၀က်ခြံမပေါက်အောင်ကာကွယ်ဖို့
healthcare.com.mm
|
2018-10-10

ဝက်ခြံဆိုတာအဖြစ်အများဆုံးအရေပြားပြဿနာ တစ်ခုဖြစ်ပါသည်။ မျက်နှာမှာအများဆုံးပေါက် ကြတာပါ။ မျက်နှာပြင် ရင်ဘတ်၊ လည်ပင်း၊ ကျောနဲ့ လက်မောင်းလိုနေရာမျိုးမှာလည်း ဖြစ်ပွားတတ်ပါသေး တယ်။ သိပ်ဆိုးရွားရင် ကိုယ်ခန္ဓာတစ်လုံးပေါက်တဲ့ သူလည်းရှိပါတယ်။ ဝက်ခြံဟာ စိတ်ဒုက္ခပေးတဲ့ ပြဿသနာတစ်ခုဆိုလည်းမမှားပါဘူး။ မျက်နှာမှာအဖုမျိုးစုံပေါက်နေတာ၊အမာရွက်တွေ ကျန်တာတွေကြောင့် ကုရင်လည်း လနှင့်ချီအချိန်ပေးရပါတယ်။ ဒါကြောင့် ဝက်ခြံမထွက်အောင် ကာကွယ်ဖို့ နည်းလမ်းတွေအကြောင်း ရေးသားဖော်ပြသွားမှာပါ။ ၁။ မျက်နှာကို သန့်ရှင်းအောင်ထားပါ။သင့်မှာ ဝက်ခြံရှိရှိ၊ မရှိရှိအညစ်အကြေးတွေကို ဖယ်ရှားသန့်စင်ဖို့နေ့စဉ်မျက်နှာကို ဆေးကြောသန့် ရှင်းပေးရမှာပါ။ သန့်ရှင်းပေးတဲ့အတွက်အညစ်အကြေးတွေမကဘဲအရေပြား၊ ဆဲလ်အဟောင်းတွေ၊အဆီ တွေ၊ ကြေးတွေအားလုံး၊ လျော့နည်းသန့်စင်သွားတာပါ။ ရေပူမသုံးပါနဲ့။ ကြက်သီးနွေးရေ သို့မဟုတ် ရိုးရိုးရေ ကိုသုံးပါ။ ဆပ်ပြာ သို့မဟုတ် Clanser ပျော့ပျော့သုံးပါ။ ဆပ်ပြာပြင်းပြင်း၊အနှံ့ပြင်းပြင်းဆပ်ပြာသုံးရင် နဂို ရောင်ရမ်းနေတဲ့ မျက်နှာအသားအရေ ပိုဆိုးပြီး တုံပြန်မှု ပိုများပြီး နေရခက်တတ်တယ်။ မျက်နှာပြောင်စင်အောင် ကြေးတွန်းဖတ်၊ လက်အိတ်၊အဝတ်ကြမ်းကြမ်းတွေနဲ့ ပွတ်တိုက်တာ လုံး၀ ရှောင်ကြဉ်ပါ။ လက်သန့်သန့်နှင့်အသာအယာ ဖွဖွဆေးပေးပါ။ ရေများများ ဆေးကြောပေးပြီး သန့်ရှင်းတဲ့ ပဝါနဲ့ ဖွဖွဖိသုတ်ပေးပါ။ ပွတ်မသုတ်ပါနဲ့။ ၂။ ရေစိုဓာတ်ထိန်းခရင် လိမ်းပေးပါ။ဝက်ခြံလိမ်းဆေးအများစုမှာအသားခြောက်စေတတ်တာတွေပါတယ်။ ဝက်ခြံဆေးလိမ်းနေတယ်ဆိုရင်အရေပြားကွာတာနဲ့အသားခြောက်တာ ကာကွယ်ဖို့ ရေစိုဓာတ်ထိန်းခရင် (Moisturizer) ကောင်းကောင်းအမြဲလိမ်းပေးပါ။အဆီပြန်တဲ့ မျက်နှာအတွက် ဂျဲလ် (Gel) က ကောင်းတယ်။ ခြောက်တဲ့မျက်နှာအတွက် ခရင် သို့မဟုတ် လိုးရင်းသုံးပါ။ပေါင်းစပ်အသားအရေ မျက်နှာမျိုးကျတော့ နှစ်မျိုးပေါင်းလိမ်းရတယ်။အဆီပြန်တဲ့အပိုင်းကိုရေစိုဓာတ်ထိန်းဂျဲလ်၊ ခြောက်တဲ့အပိုင်းကို ခရင် သို့မဟုတ် လိုးရှင်းလိမ်းပါ။မျက်နှာဆေးကြော ပြီးပြီးချင်း လိမ်းတာကောင်းတယ်။ ၃။ ဝက်ခြံဆေးတွေကို ဒီလိုလိမ်းပါ။ဝက်ခြံလိမ်းဆေးတွေမှာ ပိုးသတ်ဆေး၊ ဘင်ဇွိုင်ပါအောက်ဆိုက်၊ ဆယ်လီစလစ်အက်စစ်တာမျိုးတွေ ပါတတ်တယ်။အရေပြားခြောက်ပြီး ကွာတတ်တယ်။ ဒါကြောင့်အစပိုင်းမှာ ဆေးနည်းနည်းနဲ့ပဲစလိမ်းပါ။ ခံနိုင်ရင် နည်းနည်းချင်း ဆေးပမာတိုးလိမ်းပါ။ ထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင်တွေကတော့ ပိုသတိထားရမှာဖြစ်ပါတယ်။လိမ်းဆေးတွေကအဖတ်ကွာရုံသာမကဘဲအသားအရေနီရဲတာ၊ ခြောက်ပြီးနေရခက်တာ မျိုးတွေလည်း ဖြစ်တတ်လို့ပါ။ ၄။ မိတ်ကပ်လျှော့လိမ်းပါ။ဝက်ခြံထွက်နေတုန်းမှာ မိတ်ကပ်ရော၊ ဖောင်ဒေးရှင်းပါ ရှောင်ထားနိုင်ရင် ပိုကောင်းတယ်။ မဖြစ်မနေ လိမ်းရမယ်ဆိုရင် လျှော့လိမ်းပါ။အဆီမပါတဲ့ Oil-Free ပစ္စည်းတွေသုံးပါ။ မိတ်ကပ်ခရင်ထက်စာရင် မိတ်ကပ်အရည်မျိုးသုံးပါ။အပြင်အလုပ်စတာတွေက ပြန်လာတိုင်း မိတ်ကပ်ဖျက်ဆေးနဲ့အမြဲပြန်လည် ဆေးကြောပေး ပါ။ ၅။ ဆံပင်အလှကုန်ကိုလည်း သတိပြုပါ။ဆံပင်မှာ ပင်ကိုအဆီရှိတယ်။ မျက်နှာအသားအရေနဲ့ ပွတ်မိရင် ဝက်ခြံပိုဆိုးတတ်တယ်။ ဝက်ခြံ မထွက်အောင် ဆံပင်အလှကုန်တွေကိုလည်း သတိထားအသုံးပြုရမှာဖြစ်ပါတယ်။ ဆံပင်ကို လိမ်းတာတွေမှာအဆီပါတာရှောင်ပါ။အနံ့ပြင်းပြင်း၊ ဓာတုပစ္စည်းပြင်းပြင်းပါတာတွေကို လည်းရှောင်ပါ။ ဒါတွေက မျက်နှာအထိ စီးကျလာပြီး ချွေးပေါက်ပိတ်တတ်တယ်။ ဝက်ခြံပိုဆိုးတတ်တယ်။ မျက်နှာအသားအရေတုံ့ပြန်မှု ပိုဆိုးတတ်ပါ တယ်။ ခေါင်းလျှော်ရည်ပျော့ပျော့၊ ကွန်ဒီရှင်နာပျော့ပျော့သုံးပါ။ ဝက်ခြံထွက်နေတုန်းမှာအကြိမ်များများ ခေါင်း လျှော်ပါ။ ဒါမှ ဆံပင်ခြောက်နေမှာပါ။ မျက်နှာ၊ နဖူး၊ နားသယ်အစပ်နေရာတွေကို ဆံပင်ဖုံးတာ၊ ပွတ်တိုက်တာ မဖြစ်အောင် ဆံပင်ကို စည်းထားပေးပါ။ လိုအပ်ရင် ဘီးကုပ်သုံးပါ။ ၆။ မျက်နှာကို လက်နဲ့မကိုင်ပါနဲ့ဝက်ခြံရှိရင် မနေတတ်ကြဘူး။ လက်နဲ့ တစ်ချိန်လုံးကိုင်မိ၊ စမ်းမိနေတတ်ကြတယ်။ မနေနိုင်လျှင် ညှစ်မိတတ်တယ်။ တချို့ဆို ကိုယ့်မျက်နှာက ဝက်ခြံအဖုတွေကို ညှစ်လို့အားမရလို့ သူများမျက်နှာကအဖုတွေ ကိုလည်း လိုက်ညှစ်တတ်ကြသေးတယ်။ဝက်ခြံမထွက်ချင်ရင် မျက်နှာကို လက်နဲ့မကိုင်ပါနဲ့၊ မညှစ်ရ။ မပွတ်ရ၊ မထိရ၊ မကလိရပါဘူး။ လက်ကို ငြိမ်ငြိမ်ထားပါ။ လက်ဆိုတာ နေရာအနှံ လျှောက်ကိုင်တွယ်နတာမို့ မသန့်တာတွေ၊ ဗက်တီးရီးယားပိုးတွေအမြဲရှိတယ်။ ရှိပြီးသားသက်ခြံရောင်ရမ်းစေတယ်၊ ပိုးကူးစက်စေတယ်၊ ပြည်တည်တာ ဖြစ်စေတယ်။အမာ ရွက်ပို ဆိုးစေပါတယ်။ ၇။ နေရောင်ခြည် တက်နိုင်သမျှ ရှောင်ပါ။နေရောင်ခြည်မှာ ခရမ်းလွန်ရောင်ခြည်ပါတယ်။ သူက နီရဲတာ၊ ရောင်ရမ်းတာ ပိုဆိုးစေတယ်။အဲဒါအပြင် တချို့ဝက်ခြံသောက်ဆေး၊ လိမ်းဆေးတွေဟာ နေရောင်ခြည်ကိုအသားအရေတုန့်ပြန်မှု ပိုဆိုးစေ တယ်။ မြန်မာပြည်ဟာ နေရောင်ခြည်ရရှိမှု မြင့်မားတဲ့အတွက် နေရောင်ကိုတတ်နိုင်သမျှ ရှောင်ဖို့အရေးကြီး တယ်။ ဝက်ခြံရှိရှိ မရှိရှိနေကာနံပတ် ၁၅အနည်းဆုံးပါတဲ့ နေကာလိမ်းဆေးလိမ်းပါ။အပြင်မထွက်ခင် ကြို လိမ်းပါ။အဆီမပါတဲ့ Oil-Free နေကာလိမ်းဆေးသုံးပါ။ ၈။အစားအစာဘယ်လိုစားသလဲ။အပူ၊အစပ်၊အငန်၊အဆီများတာ၊ ချောကလက်စတာတွေဟာ ဝက်ခြံနဲ့မဆိုုင်ဘူးလို့ ဆရာဝန်တွေက ပြောလိမ့်မယ်။ မှန်ပါတယ်။ ဝက်ခြံမှာအစားရှောင်ဖို့မလိုဘူး။ ဒါပေမဲ့အရေပြားဟာ ကိုယ်ခန္ဓာရဲ့အစိတ်အပိုင်းဖြစ်တာမို့ ကိုယ်ခန္ဓာအတွက် မကောင်းတဲ့အစားအစာတွေဟာအရေပြားအတွက်လည်း ကောင်းမှာ မဟုတ်ပါဘူး။ ဒါကြောင့်အဆီအငန်များတာနဲ့အမြန်စာ (Junk Food) တွေ ရှောင်ပါ။ လတ်ဆတ်တဲ့အသား ငါး၊ သစ်သီးဝလံ စတာတွေစားပါ။ ဗိုက်တာမင်အေ၊ ကယ်ရိုတင်းများတဲ့အစားအစာတွေဟာ ကိုယ်ခံအားမြင့် ပေးတဲ့အရေပြားအတွက် ပိုကောင်းတယ်။အရေပြားအတွက် ပိုကောင်းတယ်။ ဒါတွေက နီဝါစိမ်း ရောင်စုံသစ် သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ပါတယ်။ ၉။ ပြေးပါ။ပြေးပါ၊ လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်တာ ကိုယ်ခန္ဓာကျန်းမာရေးအတွက်ကောင်းတယ်ဆို တာ လူတိုင်းသိပြီးသား။အရေပြား ကျန်းမာရေးအတွက်လည်း ပါတာပေါ့။အရေပြားသွေးလည့်ပတ်မှု ကောင်း မယ်၊အသားအရေစိုပြေမယ်။ ကိုယ်ခံအားကောင်းစေပါတယ်။ စိတ်ဖိစီးမှုလည်း လျော့တယ်။ လေ့ကျင့်ခန်း လုပ်နေချိန်မှာ မျက်နှာနှင့်နဖူးကို ပွတ်တိုက်နေစဉ်တတ်တဲ့ နဖူးစည်း၊ ဦးထုပ်၊ မျက်ကာမှန်၊ ခေါင်းဆောင်းစ တာတွေ မဝတ်ပါနဲ့။ ပါတ်တိုက်မှုကြောင့်အရေပြားတုံ့ပြန်မှု ပိုဆိုးတတ်တယ်၊ ပိုးဝင်တတ်တယ်။ ချွေးထွက် တာ ပိုများတတ်တယ်၊ ဝက်ခြံပိုဆိုးတတ်ပါ တယ်။ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ရေချိုးဖို့လည်း လိုပါတယ်။ ၁၀။ စိတ်ဖီစီးမှု လျှော့ချပေးပါ။ညသင်ရော၊ ကျွန်ုပ်ပါ ကိုယ်ခန္ဓာနဲ့ စိတ်ဟာ ဆက်စပ်နေတယ်။ ဟုတ်ပါတယ်။ စိတ်အခြေအနေဟာ ကိုယ်ခန္ဓာကျန်းမာရေးကိုအကျိုးသက်ရောက်မှုရှိတယ်။အရေပြားနဲ့ လုပ်ငန်းတာဝန်တွေလည်း ပါတာပေါ့။ လေ့လာမှုအရ စိတ်ဖီစီးမှုများရင် ဝက်ခြံပိုဆိုးတတ်တယ်လို့ တွေ့ရှိထားတယ်။ ဒါကြောင့် စိတ်ဖီစီးမှုလျှော့ချ ပေးပါ။ စိတ်ဖီစီးမှုလျော့ချနည်းတွေကို လေ့လာဆောင်ရွက်ပါ။ သတိထားမိရင် ဖီစီးမှုကို လျော့ချနိုင်မယ်၊ ဝက်ခြံ သက်သာစေမယ်။ နိဂုံးဝက်ခြံဆိုတာ ဆယ်ကျော်သက်ဘဝ၊ လူငယ်ဘဝမှာအများဆုံး ဖြစ်ပွားလေ့ရှိတာပါ။ ဒါကြောင့်အထက်ပါအချက်တွေကို နေ့စဉ်မှန်မှန် လိုက်နာဆောင်ရွက်ရင် ဝက်ခြံထွက်တာအနည်းနဲ့အများ ကာကွယ် နိုင်မှာပါ။ ဒီထက် ဝက်ခြံပိုဆိုးရင် ကြာရှည်ရင်တော့ တတ်ကျွမ်းသူနဲ့ ပြသကုသဆောင်ရွက် ပေးသင့်ပါတယ်။ Ref: ဒေါက်တာစိုးဝင်းဦးသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..