက်ခြံဆိုတာ လုံးဝအရှင်းပျောက်တဲ့ ကိစ္စမဟုတ်ပါဘူး။ ဆားဝက်ခြံရဲ့အဓိက ပြဿနာကလည်း မျက်နှာကို သန့်ရှင်းစင်ကြယ်မှုအားနည်းလို့ပါပဲ။အဆီတွေ ဖုန်တွေနဲ့ စုသွားရာမှ ဆားဝက်ခြံ၊ ဝက်ခြံတွေ ဖြစ်လာရတာပါ။ မျက်နှာကို Facial Scrub တွေ ပုံမှန်လေးလုပ်ပေးမယ်ဆိုရင် ဆားဝက်ခြံ ပြဿနာမှာ ကင်းဝေးမှာအသေအချာပါပဲ။
အဲ့ဒိအတွက်တော့အစွမ်းထက်ဆုံး လက်နက် ၂မျိုးရှိပါတယ်။အုန်းဆီ နဲ့ Baking Soda ပါ။ သူတို့နှစ်မျိုးလုံးကအရေပြားအတွက်အထောက်အကူအများကြီးပေးတဲ့ ပစ္စည်းတွေဆိုရင်လည်း မမှားပါဘူး။ ဒီပစ္စည်း ၂မျိုးကိုသုံးပြီး မျက်နှာကို ပုံမှန် scrub လုပ်မယ်ဆိုရင် သင့်မျက်နှာပေါ်က၊ နှာခေါင်းပေါ်က ဆားဝက်ခြံတွေ တဖြေးဖြေးပါးလာပြီး လုံးဝ ထပ်ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။
အရင်ဦးဆုံးအုန်းဆီကို သင့်တင့်တဲ့အပူပေးပြီး နွေးသွားအောင်လုပ်ပါ။ ထို့နောက် Baking Soda ရောပြီး ခပ်ပျစ်ပျစ်အနေအထားလောက်ဆို ဆားဝက်ခြံရှိတဲ့ နေရာတွေကို ဖြေးညှင်းစွာ ပွတ်ပေးပါ။ ၁၅ မိနစ် ၊ မိနစ် ၂၀ခန့်လောက် ပွတ်ပြီးလျှင် မျက်နှာသစ်ချလိုက်ပါ။ ဒီနည်းလမ်းလေးကို တစ်ပါတ် ၂ကြိမ် ပုံမှန်လုပ်ပေးခြင်းဖြင့် ဆားဝက်ခြံတွေ လျော့ပါးသွားအောင် ပြုလုပ်နိုင်ပါလိ့မ်မယ်။
CHAN (ရွှေအင်းလေး)